ခဲတံတစ်ချောင်းကနေအစပြုပြီး ကမ္ဘာကြီးကို ပိုကောင်းလာဖို့ ကြိုးစားခဲ့သူတစ်ဦး

အဒမ် ဘရွန်း (Adam Braun)ဟာ အမေရိကန်နိုင်ငံ နယူးယောက်မြို့က ငယ်ငယ်ရွယ်ရွယ်နဲ့ အောင်မြင်မှု ရနေတဲ့ လူငယ်စီးပွားရေးသမားတစ်ဦးပါ။ အသက်(၂၀)ကျော်အရွယ်မှာတင် အမေရိကန် ထိပ်တန်းတက္ကသိုလ်တစ်ခုဖြစ်တဲ့ ဘရောင်းတက္ကသိုလ်ကနေ စီးပွားရေးအထူးပြု ဘာသာရပ်နဲ့ဘွဲ့ရခဲ့ပြီး ပညာရေးမှာ ထူးချွန်သူလည်း ဖြစ်ပါတယ်။ ဘွဲ့ရပြီးနောက် ကမ္ဘာ့ငွေကြေးလုပ်ငန်းတွေရဲ့ ဗဟိုချက်မလို့ တင်စားလေ့ရှိတဲ့ နယူးယောက်မြို့ ဝေါစထိရိလမ်းထဲက ကုမ္ပဏီတစ်ခုမှာ လစာကောင်းကောင်းနဲ့ အလုပ်ရခဲ့ပါတယ်။

ဘွဲ့ရပြီး အလုပ်မ၀င်ခင် အချိန်မှာတော့ အဒမ်ဟာ Semester at Sea ဆိုတဲ့ ပညာရေး အစီအစဉ်တစ်ခုကြောင့် နိုင်ငံရပ်ခြားတိုင်းပြည်တွေက ပရဟိတလုပ်ငန်းတွေမှာ ပါဝင်ခွင့်ရခဲ့ပါတယ်။ အဒမ်ဟာ နိုင်ငံတော်တော်များများ ကို ရောက်ရှိခဲ့ပြီး ရောက်သမျှနိုင်ငံတိုင်းမှာလည်း ဒေသခံကလေးတွေကို မေးခွန်းတစ်ခု မေးလေ့ရှိပါတယ်။ “ကမ္ဘာပေါ်မှာ ဘာကို အလိုချင်ဆုံးလဲ” ဆိုတဲ့ မေးခွန်းပါ။

CNN
CNN

အိန္ဒိယမှာတော့ အဒမ်ရဲ့ ဘ၀ကို ပြောင်းလဲသွားစေမယ့် အဖြစ်အပျက်တစ်ခု ကြုံတွေ့ခဲ့ရပါတယ်။ အဲဒါကတော့ အိန္ဒိယကလေးငယ်တစ်ဦးကို ဘာအလိုချင်လုံး မေးလိုက်တဲ့ အချိန်မှာ ကလေးငယ်လေးရဲ့ အဖြေက အဒမ့်ကို အရမ်း အံ့အားသင့်သွားစေခဲ့ပါတယ်။ ကလေးငယ်လေး အလိုချင်ဆုံးက စာသင်ဖို့အတွက် ခဲတံတစ်ချောင်းပါ။

READ
အင်ဂျင်မီးလောင်နေပေမယ့် သံမဏိစိတ်ထားနဲ့ ခရီးသည်တွေကို ကယ်တင်ခဲ့တဲ့လေယာဉ်မှုး

