ဂျပန် anime စတူရီယိုတစ်ခု မီးရှို့တိုက်ခိုက်ခံရမှုကြောင့် လူ(၃၃)ဦး သေဆုံး၊ (၃၆)ဦး ဒဏ်ရာရ

ryz43/Instagram

ဂျပန်နိုင်ငံက Animation Studio တစ်ခုမှာ လူပေါင်း (၇၀)ကျော် ခန်းမအတွင်းရှိနေစဉ်၊ သံသယဖြစ်ဖွယ်ရာ မီးရှို့တိုက်ခိုက်မှု ခံခဲ့ရပြီး၊ လူပေါင်း (၃၃)ယောက်သေဆုံးကာ၊ (၃၆)ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။ ဒီအဖြစ်အပျက်ဟာ ပြီးခဲ့တဲ့ ဇူလိုင်လ (၁၈)ရက်၊ ကြာသပတေးနေ့ မနက်(၁၀း၃၀)နာရီမှာ ဖြစ်ခဲ့တာပါ။

ဒဏ်ရာရရှိသူ (၃၆)ဦးမှာ၊ (၁၀)ဦးမှာ စိုးရိမ်ရ အခြေအနေလို့ သိရပါတယ်။ Kyoto Fire Department မှ ပြောရေးဆိုခွင့်ရှိသူ Kazuhiro Hayashi ရဲ့ အတည်ပြုချက်အရ လူပေါင်း (၃၃)ယောက် သေဆုံးခဲ့တယ်လို့ သတင်းတွေက ဖော်ပြထားပါတယ်။ (၃)ထပ် အဆောက်ဦ အပေါ်ဆုံးထပ် ခေါင်မိုးပေါ်မှာ သေဆုံးသူ အများဆုံး ရှိနေခဲ့တယ်လို့ သိရပါတယ်။

 

အပေါ်ဆုံးထပ် ခေါင်းမိုးဆီကိုသွားတဲ့ လှေကားပေါ်မှာလည်း အလောင်းအချို့ တွေ့ရပြီး၊ ပထမထပ်မှာ အလောင်းနှစ်လောင်း၊ ဒုတိယအထပ်မှာ (၁၁)လောင်းနဲ့ တတိယအထပ်မှာ အလောင်း(၂၀)ဖြစ်တယ်လို့ သက်ဆိုင်ရာက ထုတ်ပြန်ခဲ့ပါတယ်။ အခင်းဖြစ်ခဲ့ရာနေရာကတော့ ကမ္ဘာကျော် 3D နဲ့ ကာတွန်းကားတွေ ဖန်တီးရာ  Kyoto Animation Studio မှာဖြစ်ပြီးNHK ရဲ့ သတင်းထုတ်ပြန်မှုမှာတော့ ပြစ်မှုကျူးလွန်သူဟာ အဆောက်ဦတွင်းကို မီးလောင်လွယ်တဲ့အရည် (ဓာတ်ဆီဟု ယူဆရ)တွေ အရင်လောင်းပြီးမှ ကျကျနန မီးရှို့ခဲ့တာပါ။ ပြစ်မှုကျူးလွန်သူဟာ မီးရှို့ပြီးတာနဲ့ “အားလုံး သေကြ”ဆိုပြီး အော်ခဲ့သေးတယ်လို့၊ တကယ်ကြုံခဲ့ရသူတစ်ဦးက ပြောပါတယ်။

အခုလောလောဆယ်တော့ ပြစ်မှုကျူးလွန်တဲ့ တရားခံနဲ့ ဒီစတူရီယိုဟာ ဘယ်လိုပတ်သက်မှုတွေ၊ ဘယ်လို ရန်ညှိုးရန်စတွေ ရှိတယ်ဆိုတာ မသိရှိရသေးပါဘူး။ တစ်ချို့ ထင်မြင်ချက်ပေးသူတွေကတော့ ပြိုင်ဘက်စတူရီယို လုပ်ငန်းတစ်ခုခုက တိုက်ခိုက်ခိုင်းတာလည်း ဖြစ်နိုင်တယ်လို့ ဆိုနေကြပါတယ်။

Flowers are placed in front of the torched Kyoto Animation building in respect for the victims, in Kyoto, Japan, July 19, 2019. Reuters/Kim Kyung-Hoon~Anko

Posted by Kyoto Animation – 京都アニメーション on Thursday, July 18, 2019

Kyoto Animation Studioရဲ့ ဥက္ကဋ္ဌဖြစ်သူ Hideaki Hatta က မကြာသေးမီက သူတို့စတူရီယိုကို တိုက်ခိုက်မယ်ဆိုပြီး ခြိမ်းခြာက်တဲ့ အီးလ်မေးတွေ လက်ခံရရှိခဲ့ကြောင်း၊ အခုတိုက်ခိုက်မှုနဲ့ အဓိက ဆက်နွှယ်နေတာ ဖြစ်နိုင်ကြောင်း NHK ကို ပြောကြားခဲ့ပါတယ်။ ရဲကတော့ အခင်းဖြစ်စဉ်ကို စုံစမ်းနေဆဲပါ။

sucodm/Instagram

လင်းသုတ (Shwemom)

SHARE