ဧည့်သည် ရုပ်ရှင်ဇာတ်ကားရဲ့ Trailer ထွက်ရှိ

ရင်ခွင်တံခါးကိုခေါက်၍ နှလုံးသားပေါ် ဖြတ်လျှောက်သွားတဲ့ ဧည့်သည် ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီး ကိုတော့ မေ လ (၃၀)ရက်နေ့မှာ ရုံတင်ပြသတော့မှာပါ။ဒီဇာတ်ကားကတော့ စတင်ရိုက်ကူးချိန်ကစပြီး ပရိသတ်စိတ်ဝင်စားမှု အများကြီး ရခဲ့တဲ့ ဇာတ်ကားပါ။ဒီဇာတ်ကားနဲ့ ရွှေထူးနဲ့ ရွှေမှုံရတီတို့ ဖူးစာဆုံခဲ့ကြတာပါ။ရွှေ-ရွှေစုံတွဲ ကို လက်ထပ်တဲ့အထိ ဖူးစာ ဆုံ စေခဲ့တဲ့ ဇာတ်ကားကြီးမို့ ထွက်ရှိ လာမယ့် အချိန်ကို စောင့်ဆိုင်းနေတဲ့ ပရိသတ်တွေ ကလည်း အများကြီးပါ။

 

ရင်ခွင်တံခါးကိုခေါက်၍ နှလုံးသားပေါ် ဖြတ်လျှောက်သွားတဲ့ ဧည့်သည် ဇာတ်ကားမှာ ပါဝင် ထားတဲ့ အဓိက သရုပ် ဆောင်တွေကတော့ ရွှေထူး၊ ရွှေမှုံရတီ နဲ့  နေခြည်ဦးပါ။ဧည့်သည်သရုပ်ဆောင် အဖြစ် ဖြိုးငွေ စိုးက ပါဝင် ပေး ထားပါတယ်။ဇာတ်လမ်း ၊ ဇာတ်ညွန်း – မိုးနီလွင်၊တွဲဖက် ဒါရိုက်တာ – ဥက္ကာ နဲ့ ဒါရိုက်တာ – ညွန့်မြန်မာ ညီညီအောင် ပါ။ထုတ်လုပ်ရေးကတော့ 7th Sense Film Production. ပါ။

READ
တိရစ္ဆာန်ဆေးကုခန်းမှာ မြွေကိုပထမဆုံးအကြိမ် မြင်ဖူးခဲ့တဲ့ ကြောင်ကလေးရဲ့အဖြစ်

ဧည့်သည် ရုပ်ရှင်ရဲ့ OFFICIAL TRAILER ကတော့ မေလ(၁၅)ရက်နေ့မှာ ထွက်ရှိလာခဲ့ပါတယ်။ထွက်ရှိပြီး နာရီ ၀က် လောက်အတွင်းမှာပဲ ကြည့်ရှုသူ12K Views အထိ ရှိခဲ့တာကိုတွေ့ရပါတယ်။နှင်းနု၊နေလ နဲ့ မြူမိုးတို့ရဲ့ (၃)ပွင့်ဆိုင် အချစ်ဇာတ်ကားလေးပါ။နေလမှာ နှင်းနုရှိနေတာကိုမသိခဲ့တဲ့ မြူမိုး၊မြူမိုးအပေါ် တိမ်းညွတ်မိမယ့် နေ လ..၊နေလကို အရမ်းချစ်တဲ့ နှင်းနု..သူတို့ ကြားက (၃)ပွင့်ဆိုင် ဇာတ်ကားကို ကြည့်ရတော့မှာပါ။

Source ဧည့်သည် ရုပ်ရှင်ဇာတ်ကားကြီး

SHARE