(၂၀၁၈) ခုနှစ်ရဲ့ အကောင်းဆုံးကားအဖြစ် သတ်မှတ်ခြင်း ခံနေရတဲ့ Ferrari 488 Pista

Ferrari ရဲ့ နောက်ဆုံးပေါ် မြန်နှုန်းမြင့် ကားသစ်တစ်စီးဟာ အခုဆို ကမ္ဘာနဲ့ အ၀ှမ်းမှာ တော်တော်လေး အသိအမှတ်ပြုခံနေရပါတယ်။ ဒီ V8 အထူးစီးရီး နောက်ဆုံးထုတ် 448 Pista ဟာ mid-engine ကားဖြစ်တယ်။  ဒီနှစ်အတွက် BBC က သတ်မှတ် ချီးမြှင့်တဲ့ “Supercar of the Year” ဆုကိုလည်း ရရှိသွားကြောင်း Marnello မြို့ရဲ့ နိုဝင်ဘာလ (၂၆) ရက်နေ့ထုတ် သတင်းတွေမှာ ဖော်ပြထားတာတွေ့ရပါတယ်။

BBC

Ferrari 488 ကို 458 နေရာမှာ အစားထိုးဖို့အတွက် (၂၀၁၅) ခုနှစ်မှာ စတင် မိတ်ဆက်ခဲ့တယ်။ ဒါ့အပြင် (၂၀၁၆) ခုနှစ်တုန်းက အကောင်းဆုံးကားဆု ရရှိခဲ့တဲ့ 488 GTB ကားကို နည်းပညာ ထပ်ဖြည့်ထားတဲ့ အမျိုးအစားဖြစ်တယ်လို့ သိရပါတယ်။

ဒီကားကို “Supercar of the Year” အဖြစ် သတ်မှတ်ခဲ့ကြတဲ့ BBC TopGear အယ်ဒီဒါတွေဆိုလည်း 448 pista ရဲ့ ညက်ညောတဲ့ ပေါ့ပါးတဲ့စွမ်းဆောင်ရည်နဲ့ ထိန်းချုပ်မှုပိုင်း စနစ်ကို အလွန်အမင်း သဘောကျခဲ့ကြတယ်လို့ သိရတယ်။

READ
ထူးပေးဆန်းပေ့ဆိုတဲ့ ကမ္ဘာတစ်လွှားက အလောင်းသင်္ဂြိုဟ်ခြင်း အလေ့အထများ (အပိုင်း-၂)
Car Magazine

Pista ဟာ နဂိုကတည်းက စွမ်းဆောင်ရည်မြင့်တဲ့ ဖိုးဝှီး mid-engine ကားအမျိုးအစားဖြစ်တယ်။ 448 Pista ကို ဒီနှစ်ထဲမှာမှ စတင်မိတ်ဆက်ခဲ့ပြီး အင်တာနေရှင်နယ်မှာ အခုလို ချီးကျူး ဂုဏ်ပြုခြင်းခံရတာ (၄) ကြိမ်မြောက်ဖြစ်တယ်လို့သိရပါတယ်။ အရောင် (၄) ရောင်နဲ့

Motor1
enzari

448 Pista ကို နှစ်အစောပိုင်း မတ်လက ကျင်းပခဲ့တဲ့ ဂျနီဗာ ကားပြပွဲမှာ စတင်မိတ်ဆက်ခဲ့တယ်။ ဇွန်လမှာတော့ Ferrari 488 Pista ရဲ့ (၃.၉) တာဗို နှစ်လုံးတပ် V8 အင်ဂျင်ဟာ ကမ္ဘာ့အကောင်းဆုံး အင်ဂျင်အဖြစ် ကြေညာခြင်းခံရပြီး (2018) International Engine of the Year Awards ကို ရရှိခဲ့ပါတယ်။  V8 ဟာ ထုတ်လုပ်ပြီး ကတည်းက ဆုရတာ ဒီနှစ်နဲ့ဆို (၃) နှစ်ဆက်တိုက်ရှိနေပါပြီ။

READ
ကမ္ဘာ့အထူးဆန်းဆုံး မမ်မီ (၄) လောင်းရဲ့ အကြောင်း
asphalte
autocar.uk
robbreport

ပြီးခဲ့တဲ့ အောက်တိုဘာ လမှာတော့ 448 Pista ဟာ Car Magazine ရဲ့ Sports Car of the Year (2018) အဖြစ်သတ်မှတ်ခံရပြန်ပြီး မကြာသေးခင်ကပဲ ဂျာမန် Automotive magazine ရဲ့ Sport Auto ကဏ္ဍမှာ ယူရို (၁၅၀,၀၀၀) အထက် တံခါး နှစ်ပေါက်ကားတွေထဲက ပရိတ်သတ်မဲပေးတဲ့ အကောင်းဆုံး ပြည့်ပက တင်သွင်းတဲ့ ကားဖြစ် သတ်မှတ်ခံထားရတယ်ဆိုတဲ့အကြောင်း မိတ်ဆက်ဖော်ပြပေးလိုက်ရပါတယ်။

Ref: BBC, The Ferrari 488 Pista

Matthew (ShweMOM)

 

SHARE