တစ်ဦးပေါ်တစ်ဦး သံယောဇဉ်တွယ်နေကြတဲ့ မျိုးမတူ ဒုက္ခိတလေး(၂) ကောင်

Facebook/TheMiaFoundation

တစ်ဦးအပေါ်တစ်ဦး မေတ္တာထားခြင်းဟာ လူသားတွေမှာတင်မကပဲ တိရစ္ဆာန်လေးတွေမှာလည်း ရှိတတ်ပါတယ်။ အခုအခါမှာတော့ မပြည့်စုံသူအချင်းချင်း ဖေးမကာနေနေကြတဲ့ တိရစ္ဆာန်လေး(၂)ကောင်ကို boredpanda ကနေတဆင့် တွေ့ရပါတယ်။ သူတို့လေးတွေက ခိုလေးတစ်ကောင်နဲ့ ချီဟွားဟွားလေးတစ်ကောင်ပါ။ နှစ်ကောင်စလုံးက သူတို့ဘ၀ရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းအသီးသီးကို ပျောက်ဆုံးနေကြသူတွေပါ။

Facebook/TheMiaFoundation

တစ်ကောင်က မပျံနိုင်သလို တစ်ကောင်ကလည်း လမ်းမလျှောက်နိုင်ပါဘူး။ ဒါကြောင့်ပဲ တစ်ကောင်နဲ့တစ်ကောင် အပြန်အလှန်နှစ်သိမ့်ကာ နေနေကြတာ ဖြစ်ပါတယ်။ အောက်မှာ တွေ့ရမှာက ချီဟွားဟွားလေးနဲ့ ခိုလေးတို့ရဲ့ ချစ်စရာကောင်းတဲ့မြင်ကွင်းလေးပဲ ဖြစ်ပါတယ်။

Facebook/TheMiaFoundation

ချီဟွားဟွားလေးဟာ (၂) လသားအရွယ် လန်ဒီအမည်ရပါတယ်။ လန်ဒီက ကျောရိုးမှာထိခိုက်မှုဖြစ်လို့ လမ်းမလျှောက်နိုင်ပါဘူး။ သူက နယူးယောက်က မီယာဖောင်ဒေးရှင်းကို ပြီးခဲ့တဲ့ လပိုင်းကမှ ရောက်လာတာ ဖြစ်ပါတယ်။ သူ့ကိုသားဖောက်ပေးတဲ့သူက ချီဟွားဟွားလေး လမ်းမလျှောက်နိုင်တာတွေ့ရတာ့ ဂေဟာကို လာစွန့်ပစ်ခဲ့တာ ဖြစ်ပါတယ်။

READ
Photoshop ဆရာတွေရဲ့ ကမ္ဘာကျော်အလွဲများ

လန်ဒီဟာ ဖောင်ဒေးရှင်းကိုရောက်လာတော့ မပျံနိုင်တဲ့ခိုလေးတစ်ကောင်နဲ့ လာတွေ့ပါတယ်။ ခိုလေးကတော့ ဟာမန်ဖြစ်ပါတယ်။ ဂေဟာကိုရောက်နေတာ တော်တော်လေးကြာနေပါပြီ။ ဂေဟာဝန်ထမ်းတစ်ယောက်က လန်ဒီလေးအိပ်တဲ့ အိပ်ရာပေါ်မှာ ဟာမန်ကို ထားပေးထားပါတယ်။ ဟာမန်ဟာ ဂေဟာဆီခုမှရောက်လာတဲ့ လန်ဒီကို သေချာဖေးမပေးခဲ့ပါတယ်။ သိပ်မကြာခင်မှာပဲ ဟာမန်နဲ့ လန်ဒီဟာ သူငယ်ချင်းတွေဖြစ်ကာ ရင်းနှီးသွားခဲ့တာ ဖြစ်ပါတယ်။

Facebook/TheMiaFoundation

လန်ဒီကလည်း ဟာမန်ကို တော်တော်လေးမှီခိုပါတယ်။ တစ်ခါတစ်လေ သူ့ရဲ့လုပ်နေကျဖြစ်တဲ့ လှုပ်ရှားသွားလာမှုတွေတောင် မလုပ်ပဲ ဟာမန်နားမှာ အချိန်ကြာကြာလေး နေလေ့ရှိပါတယ်။ ဂေဟာကတော့ လန်ဒီက အခုဆို (၁) ပေါင်ပဲ ရှိသေးတဲ့အတွက် ၀ှီးချဲနဲ့သွားဖို့ အဆင်မပြေသေးဘူးလို့ ဆိုပါတယ်။ လန်ဒီ ၀ှီးချဲလ်နဲ့ လမ်းပြန်လျှောက်နိုင်အောင် ပြင်ဆင်နေရချိန်အတွင်း ဟာမန်က အခုလိုစောင့်ရှောက်ပေးတဲ့အတွက် လန်ဒီအနေနဲ့ အထီးကျန်စရာမရှိတော့ပါဘူး။ ချစ်စရာကောင်းတဲ့ သူငယ်ချင်းလေး(၂) ကောင်ကိုတော့ အခုလို တွေ့ရပါတယ်။

READ
ဆူရှီစားဖို့ ဆိုင်ထဲ ခိုးကြောင်ခိုးဝှက် ၀င်လာတတ်လို့ ရဲဖမ်းခံခဲ့ရတဲ့ ပင်ကွင်းလေးနှစ်ကောင်

လင်းလင်း (ShweMom)

SHARE