ဘယ်လ်ဂျီယံနိုင်ငံရဲ့ အာဒန်းနက်စ် တောအုပ်အတွင်းမှ ဧရာမမှင်စာကြီးများ

thomasdambo.com

ကမ္ဘာပေါ်မှာ ယခုနောက်ပိုင်း အမှိုက်စွန့်ပစ်မှုပြဿနာကတော်တော်လေးစဉ်းစားစရာကိစ္စတစ်ခုဖြစ်နေပါပြီ။ လူသားတွေ စွန့်ထုတ်ပစ်နေတဲ့ နေ့စဉ် အမှိုက်ပမာဏက ပိုပိုကြီးထွားလာနေပြီး ဒါကိုဖြေရှင်းနိုင်ဖို့ လူသားတွေအားလုံးကြိုးစားအဖြေရှာနေကြပါတယ်။

thomasdambo.com
thomasdambo.com

အခုလည်း ဘယ်လ်ဂျီယန်နိုင်ငံက De Schorre  တောအုပ်ထဲမှာ Thomas Dambo လို့ခေါ်တဲ့ ဗိသုကာပညာရှင်တစ်ယောက်က မှင်စာကြီးတွေကို ဖန်တီးခဲ့တာပါ။ သူက လူတွေစွန့်ပစ်လိုက်ပေမယ့် ပြန်လည်အသုံးပြုလို့ရတဲ့ပစ္စည်း တွေ ကို သစ်သားတွေနဲ့ပေါင်းစပ်ပြီး အရုပ်အကြီးကြီးတွေကို တည်ဆောက်ခဲ့တာပါ။

ဒီလို မျိုးအရုပ်တွေကိုဖတ်တီးရတာက လူတွေအနေနဲ့ အမြဲတမ်း ဖုန်းတွေ၊ ကွန်ပြူတာတွေ ကိုပဲကြည့်နေရတာဖြစ်လို့  De Schorre တောအုပ်ကို လာလည်တဲ့အခါမှာ ထူးဆန်းတဲ့ သဘာဝအလှတရားတွေ ကို ခံစားမိစေလိုတာကြောင့်လို့ Thomas Dambo ကပြောပါတယ်။

thomasdambo.com
thomasdambo.com

နောက်ပြီး လူတွေစွန့်ပစ်လိုက်တဲ့ ပစ္စည်းတွေက အသုံးမပြုပဲဒီတိုင်းထားလိုက်ရင် သဘာဝကို ထိခိုက်စေပြီး တကယ်တမ်းပြန်အသုံးပြုတတ်ရင်တန်ဖိုးရှိတဲ့အရာတစ်ခုပြန်ဖြစ်စေနိုင်ကြောင်း သိစေလိုတာကြောင့် ဒီလိုမျိုးအရုပ်ကြီးတွေ ဖန်တီးဖြစ်ခဲ့တယ်လို့လည်း Thomas ကပြောပါတယ်။

READ
(၂၀၁၉) ခုနှစ်အတွက် ခရီးသွားလာရန်မသင့်တဲ့ ကမ္ဘာ့အန္တရာယ်အများဆုံးနိုင်ငံများ

Thomas က ကလေးဘဝတည်းက ပုံပြင်တွေ ကိုနှစ်သက်ခဲ့တဲ့သူတစ်ယောက်ပါ။ အခုလုပ်ဖြစ်တဲ့ Project က  “The 7 Trolls and The Magical Tower.” လို့ခေါ်ပြီး မြန်မာလိုဆိုရင် မှင်စာ ၇ ကောင်နဲ့ မှော်ဝင် မျှော်စင်လို့ အဓိပ္ပါယ်ရပါတယ်။ မှင်စာရုပ်တွေရဲ့ အမြင့်က ၂၃ပေ ကနေ ၅၉ပေ အထိမြင့်ပြီး မျှော်စင်က ၅၆ပေ ထိမြင့်ပါတယ်။ ဒါတွေကို ပြီးစီးဖို့ လူ ၁၅ ယောက်အထိသုံးခဲ့ရပြီး ၂၅ ပတ်လောက်အချိန်ယူခဲ့ရတာပါ။

thomasdambo.com

အသုံးပြုခဲ့တဲ့သစ်သားတွေကလည်း Super Market တွေကမသုံးတော့တဲ့စင်တွေ သစ်ပင် အကျိုးအပဲ့တွေကိုသာအသုံးပြုခဲ့တာပါ။ ဒီထူးဆန်းတဲ့ မှင်စာရုပ်တွေက  ဘယ်လ်ဂျီယံနိုင်ငံက  De Schorre တောအုပ်ထဲမှာရှိနေပြီး လာရောက်လည်ပတ်သူတွေအတွက် အံသြမင်သက်စရာတစ်ခုဖြစ်နေပါတော့တယ်။

READ
သဘာဝရဲ့ မျက်နှာသာပေးခြင်းခံရတဲ့ နော်ဝေးနိုင်ငံက အလည်အပတ်သွားစရာနေရာများ

Lwin Min

SHARE