အနောက်မှာ မီးတောင်ပေါက်ကွဲနေပေမယ့် မင်္ဂလာအခမ်းအနားကို အပျက်မခံခဲ့တဲ့ စုံတွဲ

Facebook/RandolfEvanPhotography

လူတစ်ယောက်ရဲ့ ဘ၀မှာ မင်္ဂလာဆောင်တဲ့နေ့ဆိုတာ အရေးကြီးပါတယ်။ အဲ့ဒီနေ့မှာ ရာသီဥတုကောင်းပါ့မလား၊ ဖိတ်ထားတဲ့သူတွေကတော့ အကုန်လာပါ့မလားဆိုတာ စိတ်ပူပင်ချင်စရာပါ။ ဒါပေမယ့် အချို့စုံတွဲတွေကျပြန်တော့လည်း ဘယ်လိုပဲ အနှောင့်အယှက်တွေရှိရှိ မင်္ဂလာဆောင်ကို ဖြစ်မြောက်အောင် ပြုလုပ်ကြပါတယ်။

ဥပမာဆိုရရင် အခုဖော်ပြပေးမယ့် သတို့သမီး ကိတ်နဲ့ သတို့သား ချီနိုတို့ စုံတွဲပါ။ Ladbible မှာ တွေ့ရတဲ့ သတင်းတစ်ပုဒ်အရ ကိတ်နဲ့ ချီနိုတို့ဟာ ပြီးခဲ့တဲ့ စနေ၊တနင်္ဂနွေပိတ်ရက်တစ်ရက်မှာ မင်္ဂလာဆောင်ခဲ့ပါတယ်။ သူတို့က ဖိလစ်ပိုင်နိုင်ငံ အယ်လ်ဖွန်ဆိုက ဖြစ်ပါတယ်။ သူတို့မင်္ဂလာမဆောင်ခင် အနီးနားက Taal မီးတောင် ပေါက်ကွဲမယ်ဆိုတဲ့ သတိပေးချက်ကို ကြားလိုက်ရပါတယ်။ ဒါပေမယ့် အရေးပေါ်လို့ မကြေညာတဲ့အတွက် ကိတ်နဲ့ ချီနိုတို့ဟာ မင်္ဂလာပွဲအတွက် အဆင်သင့်ဖြစ်နေခဲ့ကြပါတယ်။

Tuloy ang kasal! 😍January 12, 2020photo credits to 📸: @Warren S. Garcia

Posted by Savanna Farm Tagaytay by Solange on Sunday, January 12, 2020

ဒါပေမယ့် မင်္ဂလာမောင်နှံဟာ လျောက်လမ်းတစ်လျှောက် လမ်းလျှောက်လာစဉ်မှာပဲ ကောင်းကင်ထက်မှာ မီးတောင်ပြာလုံးကြီးတွေကို တွေ့လိုက်ရပါတော့တယ်။ ပေါက်နေတဲ့ မီးတောင်ကို နောက်ခံထားတဲ့ မင်္ဂလာမြင်ကွင်းဟာ ရှားပါးတဲ့အတွက် ဓာတ်ပုံဆရာ ရန်ဒေါ့ဖ်ကတော့ ကင်မရာနဲ့ အမိအရ ရိုက်ကူးနိုင်ခဲ့ပါတယ်။

READ
တံတားပေါ်က ခုန်ချမယ်ဆိုလို့ (2)နှစ်နာရီလောက် လူတွေက ၀ိုင်းထိန်းခဲ့ရသူ

မီးတောင်ရဲ့ အခြေအနေဟာ အလျင်အမြန်ပဲ အမြင့်ဆုံးနားထိ ရောက်လာခဲ့တာ ဖြစ်ပါတယ်။ မီးတောင် သတိပေးချက် အဆင့် (၅) ဆင့်ရှိတဲ့အနက် မင်္ဂလာစဆောင်စဉ်မှာ အဆင့် (၂) သာ ရှိခဲ့ရာကနေ သိပ်မကြာခင်မှာပဲ သတိပေးအဆင့် (၄) ထိ မြန်မြန်ဆန်ဆန်ပဲ တက်လာခဲ့တာဖြစ်ပါတယ်။

