ကျန်းမာရေးအတွက် မကောင်းပေမယ့် လူတွေ မကြာခဏ တွဲဖက်စားသုံးလေ့ရှိတဲ့ အရာ(၅)ခု

Pexels/EatSmart

တွဲဖက်မသားသုံးသင့်သော အစာအစာများဆိုတဲ့ စာရွက်တွေ၊ ပိုစတာတွေ ငယ်ငယ်တုန်းက မြင်တွေ့ဖူးကြမှာပါပဲ။ အဲဒီထဲက တချို့ကတော့ အမှန်တွေဖြစ်ပြီး အများစုကတော့ ဂျင်းတွေပဲ ဖြစ်ပါတယ်။  အခုတော့ ကျနော်တို့ နေ့စဉ် စားသုံးနေတဲ့ အစာတွေထဲမှာလည်း အခန့်မသင့်ရင် ကျန်းမာရေးအတွက် ဆိုးဆိုးဝါးဝါးဖြစ်သွားနိုင်တဲ့ အစားအစာတွေလည်း အများကြီးပါပဲ။ အခုတခါတော့ ကျနော်တို့ နေ့စဉ် တွဲစားနေတဲ့ အစားအစာတွေထဲကမှ ကျန်းမာရေးကို ထိခိုက်စေတဲ့ အစားအစာ ၅မျိုးအကြောင်းကို ကောက်နှုတ်ဖော်ပြလိုက်ပါတယ်။

(၁)Sandwich နဲ့ ကော်ဖီ

Facebook/Groupon

မနက်စောစော အလုပ်သွားဖို့၊ ကျောင်းသွားဖို့ အချိန်မရှိဘူးဆိုရင် လွယ်လွယ်ကူကူ ပြုလုပ်လို့ရတဲ့ Sandwich နဲ့ကော်ဖီကိုပဲ စားသုံးကြတတဲ့သူတွေအတွက် Sandwich နဲ့ကော်ဖီကို တွဲပြီး စားသုံးခြင်းက ကျန်းမာရေးအတွက် မကောင်းလှပါဘူး။ ကော်ဖီနဲ့ ချိစ်Sandwich ကို တွဲပြီး စားသုံးခြင်းဟာ နှလုံးသွေးကြောကျဉ်းရောဂါ ဖြစ်လာဖို့အတွက် ရာခိုင်နှုန်းများပြီး ဒီလိုတွဲဖက်စားသုံးလိုက်ခြင်းအတွက် ချိစ့်ထဲမှာပါနေတဲ့ အာဟာရဓာတ်တွေကိုလည်း ရရှိတော့မှာမဟုတ်ပါဘူး။ ကော်ဖီအတွက်လည်း ကော်ဖီစေ့စစ်စစ်နဲ့ လုပ်ထားတဲ့ ကော်ဖီမှုန့်တွေ အစား  instant ကော်ဖီထုတ်တွေဆိုရင်တော့ ပိုဆိုးလာနိုင်ချေရှိပါတယ်။

(၂) ခရမ်းချဉ်သီးနဲ့ သခွားသီး

READ
သံပုရာရည်ကိုနေ့စဉ်သောက်သုံးပေးခြင်းဖြင့်ရလာမည့်အကျိုးကျေးဇူးများ
Pexels/Sunset

ဒါကတော့ မီးဖိုချောင်မှာ မကြာခဏ မြင်တွေ့ရတဲ့ ဟင်းအတွဲအစပ်ပါပဲ။ နောက်ဆုံးရရှိထားတဲ့လေ့လာချက်တွေအရ ဒီလို  ခရမ်းချဉ်သီးနဲ့ သခွားသီး အတွဲအစပ်ကို စားသုံးခြင်းက ကျန်းမာရေးအတွက် မကောင်းပါဘူး။ ခရမ်းချဉ်သီးနဲ့ သခွားသီးတွဲပြီး စားသုံးလိုက်ခြင်းကြောင့် ကိုယ်ခန္ဓာအတွင်းမှာရှိတဲ့ ဇီဝဓာတုလမ်းကြောင်းကိုလည်း အနှောင့်အယှက်ဖြစ်စေပါတယ်။ ကိုယ်ခန္ဓာရောင်ရမ်းတာတို့လည်း ဖြစ်နိုင်ချေရှိပါတယ်။ ပြီးတော့ ခရမ်းချဉ်သီးနဲ့ သခွားသီးတို့မှာပါတဲ့ ဗီတာမင်တို့ဟာလည်း စနစ်အကျ အစာချေချက်မှုကို ဟန့်တားတတ်ပါတယ်။

