အလုပ်အင်တာဗျူး ဖြေဆိုတဲ့အခါမှာ လုံးဝမပြောသင့်တဲ့ အကြောင်းအရာ (၄)မျိုး

အလုပ်အင်တာဗျူး ဖြေဆိုရတာဟာ အရွယ်ရောက်ပြီးသူတိုင်း နီးပါးလောက် ရင်ဆိုင်ဖြတ်သန်းရတဲ့ စာမေးပွဲတစ်မျိုးပါ။ အရမ်းကို သတ္တိကောင်းပြီး တည်ငြိမ်လွန်းလှပါတယ်ဆိုတဲ့ လူတွေတောင်မှ အလုပ်အင်တာဗျူးဖြေဆိုတဲ့အခါမှာ ကြောက်အားလန့်အားနဲ့ အယောင်ယောင် အမှားမှား ဖြေဆိုတတ်လေ့ရှိပါတယ်။ ဘယ်လောက်ပဲပဲ ကြိုတင် ပြင်ဆင်ထားပါစေ လွဲချော်မှုအများဆုံး အရာတွေထဲမှာ အလုပ်အင်တာဗျူးလည်း တစ်ခုအပါအ၀င်ပါ။

ဥရောပ အလုပ်သမားသမ္မဂရဲ့ မန်နေဂျင်းဒါရိုက်တာ ဒေးလ်ဝီလျံနဲ့ အဖွဲ့ဟာ တစ်ကမ္ဘာလုံးက အလုပ်အင်တာ ဗျူးဖြေဆိုမှုပေါင်း မြောက်မြားစွာကို လေ့လာပြီး သုတေသနပြုလုပ်ခဲ့ပါတယ်။ ဒီထဲကမှ အလုပ်အင်တာဗျူး ဖြေဆိုတဲ့သူတွေ အများစု မှားယွင်းလေ့ရှိတဲ့ အရာတွေကို သိရှိခဲ့ပါတယ်။ အလုပ်အင်တာဗျူး ဖြေဆိုသူတွေဟာ သူတို့ရဲ့ အလုပ်ရှင်သစ်ဖြစ်လာနိုင်တဲ့ အင်တာဗျူးသူတွေနဲ့ အဆင်ပြေအောင် စဉ်းစားပြီး ဖြေဆိုရပါတယ်။ အင် တာဗျူးသူတွေ အထင်ကြီးမယ်ထင်ပြီး ပြောဆိုမိရင် ဒုက္ခရောက်နိုင်လို့ လုံးဝမပြောသင့်တဲ့ အကြောင်းအရာ(၄) မျိုးကို ဖော်ပြပေးလိုက်ပါတယ်။

(၁) ဘာအားနည်းချက်မှ မရှိသလိုနေပြီး ဘက်စုံတော်ချင်ယောင် မဆောင်ပါနဲ့

အင်တာဗျူးဖြေတဲ့သူတိုင်းမှာ သူတို့ကို အင်တာဗျူးတဲ့လူတွေ အထင်ကြီးတာကို ခံချင်ကြပါတယ်။ ဒါကြောင့် ကိုယ့်အကြောင်း ဘာနည်းချက်မှ မရှိဘဲ ဘက်စုံတော်နေတဲ့ ပုံစံမျိုး မကြာခဏပြောလေ့ရှိပါတယ်။ အလုပ်ခန့်ဖို့ အင်တာဗျူးသူတွေဟာ လူတိုင်းမှာ အားသာချက်၊ အားနည်းချက် ရှိတယ်ဆိုတာကို နားလည်ပြီးသားပါ။ အဲဒီလိုမျိုး အရမ်းတော်နေတဲ့ ပုံစံမျိုးသွားပြောမိရင် ကိုယ့်ကို လူလိမ်လို သဘောထားပြီး အထင်သေးသွားနိုင်ပါတယ်။