Facebook/RandolfEvanPhotography

နောက်ခံမှာ မီးတောင်ပေါက်နေပေမယ့် အားလုံးရဲ့ အခြေအနေကတော့ အေးအေးဆေးဆေးပါပဲ။ မင်္ဂလာဆောင်မှာတော့ အပြင်လူတွေကို အများကြီးဖိတ်တာမဟုတ်ပဲ မိသားစုဝင်တွေနဲ့ ရင်းနှီးတဲ့ သူငယ်ချင်းမိတ်ဆွေတွေသာ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။ မီးတောင်က ထွက်တဲ့ မီးခိုးလုံးတွေကလည်း မသိရင် မင်္ဂလာမောင်နှံအတွက် နောက်ခံကနေ တကူးတက ပြင်ဆင်ထားသလို အဖြူရောင်၊ အ၀ါရောင်၊ ပန်းရောင်ကနေ နောက်ဆုံး မီးခိုးရောင်ကို အမျိုးမျိုး ပြောင်းနေတာ ဖြစ်ပါတယ်။

Tuloy Ang Kasal #bulkangTaal #eruption #wedding #huaweinova5T #lightroom #TaalVolcano #TaalVolcanoEruption

Posted by Warren S. Garcia on Sunday, January 12, 2020

ပေါက်ကွဲခဲ့တဲ့ Taal မီးတောင်ဟာ ဖိလစ်ပိုင်မြို့တော် မနီလာမြို့ကနေ တောင်ဘက် (၄၅) မိုင် အကွာမှာ ရှိပါတယ်။ မီးတောင် ပေါက်ကွဲမှုကြောင့် လူပေါင်း (၈) ထောင်ခန့်ဟာ ဘေးလွတ်ရာကို ပြောင်းရွှေ့ခဲ့ရပါတယ်။ Taal မီးတောင်ဟာ နှစ်ပေါင်း (၄၅၀) အတွင်း (၃၄) ကြိမ်တိုင် ပေါက်ကွဲခဲ့ပြီဖြစ်ပြီး ဖိလစ်ပိုင်က ဒုတိယမြောက် အလှုပ်ရှားဆုံး မီးတောင်ရှင်တစ်ခု ဖြစ်တယ်လို့လည်း သိရပါတယ်။

Grabe ang lakas na

Posted by Warren S. Garcia on Sunday, January 12, 2020

မင်္ဂလာဆောင်အတွက် ဓာတ်ပုံရိုက်အဖွဲ့မှ တာဝန်ရှိသူတစ်ယောက်ကတော့ “ကျွန်တော်တို့အပါအ၀င် အခြားစီစဉ်သူတွေက မေးကြပါတယ်။ ကိတ်နဲ့ ချီနိုတို့ကို ပွဲဆက်လုပ်ချင်လား၊ ဒါမှမဟုတ် ပွဲရွှေ့ချင်လားပေါ့။ သူတို့က ဆွေးနွေးပြီး ဆက်လုပ်မယ်ဆိုလို့ ကျွန်တော်တို့ ဆက်လုပ်ဖြစ်ကြပါတယ်။ သူတို့စုံတွဲက ဒီလို မင်္ဂလာပွဲလုပ်ဖို့ လွန်ခဲ့တဲ့ (၈) နှစ်ကတည်းက ပြင်ဆင်လာခဲ့တာတဲ့။ ဘာပဲဖြစ်ဖြစ် သူတို့အတွက် နေ့ထူးနေ့မြတ်လေး ဖြစ်တာကြောင့် ကျွန်တော်တို့လည်း အစွမ်းကုန် ကူညီခဲ့ပါတယ်။ အမှတ်တရဖြစ်ရတဲ့ ပွဲလေးပါ…” လို့ ပြောပြပါသေးတယ်။

READ
ရေအိမ်တံခါးဖွင့်ပြီး အိပ်ရာက မထင်မှတ်တဲ့ဖြစ်ရပ်နဲ့ ရင်ဆိုင်တိုးခဲ့တဲ့ အဖွားအို

လင်းလင်း (ShweMom)

SHARE