သခင်ရဲ့ ဂရုစိုက်မှုကို ဘယ်သူ့ကိုမှ ခွဲမပေးချင်တဲ့ ခွေးလေးတွေရဲ့ ချစ်စဖွယ် ပုံရိပ်များ

[email protected],@HarroMongorian

ခွေးလေးတွေဆိုတာ လူတွေရဲ့ ချစ်တာကို အရမ်းလိုချင်တတ်တဲ့ တိရစ္ဆာန်လေးတွေပါ။ သူတို့ကို အိမ်မှာမွေးထားတဲ့အချိန် နောက်ထပ်ကြောင်ကလေးတွေ၊ ငှက်ကလေးတွေ အစရှိတဲ့ အိမ်မွေးတိရစ္ဆာန်လေးတွေကို ထပ်မွေးရင်လည်း သူတို့က မကြိုက်ကြပါဘူး။ ဒီနောက်ထပ်အကောင်သစ်လေးတွေ မွေးလိုက်လို့ သူတို့သခင်တွေရဲ့ အချစ်ကို နောက်ကောင်တွေဆီကို မပေးချင်တတ်ကြပါဘူး။ ဒါတောင်မှ မျိုးမတူတဲ့ သတ္တဝါတွေကို မွေးတာနော်။

ခွေးရှိပြီးသား အိမ်တစ်အိမ်မှာ နောက်ထပ် ခွေးတစ်ကောင်ထပ်မွေးဖို့ဆိုတာ မလွယ်ကူပါဘူး။ တခြားမျိုးမတူတဲ့တိရစ္ဆာန်တွေ မွေးရင်တောင် မကြိုက်ကြတာ၊ မျိုးတူခွေးလေးတွေထပ်မွေးရင် ပထမရှိပြီးသားခွေးလေးတွေကတော့ တော်တော့်ကို မနာလိုဖြစ်ကြမှာပါပဲ။ အောက်ကပုံကလေးတွေကတော့ နောက်ထပ်ခွေးလေးတစ်ကောင်အိမ်ကိုရောက်လာတဲ့အခါ ဖြစ်သွားတတ်တဲ့ ပထမရှိပြီးသား ခွေးကလေးတွေရဲ့ ချစ်စဖွယ်ကောင်းတဲ့ပုံရိပ်လေးတွေပဲ ဖြစ်ပါတယ်။

နောက်အသစ်ရောက်လာတဲ့ ဘေးက အမကြီးကို တော်တော်ချစ်တဲ့ပုံပဲ

PamelaNeary

ဟာ….ဘယ်ကကောင်လဲကွာဆိုတဲ့ ရုပ်မျိုး

HarroMongorian

ဒီနှစ်ကောင်ကတော့ ချစ်မယ့်ပုံပဲ…ညီအမနှစ်ယောက်တော်တော်ပျော်နေမယ့်ပုံစံမျိုး

READ
နိုင်ဂျီးယားလွှတ်တော်ပိုင် ငွေသန်း(၇၀)ကို မျောက်တွေက ခိုးယူခဲ့ဆိုတဲ့ကိစ္စ လူရယ်စရာဖြစ်
bouncyivy

ငါ့ကိုရိုက်နေတာလေကွာ…မင်းကိုဘယ်သူခေါ်လို့ မင်းကရောက်လာတာလဲဆိုတဲ့အထာ

maxwalterandjo

မွေးမယ့်မွေး ကျွန်တော့်ထက်သေးတယ့်ကောင်လေးမွေးပါလား သခင်ရာဆိုတဲ့ ရုပ်မျိုး

myfurmonkeys

ဒီကောင်ကို အမြန်ဆုံးကျွန်တော့်နားကခေါ်သွားစမ်းပါဗျာလို့ အသနားခံနေပုံ

Dustin Berryman

နောက်မှပွင့်တဲ့ပန်းက ခွေးပါးဝလိုက်တာဗျာ

Chaya Breslow

စီနီယာတွေ ဂျူနီယာတွေမေ့ထားလိုက်…ခဏအိပ်မယ်နော်ဆိုတဲ့အချိုး

RRT2017

တကယ်တော့ ဒီပုံမှာ ခွေးနှစ်ကောင်ရှိတာပါ…သေချာရှာကြည့်ပါ

thunderpope13

အဖြူလေးသာနဂါးဆိုရင် အညိုကောင်ပြာကျနေတာကြာပေါ့

diamondbro43

Pyi Hein Kyaw

SHARE