အမေရိကန်သမိုင်းမှာ အိမ်ဖြူတော်ထဲ ပထမဆုံးနေခွင့်ရတဲ့ ဂေဟာခွေးလေး Major

instagram/joebiden

အမေရိကန်ရဲ့၄၆ယောက်မြောက်သမ္မတဖြစ်လာမယ့် Joe Biden ရဲ့လက်ထက်မှာ ထူးခြားမှုတွေရှိနေပါတယ်။ ယခုနှစ်ရွေးကောက်ပွဲဟာ အမေရိကန်အိမ်ဖြူတော်သမိုင်းမှာ တော်တော်ကြီး အကြိတ်အနယ်ဖြစ်ခဲ့ပါတယ်။ ရွေးကောက်ပွဲပြီးတဲ့နောက် ဒုသမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံရသူကလည်း အရှေ့တောင်အာရှသားအမွေအနှစ်ပါတဲ့ ပထမဆုံးလူမည်းအမျိုးသမီးဖြစ်ခဲ့ပါတယ်။ သမ္မတကတော်ဟာလည်း အရင်သမ္မတကတော်ဟောင်းတွေလိုမဟုတ်ဘဲ သူမရဲ့အသက်မွေးဝမ်းကြောင်းစာသင်တဲ့အလုပ်ကို ဆက်လက်လုပ်ကိုင်ဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။

စိတ်လှုပ်ရှားစရာကောင်းတဲ့ အမေရိကန်ရဲ့ပထမဆုံးသော ထူးခြားချက်များစွာထဲကမှ အခုတစ်ခါထပ်ပြီး ထူးခြားမှုတစ်ခုကို bored panda ကတဆင့် ဖော်ပြပေးချင်ပါတယ်။ အဲ့ဒါကတော့ Joe Biden ရဲ့ခွေးလေး Major ဟာ အိမ်ဖြူတော်ရဲ့သမိုင်းထဲ ပထမဆုံးအိမ်ဖြူတော်ထဲနေခွင့်ရှိတဲ့ ဂေဟာခွေးလေးတစ်ကောင် ဖြစ်နေတာပါပဲ။

 

View this post on Instagram

 

No ruff days on the trail when I have some Major motivation.

A post shared by Joe Biden (@joebiden) on

ချစ်စရာကောင်းတဲ့ Major ဟာ ၂၀၁၈ ခုနှစ်ကတည်းကစလို့ Biden မိသားစုနဲ့အတူတူရှိလာခဲ့တာပါ။ Major ဟာ ခွေးပေါက်လေးတုန်းက Delaware Humane Association ဂေဟာမှာ သူ့မွေးချင်းခွေးပေါက်လေး ၅ကောင်နဲ့ အတူတူရှိခဲ့ပါတယ်။ ဂေဟာက ဒီခွေးပေါက်လေးတွေကို မွေးချင်ရင် ယာယီခေါ်ထားနိုင်ကြောင်းကြေညာနေတာကို Joe နဲ့ Jill တို့ရဲ့ သမီးလေးက  သွားတွေ့ပါတယ်။ ဒါနဲ့ပဲ Major ကို အိမ်မှာခဏဆိုပြီး ခေါ်မွေးဖြစ်ခဲ့တာပါ။ ဒါပေမဲ့ Major ကလိမ္မာတော့ တစ်မိသားစုလုံး သူ့ကိုအချစ်ပိုပြီး Joe နဲ့ Jill တို့ဟာ Major ကို ဂေဟာကနေအပြီးအပိုင်မွေးစားဖြစ်ခဲ့တာဖြစ်ပါတယ်။

READ
ပုံစံတူ ဟန်းနီးမွန်းထွက်ပြီးတိုင်း ကွာရှင်းကြရတဲ့ တော်ဝင်မိသားစုရဲ့အိမ်ထောင်ရေးကျိန်စာ

အခုဆိုရင်တော့ Major လေးဟာ ကံကောင်းလွန်းစွာနဲ့ အိမ်ဖြူတော်မှာတောင် နေထိုင်ခွင့်ရှိသူ ဖြစ်လာပါပြီ။ သူ့အကြောင်း သတင်းကောင်းကိုတော့ Delaware Humane Association ဂေဟာက အခုလိုကြေညာခဲ့ပါတယ်။ “ဒီနေ့က Major အတွက် ကံကောင်းတဲ့နေ့ပါ။ Major က သူအမြဲတမ်းနေထိုင်နိုင်မယ့် အိမ်တစ်လုံးတွေ့ရုံတင်မကဘူး။ သမ္မတကြီးတို့မိသားစုရဲ့တရားဝင်မွေးစားတာကိုတောင် ခံရတယ်။ Major ကံကောင်းပါစေ။” ဆိုပြီး ဖေ့စ်ဘုတ်စာမျက်နှာပေါ်မှာ မျှဝေခဲ့တာဖြစ်ပါတယ်။

 

View this post on Instagram

 

Build Bark Better. Happy #NationalDogDay

A post shared by Dr. Jill Biden (@drbiden) on

Biden မိသားစုမှာ Major အပြင် Champ အမည်ရတဲ့ နောက်ထပ်ခွေးတစ်ကောင်လည်း ရှိပါသေးတယ်။ Champ ကတော့ သိုးထိန်းခွေးအမျိုးအစားဖြစ်ပြီး သူ့ကို ၂၀၀၈ ခုနှစ်မှာ စီးပွားဖြစ် ခွေးသားဖောက်ရောင်းတဲ့သူဆီက ဝယ်ယူလာခဲ့တာပါ။ Champ ကိုမွေးတဲ့ကိစ္စနဲ့ပတ်သက်လို့  ခွေးဂေဟာတွေမှာ ခွေးတွေအများကြီးရှိရက်နဲ့ ခွေးတစ်ကောင်ဝယ်မွေးတယ်ဆိုပြီး Biden ကို အချို့ကလည်း ဝေဖန်ခဲ့ကြပါတယ်။ အခုဆိုရင်တော့ Major နဲ့ Champ ဟာ အချစ်ဆုံးသူငယ်ချင်းလေးတွေအဖြစ်နဲ့ ပျော်ပျော်ရွှင်ရွှင်နေထိုင်လျက်ရှိနေပါတယ်။

 

View this post on Instagram

 

The campaign trail is ruff without these two by my side. #LoveYourPetDay

A post shared by Joe Biden (@joebiden) on

ShweMom

SHARE