(၃)အာလူးနဲ့ အသား

Shutterstock/Gregory Gerber

ဒီတစ်ခုကတော့ လူ တော်တော်များများ ကြိုက်တဲ့ အတွဲအစပ်တစ်ခုပါပဲ။  ဒါပေမယ့် အာလူးနဲ့ အသား တွဲပြီး စားတာက ကျန်းမာရေးအတွက် ဆိုးပါတယ်တဲ့။ အာလူးသီးမှာပါတဲ့ ဓာတ်သတ္ထုတွေဟာ ကိုယ်ခန္ဓာထဲမှာရှိတဲ့ အစာချေအရည်တွေကို တောင်းဆိုပြီး အသားကတော့ အက်စစ်ဓာတ်ကို တောင်းဆိုပါတယ်တဲ့။ တွဲဖက်စားလိုက်တဲ့အခါမှာ အစာအိမ်ထဲမှာ သူတို့နှစ်မျိုးဟာ လုံးဝကို အကျပ်တွေ့သွားမှာပါ။ ဒီလိုအခြေအနေမှာ ကိုယ်ခန္ဓာအတွက် မူမမှန်တဲ့အခြေအနေတွေဖြစ်လာတတ်ပါတယ်။ ဒါကြောင့် ဒီနှစ်မျိုးကို တွဲဖက်စားရင်တော့ မကြာခဏ တွဲဖက်စားတာမျိုး မလုပ်သင့်ပါဘူး။

(၄)ဘီယာနဲ့ မြေပဲ

Pexels/Folo

ဒီတစ်ခုကတော့ ယာမကာလုလင်တွေရဲ့ အကြိုက်ဆုံးအတွဲအစပ်ဖြစ်လောက်ပါတယ်။ ဟုတ်ပါတယ်။ ဘီယာဆိုင်တွေမှာ ဘီယာနဲ့ မြေပဲဟာ အလွယ်တကူတွဲစပ် စားလို့ရတဲ့ အရာဖြစ်နေပြီး မြန်မြန်ဆန်ဆန် စားပွဲဝိုင်းဆီ ရောက်လာတတ်တဲ့ အရာတွေပါပဲ။ မြေပဲလို ဆားဓာတ်ပါဝင်မှုမြင့်မားတဲ့ အစားအစာတွေက ဒီအတိုင်းချည်းပဲ စားရင်တောင်မှ ကျန်းမာရေးအတွက် မကောင်းလှသလို ဘီယာနဲ့ တွဲဖက်စားသုံးလိုက်ခြင်းကြောင့် ရေဓာတ်ခမ်းခြောက်တာတွေလည်း ဖြစ်နိုင်ပါတယ်။ တစ်ခုရှိတာက ဒီလို ရေဓာတ်ခမ်းခြောက်မှုကို ကာကွယ်ဖို့အတွက် အယ်လ်ကိုဟောသောက်ချိန်မှာ ရေ ဒါမှမဟုတ် ဆိုဒါ တစ်ခုခု အနားလေးမှာ ထားထားသင့်ပါတယ်။

(၅) နွားနို့ နဲ့ ငှက်ပျောသီး

READ
E စီးကရက်ကလည်း ကင်ဆာဖြစ်ပွားစေနိုင်ကြောင်း ဆေးသိပ္ပံပညာရှင်များသတိပေး
Pexels/TasTab

နွားနို့နဲ့ ငှက်ပျောသီးဟာ လွယ်လွယ်ကူကူ လျှင်လျှင်မြန်မြန်ပဲ စားလို့ရတဲ့ အစားအစာလည်း ဖြစ်ပါတယ်။ နှစ်ခုစလုံးဟာ ကျန်းမာရေးအတွက် ကောင်းမွန်တာဟာ ဟုတ်ပေမယ့် တစ်ပြိုင်နက်တည်းတော့ မစားသုံးစေချင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ အသီးအများစုဟာ ကိုယ်ခန္ဓာအတွင်းမှာ အစာချေဖို့အတွက် အချိန်တော်တော်ယူရပါတယ်။ အထူးသဖြင့် ချိုတဲ့ အသီးတွေဟာ အစာအိမ်ထဲမှာ အချိန်တော်တော်ကြာကြာအထိ ရှိတတ်ပါတယ်။  တကယ်လို့ နွားနို့ နဲ့ ငှက်ပျောသီး တွဲစားမယ်ဆိုရင် တွဲမစားဘဲ တစ်ခုစားပြီးမှ အချိန်အတန်ကြာမှ တစ်ခုကို စားသုံးတာက ကိုယ်ခန္ဓာအတွက် ပိုကောင်းမွန်စေမှာပါ။

YYK

SHARE