ဖျစ်ညှစ်ချင်စရာ ဘော်ဒီမျိုးရရှိဖို့ ဘယ်လိုကြိုးစားခဲ့ရလဲဆိုတာ ထုတ်ဖော်ခဲ့တဲ့ ဂျပန်နပန်းမယ်

ဂျပန်တစ်ဝှမ်းမှာ Muscle Idol အဖြစ် တင်စားခံနေရတဲ့ အမျိုးသမီးတစ်ဦးကတော့ ပြင်ပ လူနေမှုဘဝမှာလည်း အနေအထိုင် ရဲရင့်ပြတ်သားလို့ လူချစ်လူခင် များသူတစ်ယောက်ပါ။ သူမရဲ့နာမည်ကတော့ Reika Saiki ဖြစ်ပြီး၊ မကြာသေးမီကပဲ သူမရဲ့ လေ့ကျင့်ခန်းဗွီဒီယိုတွေကို လူမှုကွန်ရက်ပေါ် ဖြန့်ဝေခဲ့ပါတယ်။

Saiki ဟာ ယခင်က ခန္ဓာကိုယ်သေးသေးသွယ်သွယ်နဲ့ အတော်လေးကို အမျိုးသမီးဆန်ခဲ့ပါတယ်။ သူမဟာ ထိုစဉ်တုန်းက Japan’s pro wrestling league မှာ Mascot Model ဖြစ်ခဲ့ပါတယ်။ နောက်တော့ လေ့ကျင့်ခန်းတွေ ပြုလုပ်ရင် ပရိုနပန်းမယ်တစ်ယောက် ဖြစ်လာခဲ့ပါတယ်။

Reddit
Twitter
Twitter

အဲဒီနောက် Buff cosplayer အဖြစ်လည်း ဆောင်ရွက်ခဲ့ပြီး၊ သူမကို တစ်ချို့က Mukikawa လို့ ခေါ်ကြပါတယ်။ အဲဒီနာမည်ကတော့ ဂျပန်ပေါင်းစပ်စကားလုံးဖြစ်ပြီး Mukimuki ရဲ့အဓိပ္ပါယ်က Buff ဖြစ်ပြီး Kawaii အဓိပ္ပါယ်ကတော့ Cute ဖြစ်ပါတယ်။ Buff ဆိုတာ ကြွက်သားအဖုအထစ်တွေ ပြည့်နေတဲ့ ခန္ဓာကိုယ်မျိုးကို ညွှန်းဆိုတာပါ။

Saiki ရဲ့အရပ်အမောင်းဟာ (၄)ပေ (၁၁)လက်မလောက်သာ ရှိသော်လည်း သူမရဲ့ ကြီးမားတဲ့ အားအင်နဲ့ ပြိုင်ဘက်ကို အသာလေး ကြမ်းပြင်ပေါ် ကိုင်ပေါက်နိုင်ပါတယ်။ သူမထက် ခန္ဓာကိုယ်ကြီးတဲ့ ပြိုင်ဘက်တွေကိုတောင် အသာလေး လှဲသိပ်နိုင်သူဖြစ်လို့ သူမကိုယ်သူမ အလွန်ဂုဏ်ယူနေပါတယ်။

လင်းသူရိန် (Shwemom)

READ
Queen အဖွဲ့ရဲ့ Bohemian Rhapsody သီချင်းကို အဆန်ကြီး ပြန်တီးပြတဲ့ ကောင်လေး

Source : nextshark.com

SHARE