တကယ်မချစ်ဘဲ မုန့်ညာစားနေလို့ လှလှပပ ပညာအပေးခံခိုက်ရတဲ့ ကောင်မလေး

Shutterstock/Joshua Resnick

ဘယ်ယောက်ျားလေးမဆို ကိုယ့်ချစ်သူကောင်မလေးက တကယ်ချစ်တာကို လိုချင်ကြတာကြီးပါပဲ။ ဒါပေမယ့် အမျိုးသားတစ်ယောက်ကတော့ သူ့ချစ်သူကောင်မလေးဟာ သူ့ကို တကယ်မချစ်ပဲ မုန့်ညာစားဖို့သက်သက်တွဲနေတာ သိလိုက်ရတော့ တော်တ်ေခံစားသွားရတဲ့ပုံပါပဲ။

“ကျွန်တော်တို့နှစ်ယောက်ဟာ လူမှုကွန်ယက်ပေါ်ကနေတစ်ဆင့် တစ်ဦးနဲ့တစ်ဦးရင်းနှီးခဲ့ကြတာပါ။ အချိန်ကြာလာတာနဲ့အမျှ သံယောဇဉ်ဖြစ်လာပြီး အပြင်တွေဖို့ ချိန်းဖြစ်ခဲ့ကြတာပါ”လို့ အမျိုးဘက်က ပြောပြခဲ့ပါတယ်။

Freepik/pexels

“စတွဲတုန်းကတော့ တော်တောအဆင်ပြေပါတယ်။တစ်ယောက်နဲ့တစ်ယောက် အရမ်းကြီးလဲ မချုပ်ချယ်ကြပါဘူး။ မုန့်သွားစားကြတယ်၊ ရုပ်ရှင်ကြည့်ကြတယ်၊ ဂိမိးတွေသွားဆော့ဖြစ်ကြတယ်၊ ရှော့ပင်ထွက်ကြတယ်၊ ဒီလောက်ပါပဲ။ တွဲလာပြီး နှစ်လကြာတော့ သူ့သူငယ်ချင်းတစ်ယောက်က ကျွန်တော်ဒီ screenshoot ပို့ခဲ့ပါတယ်။ အဲဒီဟာကိုကြည့်ပြီး ကျွန်တော် ဘာဆက်ပြောရမှန်းတောင်မသိတော့ဘူး။ တော်တော်စိတ်ပျက်သွားတယ်ဗျာ” လို့ ပြောပြလာခဲ့ပါတယ်။

Imgur

“နောက်ဆုံးတော့ ကျွန်တော်အကြံတစ်ခုရသွားတယ်ဗျ။ ဒါနဲ့ပဲ ကောင်မလေးကို တစ်ရက်လောက်အေးဆေးဒိတ်လုပ်ဖို့ ချိန်းလိုက်တယ်။ အဲဒီချိန်းလိုက်တဲ့ဆိုင်က တော်တော်ဈေးကြီးတယ်ဗျ။ စားပွဲတစ်ခုကို အနည်းဆုံး ဒေါ်လာ၄၀နဲ့ ၆၀ကြားမှာရှိတယ်။ ဆိုင်လဲရောက်ရော တကယ့် အကောင်းစားထိပ်တန်းအစားအစာတွေပဲ မှာတယ်။ဝိုင်တွေ၊ ရေခဲမုန့်တွေ တကယ့်ကောင်းပေ့ညွန့်ပေတွေကိုပဲ ကျွန်တော်ရွေးမှာခဲ့တယ်။ခဏလဲကြာရော အိမိသာသွားမယ်ဆိုပြီး ကျွန်တေ် လစ်ထွက်လာခဲ့တာပဲ။ နောက်သိပ်မကြာပါဘူး။၄၅မိနစ်လောက်လဲကြာတော့ ကျွန်တော့်ကို ဖုန်းဆက်လာတယ်။ သူ့မှာ ပိုက်ဆံမပါလို့ သူ့အမေလာရှင်းပေးသွားလိုက်ရတယ်ဆိုတဲ့အကြောင်း၊ သူနဲ့ကျွန်တော်ဇာတ်လမ်းလဲပြီးသွားပြီဆိုတဲ့အကြောင်း ပြောပြီး ဖုန်းချသွားခဲ့ပါတယ်။ ကျွန်တော်လဲသူ့ကို တကယ်ချစ်ခဲ့ပါတယ်။ဒါပေမယ့် ဒီလိုနည်းလမ်းနဲ့ပဲ သူနဲ့ကထိုက်တန်လို့ ဒီလိုလုက်ပြီး ထားခဲ့ရတာပဲ”လို့ ပြောကြားခဲ့ပါတယ်။

READ
ဆံပင်ညှပ်ဆရာတွေကို " အဆင်ပြေသလိုသာ ညှပ်ပေးပါ" လို့ ပြောလိုက်မိတဲ့အခါ

Pyi Hein Kyaw

SHARE