READ
Disney အမျိုးသမီး ဇာတ်ကောင်အများစု အပြာရောင်ဝတ်ရတဲ့ အကြောင်းအရင်း

(၂ ) လက်ရှိ(သို့မဟုတ်) အရင်အလုပ် အကြောင်း မကောင်းမပြောပါနဲ့

အလုပ်လက်မဲ့ဖြစ်နေလို့ အလုပ်လျှောက်တဲ့ လူတွေရှိသလို လက်ရှိအလုပ်ထက် ပိုကောင်းပြီး အခွင့်အရေးတွေ သာမယ်ထင်လို့ အလုပ်သစ်ကို လျှောက်တဲ့လူတွေလည်း ရှိပါတယ်။ တကယ်လို့ လက်ရှိအလုပ်ကို လုပ်နေရင်း နဲ့ နောက်ထပ်အလုပ်သစ်အတွက် အင်တာဗျူးဖြေမယ်ဆိုရင်တော့ လက်ရှိအလုပ်အကြောင်းကို မကောင်းမ ပြောမိပါစေနဲ့။ သင်ဟာ သင်အကောင်းဆုံးကြိုးစားပေမယ့် သင့်ကို အခွင့်အရေးမပေးတယ်လို့ ယူဆပြီး ပြော ကောင်းပြောမိပါလိမ့်မယ်။ ဒါပေမယ့် သင့်ကို အင်တာဗျူးတဲ့သူကတော့ သင့်ကို အတင်းတုတ်တဲ့သူလို့ပဲ သဘောထားမှာပါ။ သင်ယူဆသလို ထင်ပေးမှာ မဟုတ်ပါဘူး။

CIO

(၃) ဒီနေရာကလွဲရင် နောက်တစ်နေရာမှာ အလုပ်လျှောက်ဖို့ မကြိုးစားဘူးလို့ မပြောမိပါစေနဲ့

သင်ဟာ သင့်အလုပ်ရှင်သစ် ဖြစ်လာနိုင်မယ့်သူကို အလေးထားတဲ့အကြောင်း ပြတဲ့အနေနဲ့ သူ့ဆီမှာပဲ အလုပ်လျှောက်ပါတယ်၊ တစ်ခြားနေရာမှာ အလုပ်လျှောက်ဖို့ မကြိုးစားပါဘူးလို့ ပြောကောင်းပြောမိပါလိမ့်မယ်။ အင်တာဗျူးတဲ့သူကတော့ သင့်ကို အပျင်းကြီးသူ၊ အခွင့်အရေးသစ်တွေကို ရှာဖွေဖို့ မကြိုးစားသူလို့ မြင်သွားဖို့ ရာခိုင်နှုန်းများပါတယ်။

READ
ဖြစ်ရပ်မှန်တွေကိုသာ အခြေခံပြီး ရိုက်ကူးထားတဲ့ သည်းထိတ်ရင်ဖို ရုပ်ရှင်များ

(၄) အားလပ်ရက်အကြောင်း ဆွေးနွေးတာကို ရှောင်ပါ

ခန့်မှန်းလစာဆိုတာ အင်တာဗျူးမှာ သင်မဖြစ်မနေ ဆွေးနွေးရမယ့် ခေါင်းစဉ်တစ်ခုပါ။ သင်အနေနဲ့ ထိုက်တန် မယ်ထင်တဲ့ ပမာဏတစ်ခုကို တောင်းဆိုမှာဖြစ်သလို အလုပ်ရှင်ဘက်ကလည်း သင့်ကိုပေးမယ့် ပမာဏတစ်ခု ကို စဉ်းစားပြီးသား ဖြစ်မှာပါ။ သင့်အတွက် တန်ရာတန်ကြေးပေးပြီး အလုပ်လုပ်ဖို့ ကမ်းလှမ်းနေချိန်မှာ သင်က အားလပ်ရက်အကြောင်း ဆွေးနွေးတယ်ဆိုရင် အလုပ်စမလုပ်ခင်ကတည်းက အခွင့်အရေးကြိုတောင်းတဲ့ ပုံစံ မျိုးပေါက်သွားပါလိမ့်မယ်။

Source : DailyMail

SHARE