သူနဲ့အတူတူ ပေါင်(၂၂)သန်းလုံး အတူဖြုန်းနိုင်မယ့် အမျိုးသမီးကို ရှာဖွေနေတဲ့ အဖိုးကြီး

Twitter/SirBenjamin Slade

ကျွန်တော်တို့ မြန်မာနိုင်ငံကလူကြီးတွေကတော့ များသောအားဖြင့် အသက်၆၀ကျော်လာပြီဆိုတာနဲ့ ဘုရားရိပ်တရားရိပ်မှာ အေးအေးချမ်းချမ်းနေပြီး ဘဝကူးကောင်းအောင် လေ့လာလိုက်စားတတ်ကြပါတယ်။ဒါပေမယ့် တစ်ချို့လူကြီးတွေကြတော့ အသက်ကြီးမှ ပျော်ပျော်နေတတ်ကြတာများပါတယ်။ အဲဒီလူကြီးတွေထဲမှာ Baronet Sir Ben လို့ အမည်ရတဲ့ အဖိုးကြီးကတော့ ထိပ်ဆုံးက ပါဝင်မယ်ထင်ပါတယ်။

Twitter/Sir Benjamin Slade

အသက်၇၃နှစ်ရှိပြီ ဖြစ်တဲ့ Sir Benဟာ လက်ရှိမှာတော့ အခန်း၅၀ကျော်ပါဝင်တဲ့ သူရဲ့စံအိမ်ကြီးမှာ တစ်ယောက်တည်း အထီးကျန်စွာနေထိုင်နေပါတယ်။ ဒီအိမ်ကြီးကိုတောင် Channel 5 ရုပ်သံနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာ “အခန်း၅၀ကျော်ပါတဲ့ သူ့ရဲ့ အိမ်လေး”လို့တောင် သုံးနှုန်းသွားပါသေးတယ်။ Sir Benဟာ များသောအားဖြင့် သူ့ရဲ့အသက်ကို တခြားသူတွေမေးရင် ၅၆နှစ်လို့ပဲ လိမ်ပြောတတ်တဲ့အကျင့်ရှိပါတယ်။ဒါ့အပြင် သူဟာ အသက်၅၀ကျော်တဲ့ မိန်းမတွေကို မတွဲဘူးလို့သိရပါတယ်။

Twitter/Sir Benjamin Slade

“ငါက အသက်၅၀ကျော်တဲ့ အမျိုးသမီးတွေကို မတွဲဘူးကွ။သူတို့က ငါ့အတွက်အိုလွန်းတယ်။ငါဒိတ်မယ့် အမျိုးသမီးက ငယ်ငယ်ချောချောလေးဖြစ်ရမယ်။ ကိုယ်လုံးကိုယ်ပေါက်တောင့်ရမယ်။သူလိမမာရင် ငါ့ရဲ့ အားအင်တွေနဲ့ ပိုက်ဆံတွေက သူ့အတွက်ကြီးပဲ။ငါ့credit card ထဲက ပိုက်ဆံတွေကို သုံးစေချင်တဲ့ မိန်းကလေးမျိုးရှာနေတကြာပြီ”လို့ အင်တာဗျူးတစ်ခုမှာ Sir Benက ပြောကြားခဲ့ပါတယ်။

READ
သခင်တွေကို တိတ်တိတ်လေး အကဲဖြတ်နေတဲ့ ကြောင်တွေရဲ့ အမူအရာလေးများ
Twitter/Sir Benjamin Slade

“ငါတွဲမယ့် မိန်းကလေးက Scopios နှစ်မှာ မွေးတဲ့သူမဖြစ်ရဘူး။ မူးယစ်ဆေးမသုံးစွဲရဘူး။ အသက်၅၀မကျော်ရဘူး။ အရက်မသောက်ရဘူး။ စကြာဝဠာအကြောင်းစာအုပ်ကို ဖတ်ဖူးတဲ့သူ မဖြစ်ရဘူး။ငယ်ရွယ်ပြီး ချောမောရမယ်။ဒါတွေနဲ့ ပြည့်စုံရင်တော့ ငါ့နဲ့ လာတွဲလို့ရပါတယ်”လို့ ထပ်မံပြောကြားခဲ့ပါသေးတယ်။

Twitter/Sir Benjamin Slade

Pyi Hein Kyaw

SHARE