သန်းနဲ့ချီတဲ့ ဘောနပ်စ်ရှယ်ယာတွေကို အကုန်လှူလိုက်တဲ့ Xiaomi တည်ထောင်သူ

တရုတ်စမတ်ဖုန်းကုမ္ပဏီ Xiaomi ရဲ့ တည်ထောင်သူလည်း ဖြစ်၊ အမှုဆောင်အရာရှိချုပ်လည်း ဖြစ်သူ Lei Jun ဟာ ယခုနှစ်ထဲမှာ ဘောနပ်စ်အမြောက်အမြား ရရှိခဲ့ပါတယ်။ Lei Jun ဟာ (၆၃၆.၆) သန်းကျော်ရှိတဲ့ ရှယ်ယာတွေကို သူ့ရဲ့ ကုမ္ပဏီအပေါ်မှာ ထားရှိတဲ့ စွမ်းဆောင်ရည်တွေအတွက် ဘောနပ်စ်အဖြစ်ရရှိခဲ့တာလို့ သိရပါတယ်။

စတော့တွေကို ဟောင်ကောင်မှာ စီးပွားကူးသန်းခဲ့တာ ဖြစ်ပြီး လက်ရှိဟောင်ကောင်ရဲ့ ငွေဈေးနဲ့ဆို ဟောင်ကောင်ဒေါ်လာ(၇.၅၄) ဘီလီယံ (အမေရိကန်ဒေါ်လာ ၉၆၁ မီလီယံခန့်) ရရှိခဲ့တာ ဖြစ်ပါတယ်။ အပိုဆုကြေး ဘောနပ်စ်အဖြစ်ရတဲ့ ၄င်းငွေကြေးတွေကိုတော့ Lei Jun ဟာ အခွန်တွေနှုတ်ပြီး ပိုသမျှရှယ်ယာတွေအားလုံးကို လှူဒါန်းပစ်မယ်လို့ သိရပါတယ်။

Twitter

ဒါပေမယ့်လည်း ဘယ်လူမှုရေးအဖွဲ့အစည်းတွေဆီကို ဘယ်လိုအချိုးနှုန်းနဲ့ လှူမယ်ဆိုတာတော့ မသိရသေးပါဘူး။ Xiaomi ဟာ ပြီးခဲ့တဲ့နှစ် ဇူလိုင်လလောက်ကမှ ဟောင်ကောင်စတော့ဈေးကွက်မှာ ရှယ်ယာတွေကို  ရောင်းချခဲ့တာပါ။ ထိုစဉ်ကစလို့ ရှယ်ယာဈေးတွေ ကျသွားပြီး Xiaomi ဟာ တရုတ်ဘက်က ၀ယ်လက်တွေလျော့နည်းသွားမှာကိုလည်း စိုးရိမ်နေခဲ့ရတာပါ။ ဒါတင်မကသေးပါဘူး။ Samsung ၊ Apple တို့အပြင် အခြား တရုတ်တံဆိပ်တွေလည်းဖြစ်တဲ့ Huawei ၊ Oppo ၊ Vivo စတဲ့ ပြိုင်ဖက်တွေနဲ့လည်း ဈေးကွက်မှာ ယှဉ်ပြိုင်နေရပါသေးတယ်။

READ
အသံကောင်းလွန်းလို့ လူမှုကွန်ယက်မှာ နေ့ချင်းညချင်း နာမည်ကြီးသွားတဲ့ကောင်လေး
Twitter

ဒါတောင်မှ Lei ဟာ သူ့ ဘောနပ်စ်ရတဲ့ငွေကို ပြန်လှူနိုင်ခဲ့ပါသေးတယ်။ လက်ရှိမှာ Xiaomi ရဲ့ ရှယ်ယာတွေဟာ ကျဆင်းနေတာတောင်မှ Lei ဟာ (၁၁) ဘီလီယံ ကြွယ်ဝနေသေးတယ်လို့ Forbes နဲ့ Bloomberg သတင်းဌာနတွေအရ သိရပါတယ်။

လင်းလင်း (ShweMom)

Ref: CNN

SHARE