တောင်ဝင်ရိုးစွန်းဒေသက ပဲ့ထွက်ခဲ့တဲ့ မြို့တစ်မြို့စာအရွယ် ဧရာမ ရေခဲတုံးကြီး

Unsplash/elmvilla

အအေးခွက်ထဲက ရေခဲတုံးလေးတွေ အရည်ပျော်ကျသွားတာကို ကြည့်ရတာ စိတ်ကျေနပ်စရာ တစ်မျိုးကောင်းပါတယ်။ ငယ်ငယ်တုန်းကလည်း ရေခဲသေတ္တာထဲက ရေခဲတုံးတွေကို ရေကန်ထဲထည့်ပြီး အရည်ပျော်တာကို ကြည့်ပြီး ကစားခဲ့ကြဖူးမှာပါ။

အခုကတော့ ဒီလိုရေခဲတုံးသေးသေးလေးတွေမဟုတ်ပါဘူး တောင်ဝင်ရိုးစွန်း အန္တာတိတ်ဒေသရဲ့ Amery Ice Shelf လို့ခေါ်တဲ့ ရေခဲကမ်းပါးပြင်ကနေ မက်ထရစ်တန်ချိန် ၃၁၅ ဘီလီယံ ပမာဏရှိတဲ့ ရေခဲပြင်ကြီးဟာ ၂၀၁၉ ခု၊ စက်တင်ဘာ ၂၆ ရက်နေ့မှာ ပဲ့ကျသွားခဲ့ပါတယ်။ ဒီပမာဏဟာ ထိုင်းနိုင်ငံရဲ့ မြို့တော် ဘန်ကောက် အရွယ်အစားရှိပါတယ်။

သိပ္ပံပညာရှင်တွေက ဒီရေခဲပြင်ကြီး ပဲ့ကျသွားရတဲ့အကြောင်းအရင်းကတော့ ရာသီဥတု ပူပြင်းလာတာကြောင့်မဟုတ်ဘဲ သဘာဝ အတိုင်း သူ့ဟာသူ သဘာဝအတိုင်း ဖြစ်တာလို့ ပညာရှင်တွေကတော့ ဆိုပါတယ်။

 

အဓိက က ရေခဲမြစ်နဲ့ ဆက်စပ်နေတဲ့ အပိုင်းအစက ပြုတ်သွားတဲ့ အခါ ဒီလို ပဲ့ကျမှုတွေဖြစ်လာရတာပါ။ ဒီလိုပဲ့ကျရတာကလည်း နှင်းတွေက မြစ်ရဲ့အထက်မှာ သွားပြီးစုပုံတာများလာတဲ့အခါ မျှခြေဖြစ်လာဖို့ သဘာဝတရားက သူ့ဟာသူ ပြုပြင်တာဖြစ်တယ်လို့ သိရပါတယ်။

READ
ကမ္ဘာကြီးရဲ့ အလှအပကို ရင်သပ်ရှုမောဖွယ်ကောင်းလောက်အောင် ဖော်ပြထားတဲ့ ဓာတ်ပုံများ

 

ဧရာမ ရေခဲစိုင်တွေ ပြိုကျဖို့ ရေခဲစိုင် အရွယ်အစားအသေးနဲ့ အလတ်စား ၄၀,၀၀၀ လောက် Greenland ကနေအရင်ပြိုကျတတ်ပါတယ်။ ပြိုကျခဲ့တဲ့ ရေခဲစိုင်တွေအားလုံးထဲမှာ ဒီတစ်ခေါက်ပြိုကျခဲ့တဲ့ ရေခဲစိုင်ကတော့ အကြီးဆုံးဖြစ်တယ်လို့ သိရပါတယ်။

READ
ကမ္ဘာကြီးရဲ့အလှအပတွေကို ဝေဟင်ထက်ကငှက်ကလေးတွေလို မြင်ကြည့်ကြပါလား။

Lwin Min

 

SHARE