မီးသတ်ဌာနလို့ မထင်ရလောက်အောင် ခမ်းနားလွန်းလို့ လူပြောများနေတဲ့ အဆောက်အဦး

Jürgen Eheim, Ullrich Egger, and Günter Richard Wet

လူတိုင်းနီးပါး မီးသတ်စခန်းတွေကို မရောက်ဖူးကြရင်တောင်မှ လမ်းမပေါ်ကနေ ဖြတ်သွားဖြတ်လာ တွေ့ဖူးကြမှာပါ။ မီးသတ်စခန်းဆို မီးသတ်ဌာန အဝင်အဝအနားမှာ မီးသတ်ကား အနည်းဆုံး (၃)စီးရှိမယ်။ အနောက်မှာတော့ မီးသတ်ဝန်ထမ်းတွေနဲ့ မိသားစုတွေနေဖို့ အခန်းတွေရှိမယ်။ ဒီလောက်ပါပဲ။ ဒါပေမယ့် အီတလီနိုင်ငံမှာရှိတဲ့ မီးသတ်ဌာန တစ်ခုကတော့ မီးသတ်ဌာနနဲ့မတူပဲ လူဆိုးစခန်းနဲ့တူနေလို့ လူပြောများနေကြောင်း Bored Panda သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

Jürgen Eheim, Ullrich Egger, and Günter Richard Wett
Jürgen Eheim, Ullrich Egger, and Günter Richard Wett

အဆိုပါ မီးသတ်ဌာနဟာ ပေ ၃၀၀ကျော်အမြင့်ရှိတဲ့ ကျောက်ဆောင်ကြီးအောက်မှာ ရှိတာဖြစ်ပြီး လှိုဏ်ခေါင်းပုံစံ တည်ဆောက်ထားတာဖြစ်ပါတယ်။ တည်ဆောက်ထားတဲ့ ပုံစံကလည်း အခြားမီးသတ်ဌာနတွေနဲ့ မတူအောင် တည်ဆောက်ထားတာဖြစ်ပြီး မသိတဲ့သူတွေအတွက်တော့ မီးသတ်ဌာနနဲ့ မတူပဲ လူဆိုးစခန်းလို့တောင် ထင်မှတ်ရပါတယ်။

Jürgen Eheim, Ullrich Egger, and Günter Richard Wett

ဒါ့အပြင် ထိုဒေသဟာလည်း တောင်ပေါ်ဒေသတစ်ခုဖြစ်တာတကြောင်း၊ မီးသတ်ဌာနဆောက်ဖို့အတွက် မြေနေရာရှားပါးတာက တကြောင်း အစရှိတဲ့အကြောင်းကြောင်းကြောင့် တောင်အောက်မှာ လှိုဏ်ခေါင်းပုံစံတည်ဆောက်ခဲ့တာပဲဖြစ်ပါတယ်။

READ
အရပ်ရှည်ပြီးရင်းဆက်ရှည်နေတဲ့ ကမ္ဘာ့အရပ်ရှည်ဆုံး ဆယ်ကျော်သက်ကောင်လေး
Jürgen Eheim, Ullrich Egger, and Günter Richard Wett
Jürgen Eheim, Ullrich Egger, and Günter Richard Wett
Jürgen Eheim, Ullrich Egger, and Günter Richard Wett

ဒီလို ဒီဇိုင်းကိုတော့ ၂၀၁၀ ခုနှစ်ကတည်းက ပြန်တည်ဆောက်ထားတာပဲဖြစ်ပါတယ်။ ဒီလိုပုံစံကို ဖြတ်သွားဖြတ်လာ ခရီးသွားတစ်ယောက်ကတွေ့သွားပြီး ဓာတ်ပုံရိုက်ကာ ဆိုရှယ်မီဒီယာပေါ်တင်ခဲ့ရာမှ နာမည်ကြီးလာခဲ့တာဖြစ်ပါတယ်။ အချို့ကတော့ ဒီမီးသတ်ဌာနပုံစံကို ဟာသလုပ်ပြီး မှတ်ချက်တွေ ပေးခဲ့ကြပါတယ်။

[email protected]
[email protected]

Pyi Hein Kyaw

SHARE