ကမ္ဘာ့အသက်အငယ်ဆုံး အမျိုးသမီးဝန်ကြီးချုပ်အကြောင်း သင်မသိသေးတဲ့ အချက်များ

[email protected]

ဝန်ကြီးချုပ်ဆိုတာ များသောအားဖြင့် အမျိုးသားတွေများသလို အသက် ၅၀ ကျော်မှ ဝန်ကြီးချုပ်ဖြစ်ကြတာချည်းပါပဲ။ ဒါပေမယ့် Finland နိုင်ငံရဲ့ အမျိုးသမီးဝန်ကြီးချုပ်ကတော့ အဲဒီအချက်နှစ်ချက်လုံးနဲ့ ကွဲတဲ့အပြင် ကမ္ဘာ့အသက်အငယ်ဆုံး ဝန်ကြီးချုပ်အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ သူမကတော့ အသက် ၃၄ နှစ်သာရှိသေးတဲ့ Sanna Marin လို့ အမည်ရတဲ့ အမျိုးသမီးလေးပဲ ဖြစ်ပါတယ်။

Marin ကိုတော့ တော်တော်များများ သိကြပြီးဖြစ်မှာပါ။ မျက်နှာလေးကလည်း လှပြီး ကျက်သရေရှိ၊ ထက်မြက်ပြီး အလုပ်လုပ်တာ တိကျတဲ့ အမျိုးသမီး ဝန်ကြီးချုပ်တစ်ယောက်အဖြစ်လည်း နာမည်ကြီးလှပါတယ်။ ဒါ့ကြောင့် Marin နဲ့ ပတ်သတ်ပြီး လူတော်တော်များများ မသိသေးတဲ့ အချက်အလက်တွေကို Shwemom ပရိသတ်ကြီးသိအောင် SCMP သတင်းဌာနရဲ့ ဖော်ပြချက်တစ်ချို့ကို မှီငြမ်းပြီး ဘာသာပြန်တင်ဆက်ပေးလိုက်ရပါတယ်။

၁။ COVID 19 ဖြစ်နေတဲ့ ကာလမတိုင်မီမှ Finland ဝန်ကြီးချုပ်ဖြစ်လာခဲ့တဲ့ Marin အတွက်ကတော့ COVID 19 ဟာ သူမအတွက် စိန်ခေါ်စရာ ကိစ္စတစ်ခုဖြစ်ခဲ့ပါတယ်။ လူတော်တော်များများကလည်း ဒီ COVID 19 ကာလမှာ Marin တစ်ယောက် တောင့်ခံနိုင်ပါ့မလားဆိုပြီး စိုးရိမ်ခဲ့ကြပါတယ်။ Marin ဟာ COVID 19 ကပ်ရောဂါပိုးတွေ့တွေ့ချင်း နိုင်ငံအတွင်းရှိ စာသင်ကျောင်းတွေ၊ ပြတိုက်တွေ၊ အများပြည်သူ စုဝေးရာနေရာတွေကို ချက်ချင်း ပတ်ပစ်ခဲ့သလို နယ်စပ်ဂိတ်တွေကိုလည်း ချက်ချင်း ပိတ်ပစ်လိုက်ပါတယ်။ ဒါ့အပြင် နိုင်ငံစီးပွားရေး လည်ပတ်အောင် နိုင်ငံပိုင်ဘဏ်ထဲမှ အမေရိကန်ဒေါ်လာ ၁၇ ဘီလီယံကို ထုတ်ခဲ့ပြီး တိုင်ပြည်စီးပွားရေးလည်ပတ်အောင် စီမံခန့်ခွဲနိုင်ခဲ့ပါတယ်။

၂။ COVID 19 ဖြစ်ပွားနေတဲ့ ကာလမှာလည်း နိုင်ငံသားတွေရဲ့ လိုအပ်ချက်တွေကို အမြဲတစေ စောင့်ကြည့်နေခဲ့သလို ပြည်သူတွေလိုအပ်ချက်အတွက်လည်း ဖြည့်စည်းပေးဖို့အတွက် အမြဲလုပ်ဆောင်ခဲ့ပါတယ်။ ဒါ့အပြင် ကလေးတွေအတွက် COVID 19 နဲ့ ပတ်သတ်တဲ့ အမေးအဖြေတွေ၊ ဟောပြောပွဲတွေမှာ သူကိုယ်တိုင် တက်တက်ကြွကြွ ပါဝင် ဆောင်ရွက်ခဲ့ပါတယ်။ ၀န်ကြီးချုပ် Marin ၊ ပညာရေးဝန်ကြီး Li Andersson ၊ သိပ္ပံနဲ့ ယဉ်ကျေးမှုဝန်ကြီး Hanna Kosonen တို့ ပါဝင်တဲ့  Live တီဗီအစီအစဉ်တစ်ခုကို ရိုက်ကူးခဲ့ပြီး ဖင်လန်နိုင်ငံမှာရှိတဲ့ ကလေးတွေဟာ Covid-19 နဲ့ ပတ်သတ်လို့ ဖင်လန်အစိုးရရဲ့ တာဝန်ရှိသူ(၃)ဦးကို သူတို့ စိတ်ကြိုက် မေးခွန်းတွေ မေးမြန်းခွင့် ပြုခဲ့ပါတယ်။ နောက်ဆုံးအဖြေကတော့ ရှင်းပါတယ်။ Finland နိုင်ငံဟာ ယခုအချိန်အထိ ကမ္ဘာပေါ်မှာ Covid-19 ဖြစ်ပွားမှုအနည်းဆုံးနဲ့ လူအသေအပျောက် အနည်းဆုံးနိုင်ငံတွေထဲမှာ ပါဝင်ခဲ့ပါတယ်။

