ပထမဆုံး Trailer ထွက်ရှိလာပြီဖြစ်တဲ့ Spiral : From the Book of Saw

[email protected]

Saw စီးရီးရုပ်ရှင်ဇာတ်ကားတွေဟာ Horror ဇာတ်လမ်းတွေမှာ အအောင်မြင်ဆုံး စီးရီးရုပ်ရှင်ဇာတ်ကားတွေလို့ ပြောနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ Saw 1 နဲ့ 2 ကျွန်တော်တို့ ငယ်ငယ်လေးကတည်းက ထွက်ရှိထားပြီး ဒီနေ့ဒီအချိန်ထိ လုံးဝမရိုးနိုင်သေးတဲ့ ဇာတ်လမ်းကောင်းတွေ ဖြစ်နေဆဲမို့လို့ပါပဲ။ အခုလည်း Saw 9 လို့ ပြောလို့ရလောက်မယ့် Sprial : From the Book of Saw ဇာတ်ကားဟာ မကြာသေးခင်ကပဲ Trailer ထွက်ရှိလာခဲ့ပြီဖြစ်ကြောင်း Collider သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

 

[email protected]

ဒီဇာတ်ကားကိုတော့ Saw ဇာတ်လမ်းတွေရဲ့ ခေါင်းကိုင်ဖခင် James Wan ကိုယ်တိုင် Producer အဖြစ် ပံ့ပုံးသွားမှာဖြစ်သလို Saw 2, Saw 3 နဲ့ Saw 4 ကိုရိုက်ကူးခဲ့တဲ့  ဒါရိုက်တာ Darren Lynn Bousman  ရိုက်ကူးထားကြောင်း သိရပါတယ်။

READ
Box Office ရဲ့ ၀င်ငွေအကောင်းဆုံးဇာတ်ကားများ (1 March 3)
Instagram/JamesWan

ဒါ့အပြင် ဒီဇာတ်ကားထဲမှာ Chris Rock, Samuel L.Jackson, Maz Minghella နဲ့ Marisol Nichols အစရှိတဲ့ နာမည်ကြီး သရုပ်ဆောင်တွေ ပါဝင်သရုပ်ဆောင်ထားတာဖြစ်လို့ လုံးဝကြည့်လို့ကောင်းမယ့် ဇာတ်ကားကောင်းတစ်ခုဖြစ်မယ်ဆိုတာ ရဲရဲကြီးအာမခံလို့ ရပါတယ်။ ဒါ့အပြင် ဒီဇာတ်ကားရဲ့ ဇာတ်လမ်းဇာတ်ကွက်တွေကိုလည်း နာမည်ကျော် သရုပ်ဆောင် Chris Rock ကိုယ်တိုင် ပါဝင် အကြံပေးထားတာဖြစ်တာကြောင့် ပိုကောင်းမယ့် ဇာတ်ကားကောင်းတစ်ခုဖြစ်မယ်လို့ ယုံကြည်နိုင်ပါတယ်။

ဒီဇာတ်ကားရဲ့ Trailer ကို ကြည့်လိုက်ရုံနဲ့ Trailer တစ်ခုလုံးဟာ David Fincher ရိုက်ကူးထားတဲ့ “ Seven” ဇာတ်ကွက်တွေ ဖုံးလွှမ်းနေမှာတော့ ကြည့်ဖူးတဲ့သူတော်တော်များများ သိကြမှာပါ။ ဇာတ်လမ်းအကျဉ်းကတော့ စိတ္တဇလူသတ်သမားကြီးနဲ့ ရဲစုံထောက်တွေရဲ့ အားပြိုင်မှုကို ရိုက်ပြထားတာဆိုတော့ သဲထိတ်ရင်ဖို ရုပ်ရှင်အမျိုးအစားကို ကြိုက်နှစ်သက်တဲ့ ပရိသတ်တွေ၊ Saw ပရိသတ်တွေ အထူးကြိုက်နှစ်သတ်စေမယ့် ဇာတ်ကားလို့ ဝေဖန်ရေးဆရာတွေက ညွှန်းဆိုနေကျပါတယ်။

READ
ရက်စက်တဲ့အကြည့်တွေအောက်မှာ ကျရှုံးပါလို့ပြောလိုက်တဲ့ နွယ်နွယ်ထွန်း

Pyi Hein Kyaw

SHARE