စော်ဖွားနွယ်ဝင် တော်ဝင်သွေးပါပေမယ့် သရုပ်ဆောင်လုပ်နေတဲ့ Sara Khan အကြောင်း

[email protected]

Sara Ali Khan ကိုတော့ အိန္ဒိယဇာတ်ကားတွေ အကြည့်များတဲ့ ပရိသတ်တွေတော့ ကောင်းကောင်းသိကြမှာပါ။ Khan ဟာ ၂၀၁၈ ခုနှစ်တုန်က အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုကို Simmba ဇာတ်ကားနဲ့ ရရှိခဲ့တာ ဖြစ်ပါတယ်။

အသက် ၂၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ Sara ဟာ ဘယ့်အချိန်ပဲ ကြည့်ကြည့် အမြဲတမ်းသွက်သွက်လက်လက်နဲ့ ပြုံးနေတဲ့ မိန်းမချောလေးတစ်ဦးဆိုလည်း မမှားပါဘူး။ ဒါ့ကြောင့် ပရိသတ်ကြီး မသိလောက်သေးတဲ့ Sara ရဲ့ အချက် ၅ ချက်ကို SCMP သတင်းဌာနက ဖော်ပြထားတဲ့ အချက်အလက်တချို့ကို တင်ဆက်ပေးလိုက်ပါတယ်။

View this post on Instagram

♠️♠️♠️ 📸: @shivangi.kulkarni

A post shared by Sara Ali Khan (@saraalikhan95) on

၁။ Sara ဟာအိန္ဒိယတော်ဝင်စော်ဘွားမျိုးနွယ်ကဆင်းသက်လာသူတစ်ဦးဖြစ်ပါတယ်

အိန္ဒိယတော်ဝင်မျိုးနွယ်စုတွေထဲကမှ Sara တို့မိသားစုဟာ Pataudi တော်ဝင်မျိုးနွယ်မိသားစုကပဲ ဖြစ်ပါတယ်။ သူတို့မိသားစုဟာ ၁၉၄၈ ခုနှစ်ကတည်းကစပြီး တော်ဝင်မိသားစုတစ်စု ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။ အခုလက်ရှိ Sara တို့ မိသားစုရဲ့ ခေါင်းဆောင်ကတော့ Sara ရဲ့ အဖေ Saif Ali Khan ပဲ ဖြစ်ပါတယ်။

READ
မင်းသားကြီး ရှာရွတ်ခမ်းကို နာမည်ကျော်စေခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားကောင်းများ

၂။ Sara ဟာ ပညာတတ်ဘွဲ့ရတစ်ယောက်ဖြစ်ပါတယ်

Sara ကတော့ တော်ဝင်မိသားစုထဲမှာ ကြီးပြင်းလာခဲ့ရပေမယ့် အရွယ်ရောက်တဲ့အခါမှာလဲ မိသားစုလောင်းရိပ်အောက်ကထွက်ပြီး New York မြို့ရှိ Columbia University မှာ သွားရောက် ပညာသင်ကြားခဲ့ပါတယ်။ သုံးနှစ်အကြာမှာတော့ History and Political Science ဘွဲ့ကို ယူနိုင်ခဲ့ပါတယ်။

၃။ Sara ဟာ မယုံကြည်နိုင်လောက်အောင် ခန္ဓာကိုယ်ပြောင်းလဲမှုကိုလုပ်နိုင်ခဲ့ပါတယ်

Sara ဟာ ဆယ်ကျော်သက်အရွယ်တုန်းက Polycystic Ovary Syndrome(PCOS) လို့ခေါ်တဲ့ ရောဂွါကို ခံစားခဲ့ရပါတယ်။ ဒါကြောင့် Sara ဟာ ငယ်ငယ်ကတည်းက ဝဝကစ်ကစ်လေးပါတဲ့။ သူမရဲ့ဝါသနာက သရုပ်ဆောင်မင်းသမီးဖြစ်ဖို့ဆိုတော့ ၂၀၁၆ ခုနှစ်ရောက်တဲ့အချိန်မှာ အားကစားတွေ လုပ်၊ အစားအစာကို သင့်တင့်လျှောက်ပတ်အောင်စားပြီး ယုံချင်စရာ မကောင်းလောက်အောင်ကိုပဲ ခန္ဓာကိုယ်ပြောင်းလဲမှုကြီး လုပ်နိုင်ခဲ့ပါတယ်။

READ
စီလီကွန်ကောလဟာလမှာ မဟုတ်မမှန်းကြောင်းငြင်းဆိုခဲ့တဲ့ မေပန်းချီ

၎။ Sara ဟာ မိသားစုကို အရမ်းချစ်ပါတယ်

Sara ဟာ အသက် ၉နှစ်အရွယ် ငယ်ငယ်လေးကတည်းက မိဘနှစ်ပါးဟာ ကွာရှင်းခဲ့တာဖြစ်ပါတယ်။ ဒါကြောင့်လည်း သူမဟာ မိသားစုကို သာမန်ထက် အရမ်းချစ်ခဲ့တာပါ။ ကွာရှင်းခါစက Sara အဖေဟာ သူနဲ့ လာတွေ့ဖို့ Sara ကို ခွင့်မပြုခဲ့ပါဘူး။ ဒါကြောင့်ပဲ နောက်ပိုင်းမှာတော့ သူမရဲ့ မိဘနှစ်ပါးဟာ အဆင်ပြေသွားပြီး ပြန်ပေါင်းသင်းခဲ့ကြပါတယ်။

Pyi Hein Kyaw

SHARE