နေ့စဉ်ပုံမှန် လမ်းလျှောက်ပေးခြင်းကြောင့် ရရှိလာနိုင်မယ့် ကျန်းမာရေးအကျိုးကျေးဇူးများ

နေ့တိုင်း ခြေလှမ်းပေါင်း (၁)သောင်းလမ်းလျှောက်ပေးနိုင်ဖို့က သင်တစ်နေ့တာ လုပ်သင့်တဲ့ ကျန်းမာရေး တာဝန်တစ်ခုပါ။ ဒီတာဝန်ကို နေ့စဉ်ရက်ဆက် ပြီးဆုံးအောင် လုပ်ပေးနိုင်ရင် သင် ထင်မှတ်မထားတဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေကို ရရှိစေမှာပါ။ လမ်းလျှောက်ပေးလို့ အကျိုးယုတ်တာမျိုးတော့ မရှိပါဘူး။ သင့်ရဲ့ကျန်းမာရေးအတွက် အလေ့အကျင့်လုပ်ပြီး နေ့တိုင်း မိနစ် (၃၀)ကျော်လောက်တော့ လမ်းလျှောက်ပေးဖို့ လိုအပ်ပါတယ်။ လမ်းလျှောက်ခြင်းကြောင့် ရရှိနိုင်မယ့် ကျန်းမာရေး အကျိုးကျေးဇူးတွေကိုလည်း  ဖော်ပြပေးလိုက်ပါတယ်။

(၁) Alzheimer ရောဂါ ဖြစ်ပွားနိုင်ချေကို လျော့နည်းစေတယ်
brightside

အသက်အရွယ်ကြီးလာရင် Alzheimer ရောဂါ လို့ခေါ်တဲ့ သတိမေ့ရောဂါမျိုး ဖြစ်လာတတ်ပါတယ်။ ကိုယ်ကာယာလေ့ကျင့်ခန်းဖြစ်ဖြစ် ၊ လမ်းလျှောက်တာဖြစ်ဖြစ် လုပ်ပေးတာက Alzheimer ရောဂါ ဖြစ်ပွားနိုင်ချေကို လျော့နည်းစေပြီး စိတ်နဲ့ခန္ဓာကိုယ်ရဲ့ ကျန်းမာရေးကိုပါ တိုးတက်လာစေပါတယ်။

READ
ကိုယ်လက်လေ့ကျင့်ခန်းလုပ်ဖို့ ပျင်းသူများအတွက်နည်းလမ်းကောင်း
(၂) အမြင်အာရုံတိုးလာမယ်
brightside

ခြေထောက်နဲ့ မျက်လုံးနဲ့ အကြောပေါင်းများစွာနဲ့ ဆက်စပ်နေတာကြောင့် လမ်းလျှောက်ခြင်းက မျက်လုံးကျန်းမာရေးအတွက် အထောက်အကူဖြစ်စေပါတယ်။ မျက်လုံးမှာဖြစ်တတ်တဲ့ ရေတိမ်တွေကို မဖြစ်အောင်ကာကွယ်ပေးပါတယ်။ ဒါကြောင့် လမ်းလျှောက်ပေးတာက သင့်ကျန်းမာရေးအတွက်ပါ အကျိုးမယုတ်စပေါဘူး။

(၃) နှလုံးရောဂါ ကိုကာကွယ်ပေးမယ်
brightside

နှလုံးနဲ့ ဆိုင်တဲ့ ရောဂါတွေ ၊ ရုတ်တရပ် နှလုံးရပ်သွားတာတွေကို ကာကွယ်ပေးနိုင်ဖို့ လမ်းလျှောက်ပေးပါ။ လမ်းလျှောက်ခြင်းကြောင့် နှလုံးနဲ့ ပတ်သက်တဲ့ ရောဂါတွေကို ကြိုတင်ကွာကယ်ပေးရာ ရောက်တဲ့အပြင် cholesterol ကိုလည်းလျော့နည်းသွားစေပြီး သွေးလည်ပတ်မှုကိုလည်းကောင်းစေပါတယ်။

(၄) အစာကြေစေမယ်
brightside

နေ့တိုင်း မိနစ် (၃၀)လမ်းလျှောက်ပေးတာက ကင်ဆာဖြစ်စေနှုန်းကို လျော့ချစေပြီး အစာချေဖျက်နှုန်းကိုပါ တိုးပွားလာစေနိုင်ပါတယ်။  နေ့တိုင်း အစာစားပြီးတဲ့ အခါလမ်းလျှောက်ပေးတာ လမ်းလျှောက်ပေးခြင်းက အစာကိုကြေစေနိုင်ရုံမက ၀ိတ်ပါကျစေနိုင်ပါတယ်။

READ
သက်ရှည်ကျန်းမာစေဖို့ တစ်နေ့တာလုပ်ရန်များ
(၅) အဆုတ်ကို အားကောင်းစေတယ်
brightside

လမ်းလျှောက်ပေးတာက ကိုယ့်ကာယလေ့ကျင့်ခန်းတစ်မျိုးပဲ ဖြစ်ပါတယ်။ လမ်းလျှောက်ပေးခြင်းက အဆုတ်အားကိုကောင်းစေနိုင်ပြီး ခန္ဓာကိုယ်တွင်းက အဆိပ်အတောက်တွေကိုပါ ဖယ်ရှားပေးပါတယ်။ လမ်းလျှောက်နေရင်းနဲ့ အသက်ပြင်းပြင်း ရှုရှိက်ပေးတာကလည်း အဆုတ်ကို အားကောင်းစေပြီး အဆုတ်ရောဂါတွေကနေ ကာကွယ်ပေးပါတယ်။

Hannwe Soe

SHARE