၃။ Marin ပါဝင်ခဲ့တဲ့အချိန် Finland နိုင်ငံရဲ့ နိုင်ငံရေးကိစ္စတွေမှာ အမျိုးသမီးတွေ နေရာပိုရလာကြပါတယ်။ ညွန့်ပေါင်း အစိုးရ ဖွဲ့စည်းထားပေမယ့် အစိုးရ အဖွဲ့ဝင်တွေထဲမှာ Marin အပါအဝင် အခြားအမျိုးသမီး(၄)ဦး  တာဝန်ထမ်းဆောင်လျှက်ရှိပါတယ်။ အမျိုးသမီးတွေရဲ့ ခေါင်းဆောင်နိုင်မှုကို လူအများသိအောင် အခွင့်အလမ်းတွေ ပေးခဲ့သူဆိုပြီး Marin ကို ဖင်လန်ပြည်သူတွေက သတ်မှတ်ထားကြပါတယ်။

READ
ကျောင်းသားတွေရဲ့ အာရုံစူးစိုက်နိုင်စွမ်း တိုးတက်စေဖို့ နည်းသစ်ထွင်လိုက်တဲ့ တရုတ်

https://www.instagram.com/p/B-3-P-9jS6Z/

၎။ ပြီးတော့ Marin ဟာ ဒီလိုမျိုး ဝန်ကြီးချုပ်နေရာကို ရဖို့အတွက် အရာအားလုံးကို အောက်ခြေကနေပဲ စခဲ့ရတာပါ။ ဆယ်ကျော်သက် ဘ၀တုန်းက ကျောင်းတက်နေရင်းနဲ့ ကိတ်မုန့်ဆိုင်တစ်ခုမှာ မုန့်ဖုတ်သူအဖြစ် အချိန်ပိုင်း လုပ်ခဲ့ပါတယ်။ အသက် (၁၅) နှစ်အရွယ်မှာ အထက်တန်း အောင်မြင်ပြီးနောက် စတိုးဆိုင်တစ်ခု စာရင်းကို လုပ်ခဲ့ပါတယ်။ Marin ဟာ သူမရဲ့ မိသားစု မျိုးရိုးထဲမှာ တက္ကသိုလ် တက်ခွင့်ရတဲ့ ပထမဦးဆုံ မိသားစုဝင် ဖြစ်ပြီး Tampere တက္ကသိုလ်ကနေ အသုံးချ သိပ္ပံပညာရပ်နဲ့ ဘွဲရရှိခဲ့ပါတယ်။ အသက် (၂၀) အရွယ်တည်းက ဆိုရှယ်ဒီမိုကရက်တစ်ပါတီထဲ ၀င်ရောက်ခဲ့ပြီး နိုင်ငံရေးလောကထဲကို စတင်ခြေချခဲ့ပါတယ်။ အသက် (၂၇) နှစ်အရွယ်မှာတော့ Tampere မြို့ရဲ့ မြို့တော်ကောင်စီ ဥက္ကဌအဖြစ် ရွေးချယ်တင်မြှောက် ခံခဲ့ရပါတယ်။ အသက် (၃၀) အရွယ်မှာတော့ ဖင်လန်နိုင်ငံရဲ့ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင် ခဲ့ပါတယ်။

READ
သူခိုးကို လမ်းတွေပိတ်ပြီး တညီတညွတ်တည်းဝိုင်းဖမ်းခဲ့ကြတဲ့ ရပ်ကွက်သားများ

https://www.instagram.com/p/BmDYKNhn_zr/?utm_source=ig_embed

၅။ Marin ဟာ LGBT မိသားစုမှာ ကြီးပြင်းလာခဲ့ရတာပဲ ဖြစ်ပါတယ်။ Marin ရဲ့ အဖေဟာ အရက်သမားတစ်ယောက်ဖြစ်ပြီး Marin လူမှန်းမသိသေးတဲ့ အရွယ်မှာတည်းက ငွေရေးကြေးရေး ပြဿနာတွေကြောင့် မိခင်ဖြစ်သူနဲ့ ဖခင်ဖြစ်သူတို့ ကွာရှင်းခဲ့ပါတယ်။ Marin ဟာ မိခင်ဖြစ်သူနဲ့ မိခင်ရဲ့ အတူနေချစ်သူ အမျိုးသမီးတို့ရဲ့ စောင့်ရှောက်မှုတွေကြောင့်  ကြီးပြင်းလာခဲ့ရတာပါ။ Marin ဟာ အင်တာဗျူး အတော်များများမှာ သူမမိသားစုအကြောင်းမေးရင် သူမတို့ မိသားစုဟာ Rainbow Family ဖြစ်ကြောင်း အမြဲလိုလို ဖြေကြားလေ့ ရှိပါတယ်။

Pyi Hein Kyaw

SHARE