ပထမဆုံးအကြိမ်Trailerအပြည့်အစုံထွက်ရှိလာတဲ့ “A Quiet Place 2”

YouTube/AQuietPlace2

“A Quiet Place Part 2″ရဲ့ official trailerကတော့ မကြာသေးခင်အချိန်က တရားဝင်ထွက်ရှိလာခဲ့ပြီး ဖြစ်ပါတယ်။၂၀၁၈မှာ ထွက်ရှိခဲ့တဲ့ part 1ကတော့ ပရိသတ်တော်တော်များများရဲ့ စိတ်ကို ဖမ်းစားနိုင်ခဲ့ပါတယ်။

အခုအသစ်ထွက်ရှိလာမယ့် “A Quiet Place Part 2″မှာဆိုရင်တော့ Emily Bluntကတော့ part 1ကလို “Evelyn”နေရာမှာ ပြန်လည်ပါဝင်မှာဖြစ်ပြီး Millicentနဲ့ Noah Jupeတို့ကတော့ Evelynရဲ့ကလေးနှစ်ဦးဖြစ်တဲ့ Reganနဲ့ Marcusနေရာက ပြန်လည်ပါဝင်မှာပဲ ဖြစ်ပါတယ်။နောက်ထပ်အသစ်ထပ်ပါလာမယ့်ဇာတ်ကောင်ကတော့ “Blood Diamond”ဇာတ်ကားနဲ့ အော်စကာဆုရရှိခဲ့တဲ့ မင်းသားကြီး Cillian Murphyကတော့ Djimon Hounsouအဖြစ်နဲ့ ပါဝင်မှာဖြစ်ပါတယ်။

Paramount Pictures

Emily Bluntရဲ့ တကယ့်လက်တွေ့ဘဝမှာ ခင်ပွန်လည်းဖြစ်၊part 1မှာ “Lee”ဇာတ်ဆောင်နေရာက ပါဝင်ခဲ့တဲ့ John Krasinskiကတော့ဒီဇာတ်ကားမှာ ပြန်လည်ပါဝင်တော့မှာ မဟုတ်ပါဘူး။သို့သော်ဒီဇာတ်ကား part2ကို သူပဲဇာတ်ညွှန်းရေး၊သူပဲ ဒါရိုက်တာလုပ်ပြီး ရိုက်ကူးမှာဖြစ်ကြောင်း သိရှိရပါတယ်။

READ
ဆွဲဆောင်မှုရှိရှိနဲ့ ပရိသတ်တွေကို ညို့ယူဖမ်းစားလိုက်တဲ့ ခင်ဝင့်ဝါ
[email protected]

“ဒီဇာတ်ကားရဲ့ ပထမအပိုင်းကို ပိုကြိုက်တယ်ဗျ။Emilyမိန်းကလေးတစ်ယောက်တန်မဲ့ ရုန်းကန်နေပုံတွေ၊သားသမီးအတွက် ဘယ်အချိန်ပဲဖြစ်ဖြစ်ရှေ့ကနေ မားမားမတ်မတ်ရပ်တည်ပေးပုံတွေက သိပ်ကို သဘာဝကျလွန်းတယ်ဗျာ။အခုထွက်ရှိမယ့် part2မှာလည်း ကျွန်တော်မရှိတော့ပေမယ့် Emilyက ကလေး၃ယောက်စလုံးကို လူလားမြောက်အောင် ပြုစုပျိုးထောင်းပေးပြီး သတ္တဝါကြီးတွေကို ဘယ်လိုအနိုင်ယူလဲဆိုတာ မကြာခင်တွေ့ရတော့မှာပါ”လို့ Total Filmသတင်းဌာနနဲ့ အင်တာဗျူးတစ်ခုမှာ ဖြေကြားခဲ့ပါတယ်။

Pyi Hein Kyaw

SHARE