ပဲရစ်ရထားဘူတာတစ်ခုမှာ ဆိုးဆိုးရွားရွား မီးလောင်၊ လူအများအပြား ထိတ်လန့်ခဲ့ရ

Twitter/Préfecture de Police

ပြင်သစ်နိုင်ငံ၊ ပဲရစ်က ရထားဘူတာတစ်ခုမှာ ဆိုးဆိုးရွားရွား မီးလောင်မှုဖြစ်ခဲ့လို့ မီးသတ်သမားတွေ အတော်လေး အလုပ်ရှုပ်ခဲ့ရပါတယ်။ မီးလောင်ခဲ့တဲ့ဘူတာအမည်မှာ Gare de Lyon ဖြစ်ပါတယ်။ လူမှုကွန်ရက်မှာ ဘူတာမီးလောင်မှု ဗွီဒိယိုဖိုင်တွေဟာ ပျံ့နှံ့နေပြီး၊ သတင်းကို နားစွင့်နေကြပါတယ်။

မီးလောင်မှုဟာ အဲဒီအနီးအနားက လူထုဆန္ဒပြမှုနဲ့ ဆက်စပ်နေပြီး၊ ဆန္ဒပြတဲ့သူတွေက မီးသတ်သမားတွေ မီးလောင်တဲ့နေရာကို မဝင်နိုင်ရေး ပိတ်ဆို့တားဆီးတာတွေ ရှိလို့ မီးငြှိမ်းသတ်ဖို့ အတော်လေး ခက်ခဲခဲ့ပါတယ်။ ဒါကြောင့် အချိန်တစ်ခုအတွင်းမှာ မီးက ဆိုးဆိုးရွားရွား အားကောင်းလာခဲ့တာပါ။

 

 

မီးလောင်မှုဟာ ဖေဖော်ဝါရီလ(၂၈)ရက်နေ့ နေ့လယ်ပိုင်းလောက်မှာ ဖြစ်ခဲ့တာလို့ သိရပါတယ်။ AccorHotel Arena နဲ့ Bercy Performance Hall တို့ ဝန်းရံထားတဲ့ အဲဒီနေရာမှာ ဆန္ဒပြသူတွေနဲ့ လုံခြုံရေးတွ အဓိကရုဏ်ဖြစ်ခဲ့ကြပြီး၊ ဆန္ဒပြပွဲဟာ  ကွန်ဂိုနွယ်ဖွား အဆိုတော် Fally Ipupa ဟာ Hall ကို မကျေနပ်သူတွေက စတင်ခဲ့တာလို့ ဆိုပါတယ်။

 

 

သူရောက်လို့ မရှေးမနှောင်းမှာပဲ အဲဒီနေရာမှာ အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ Fally ဟာ ကွန်ဂိုရွေးကောက်ခံသမ္မတ Félix Tshisekedi ကို အားပေးသူပါ။ ဒါပေမယ့် Félix ကိုဆန့်ကျင်သူတွေက သူဟာ မသမာမှုတွေ၊ အဂတိတွေနဲ့ သမ္မတဖြစ်လာသူလို့ ယုံကြည်ခဲ့ပြီး၊ သမ္မတကို အားပေးတဲ့ Fally ကိုပါ လိုက်လံတိုက်ခိုက် ဆန္ဒပြတာတွေ ရှိခဲ့ပါတယ်။

 

Félix ဟာ (၂၀၁၈)ခုနှစ် ဒီဇင်ဘာမှာ ကွန်ဂိုသမ္မတအဖြစ် အငြင်းပွားဖွယ်ရာ ရွေးကောက်ခံခဲ့ရပြီးနောက် နိုင်ငံအတွင်းမှာ ဆူပူမှုတွေ ဖြစ်ပေါ်ခဲ့သလို၊ သူ့ကို အားပေးအားမြှောက်ပြုသူတွေကိုလည်း ပစ်မှတ်ထား တိုက်ခိုက်တာမျိုးတွေ ရှိခဲ့ပါတယ်။ (၂၀၁၇)ခုနှစ်တုန်းက ပြင်သစ်မှာစီစဉ်ထားတဲ့ ဖျော်ဖြေပွဲကို လုံခြုံရေးစိုးရိမ်ရတယ်ဆိုပြီး ဖျက်ပစ်ခဲ့ရပါတယ်။

လင်းသူရိန်

SHARE