အမေဇုန်မြစ်ကြောမှာ ကြောက်မက်ဖွယ် အန္တရာယ်တစ်ခုဖြစ်လာတဲ့ သတ္တ၀ါမျိုးစိတ်

ရွှေရောင်ယောက်သွားတစ်မျိုးဟာ အမေဇုန်မြစ်တွေရဲ့ အစာကွင်းဆက်ကို ပြောင်းလဲစေခဲ့ပြီး မြစ်တွင်းနေ သတ္တ၀ါတွေကို အနှောင့်အယှက်ဖြစ်စေခဲ့ပါပြီ။ ၄င်းရွှေရောင်ရှိတဲ့ ယောက်သွားတွေဟာ မြစ်တွင်းနေ သတ္တ၀ါတွေကို သေစေတဲ့အပြင် ရေပိုက်တွေကိုလည်း အုံနဲ့ကျင်းနဲ့ ပိတ်ဆို့ထားတဲ့ ဖြစ်ရပ်တွေ ရှိနေပြီဖြစ်ပါတယ်။

goodtimes

၎င်းယောက်သွားတွေဟာ အဆိပ်ငွေ့တွေကို လွှတ်ထုတ်တတ်ပြီး သူတို့ဆီကထွက်တဲ့ အဆိပ်ကြောင့် မြစ်တွင်းမှာ အောက်ဆီဂျင်ပမာဏဟာ ဆိုးဆိုးရွားရွားလျော့ချလာတဲ့ အခြေအနေမျိုးနဲ့ တွေ့ကြုံနေရပါတယ်။ အမေဇုန်မြစ်ကြောတွေဟာ ကမ္ဘာပေါ်က ရေချိုငါးမျိုးစိတ်အများဆုံး ကျင်လည်ပေါက်ဖွားကြတဲ့ နေရာတစ်ခု ဖြစ်ပါတယ်။ ဒါကြောင့် အခုတွေ့ရတဲ့ ယောက်သွားတွေသာ မြစ်ထဲမှာ ဆက်လက်ရှိနေဦးမယ်ဆိုရင် မြစ်ထဲနေထိုင်ကြတဲ ငါးတွေအတွက်တော့ အကြီးအကျယ်ဒုက္ခတွေ့ရမှာ ဖြစ်ပါတယ်။

goodtimes

ရေနေသတ္တ၀ါတွေကို အန္တရာယ်ဖြစ်စေတဲ့အပြင် ၄င်းယောက်သွားတွေဟာ ဓာတ်အားပေးပိုက်လိုင်းတွေ၊ စက်ရုံသုံးပိုက်လိုင်းတွေနဲ့ ရေဖြန့်ဖြူးတဲ့ပိုက်လိုင်းတွေပါမကျန် တွယ်ကပ်ပြီး လိုက်ပိတ်ဆို့တတ်ကြပါတယ်။ ယောက်သွားတွေကြောင့် ပျက်စီးဆုံးရှုံးရတဲ့ တန်ဖိုးဟာ တစ်နေ့ကို ဒေါ်လာ(၂) သောင်း ၀န်းကျင်ရှိတယ်လို့ ခန့်မှန်းထားပါတယ်။ မြစ်ထဲမှာရှိနေရာကနေ တဆင့် တဖြည်းဖြည်းနဲ့ ပြန့်ပွားလာပြီး လူနေအိမ်တွေရဲ့ ပိုက်ခေါင်းတွေအထိပါ အချိန်မရွေးရောက်သွားနိုင်တယ်လို့ ကျွမ်းကျင်ပညာရှင်တွေကတော့ သတိပေးထားပါတယ်။

READ
သဘာဝပတ်ဝန်းကျင် ပျက်စီးလာမှုကို Disney ဇာတ်ကောင်လေးတွေနဲ့ ဖော်ပြထားတဲ့ ပုံလေးများ
goodtimes

အခုတွေ့မြင်ရတဲ့ ရွှေရောင်ယောက်သွားမျိုးစိတ်ဟာ သဘာဝဂေဟာစနစ်မှာ ကြံ့ကြံ့ခံနိုင်တဲ့ သတ္တ၀ါတွေ ဖြစ်ကြပါတယ်။ အပူချိန်၊ ဆားဓာတ်ပါဝင်မှုနှုန်းနဲ့ အက်ဆစ်ဓာတ်ပါဝင်မှုနှုန်း စတာတွေကို မမှုပဲ ဘယ်လိုရေမျိုးမှာမဆို ရှင်သန်ပေါက်ဖွားနိုင်တယ်လို့ သိရပါတယ်။ အချိန်တိုအတွင်းမှာပဲ အများကြီး မျိုးပွားနိုင်တာကြောင့်လည်း ၄င်းတို့နဲ့ ပတ်သက်လို့ ပညာရှင်တွေက စိုးရိမ်ပူပန်နေကြတာ ဖြစ်ပါတယ်။

goodtimes

ယောက်သွားတွေဟာ တရုတ်ဘက်ကနေလာပြီး (၁၉၉၀) ခုနှစ်များလောက်မှာ လှေသင်္ဘောတွေဆီ တွယ်ကပ်လိုက်ပါရင်း အာဂျင်တီးနားကို ရောက်လာခဲ့တာဖြစ်ပါတယ်။ မကြာခင်မှာပဲ အာဂျင်တီးနား မြစ်ရေတွေထဲမှာ သူတို့တွေက အုံနဲ့ကျင်းနဲ့ အလျင်အမြန်ပွားများလာခဲ့တာ ဖြစ်ပါတယ်။ ပညာရှင်တွေဟာ ၄င်းယောက်သွားတွေကို သေစေဖို့ မြစ်ရေထဲ အဆိပ်ခတ်ဖို့ ကြံစည်ပါသေးတယ်။ ဒါပေမယ့် ယောက်သွားတွေဟာ အဆိပ်ကို သိနိုင်စွမ်းရှိတဲ့အပြင် ၄င်းတို့ရဲ့ အခွံကို ရက်သတ္တပတ်ပေါင်းများစွာကြာအောင် မဖွင့်ပဲ ပိတ်ထားနိုင်တာကြောင့် ယောက်သွားတွေမသေပဲ အခြား ရေနေသတ္တ၀ါတွေ သေသွားမှာကိုလည်း ပညာရှင်တွေက စိုးရိမ်လျက် ရှိနေပါတယ်။ လက်ရှိအထိတော့ ယောက်သွားတွေကို ဖယ်ရှားနိုင်မယ့်နည်းလမ်းတွေကို စမ်းသပ်ရှာဖွေနေကြဆဲ ဖြစ်ပါတယ်။

READ
ပျားတွေအတွက် မြေဧက ရာနဲ့ချီရှိတဲ့ခြံကြီးကို ဘေးမဲ့ပြုလုပ်ပေးခဲ့တဲ့ Morgan Freeman

လင်းလင်း (ShweMom)

Ref: goodtimes

SHARE