နယူးယောက်မြို့ကို ပြန်ရောက်လာပြီးနောက် ဝေါစထိရိလမ်းထဲမှာ လခကောင်းတဲ့ အလုပ်တစ်ခု ရခဲ့ပေမယ့် အဒမ်တစ်ယောက် မပျော်နိုင်ခဲ့ပါဘူး။ အိန္ဒိယက ကလေးငယ်လေးရဲ့ အဖြေဟာ သူ့နားထဲမှာ အမြဲလိုလို ပဲ့တင် ထပ်နေခဲ့ပါတယ်။ သူ့အသက် (၂၅)နှစ်အရွယ်မှာတော့ အဒမ်ဟာ သူ့ဘ၀အတွက် အရေးအပါဆုံး ဆုံးဖြတ်ချက် တစ်ခုကို ချခဲ့ပါတယ်။ (၂၀၀၈)ခုနှစ် အောက်တိုဘာလမှာ သူ့ကိုယ်ပိုင် (၂၅)ဒေါ်လာနဲ့ တစ်ကမ္ဘာလုံးက ကလေးငယ်တွေရဲ့ ပညာရေးကို တတ်စွမ်းသလောက် မြှင့်တင်ပေးဖို့ Pencils for Promise လို့ အမည်ပေး ထားတဲ့ ပရဟိတအဖွဲ့အစည်းတစ်ခုကို တည်ထောင်ခဲ့တာပါ။ (၂၀၁၀)ခုနှစ်မှာတော့ ပရဟိတအလုပ်တွေကို ပိုပြီးအချိန်ပေးနိုင်ဖို့ ကုမ္ပဏီအလုပ်ကပါ နှုတ်ထွက်ခဲ့ပါတယ်။

formomentum
formomentum
Linkdln

အဒမ်ဟာ သူ့ရဲ့ ပရဟိတလုပ်ငန်းအတွက် လိုအပ်တဲ့ ရန်ပုံငွေတွေကို တစ်ခြားလူတွေဆီက အလှူခံတာထက် ပျော်ပွဲရွှင်ပွဲတွေကို ၀င်ကြေးနဲ့ ကျင်းပတာ၊ ထူးခြားတဲ့ အစီအစဉ်လေးတွေ ကျင်းပပေးပြီး အမှတ်တရ ပစ္စည်းလေးတွေ ရောင်းချတာတွေက တစ်ဆင့် ရှာဖွေခဲ့ပါတယ်။ ပရဟိတလုပ်ငန်းမှာ ပါဝင်ကူညီချင်သူတွေက လည်း တတ်လောက်သလောက် အလှူငွေတွေ ထည့်ဝင်ကြသလို တစ်ချို့ကလည်း လုပ်အားဒါန ပြုပေးခဲ့ကြပါ တယ်။

READ
ဂိတ်စောင့် ဘ၀မှ စာကြိုးစားရင်း ရှေ့နေ့ဘ၀သို့ တက်လှမ်းနိုင်ခဲ့သူ

နောင်(၄)နှစ်အကြာ (၂၀၁၂)မှာတော့ Pencils for Promise အဖွဲ့အစည်းဟာ ကမ္ဘာတစ်ဝန်းမှာ ကျောင်းပေါင်း (၁၀၀)ကျော်ကို ဆောက်လုပ်ပေးနိုင်ခဲ့ပါပြီ။ အဲ့ဒီနောက်မှာတော့ အဒမ့်အတွက် ရန်ပုံငွေရရှိရေးဟာ ပိုမိုလွယ်ကူလာခဲ့ပြီး ကမ္ဘာတစ်ဝန်းက ကလေးငယ်တွေရဲ့ ပညာရေးကို စိတ်ဝင်စားသူတွေဟာ အဒမ်ရဲ့ အဖွဲ့အစည်းအ တွက် အားတက်သရော အလှူငွေတွေ ထည့်ဝင်ခဲ့ကြပါတယ်။

YouTube
EsquireMiddleEast

နောက်ဆုံးရ စာရင်းဇယား မှတ်တမ်းတွေအရတော့ (၂၀၁၇)နှစ်ကုန်အထိ Pencils for Promise ဟာ ကမ္ဘာ တစ်ဝန်းမှာ ကျောင်းပေါင်း(၄၁၀)ကျော်ကို ဆောက်လုပ်ခဲ့ပြီးဖြစ်သလို ကလေးသူငယ်ပေါင်း(၇၀,၀၀၀)ကျော် ကို အခြေခံပညာ သင်ကြားပေးနိုင်ခဲ့ပါတယ်။ လက်ရှိမှာ အသက်(၃၄)နှစ်ပဲ ရှိသေးပေမယ့် အဒမ် ဘရွန်းဟာ Forbes , Business Insider နဲ့ Time မဂ္ဂဇင်းတို့လို ကမ္ဘာကျော် မီဒီယာတွေထဲမှာ လေးကြားအတုယူဖွယ် လူငယ်တစ်ဦးအဖြစ် ထည့်သွင်းဖော်ပြပြီး ဂုဏ်ပြုထားခဲ့ကြောင်း ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်။

Instagram

Ref : Brightside, wikipedia

SHARE