Gamer တွေအတွက် အကြီးအကျယ် သဘောကျမယ့် ဂျပန်နိုင်ငံက နိဗ္ဗာန်ဘုံ

sanyu-j.net

ဂျပန်နိုင်ငံကိုသွားလည်ကြရင်တည်းဖို့ နေစရာ ရွေးကြတဲ့အခါမှာ Ryokan လို့ခေါ်တဲ့ ဂျပန်ရိုးရာ တည်းခိုခန်းတွေ၊ Luxury Hotel လို့ခေါ်တဲ့ ဇိမ်ခံ hotel တွေ နဲ့ Business Class hotel ဆိုပြီး  ရွေးချယ်စရာတွေအများကြီးရှိတဲ့ထဲကမှ အခုဆိုရင် Gamer တွေအတွက် တည်းစရာနေရာတစ်ခုသီးသန့် ပေါ်ပေါက်လာပါတယ်။

e-ZONe Denno Kukan လို့ခေါ်တဲ့ E-sport hotel တစ်ခု ဒီနွေဦးမှာ ဖွင့်လှစ်တော့မှာဖြစ်ကြောင်း SoraNews သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ Denno Kukan ဆိုတာ Cyberspace လို့ အဓိပ္ပါယ်ရပြီး  Gamer တွေအတွက်အကောင်းဆုံးနားခိုဖို့ နေရာတစ်ခုဖြစ်လာမှာပါ။

sanyu-j.net

Hotel ရဲ့တည်ဆောက်ပုံက အထပ်ရှစ်ထပ်ရှိပြီး ၄ ထပ်မြောက်ကနေစပြီး ၈ထပ်ထိ ဧည့်ခန်းအလန်းစားတွေ ပါဝင်မှာပါ။ ၁ ထပ် ကနေ ၃ထပ်အထိကတော့ Game မှ Game ဆိုတဲ့ သူတွေအတွက် Gaming PC ပေါင်း ၇၀ အပြင် Live Stream ပြဖို့ ပစ္စည်းတွေပါ ပေးထားမှာဖြစ်ပါတယ်။

sanyu-j.net
sanyu-j.net

Hotel ရဲ့တည်နေရာကတော့ Capcom၊ SNK စတဲ့ Fighting Game တွေကို ဖန်တီးခဲ့တဲ့သူတွေရှိရာ Osaka မြို့ရဲ့ Nipponbashi ဒေသမှာ တည်ရှိတာပါ။ Hotel ပိုင်ရှင်ကတော့ ဒီ e-Zone Hotel က e-sport နဲ့ပတ်သက်ပြီး ရူးသွပ် ကြတဲ့ခရီးသွားတွေအတွက် လုံးဝမှန်ကန်တဲ့ နေရာတစ်ခုပါ။ ဒီ Hotel မှာတည်းရင်း သူငယ်ချင်းတွေနဲ့ အဆက်အသွယ်မပြတ် ဂိမ်းဆော့နိုင်ပြီး ပြိုင်ပွဲဝင်ဖို့ ရှိနေသူတွေဆိုရင်လည်း ဒီမှာပဲ လေ့ကျင့်ရင်း ပြိုင်ပွဲအတွက် ပြင်ဆင်နိုင်ပါတယ် လို့ပြောခဲ့ပါတယ်။

sanyu-j.net
sanyu-j.net
sanyu-j.net

အိပ်ခန်းပေါင်း ၉၄ ခုပါရှိတဲ့ e-sport Hotel တစ်ခုအနေနဲ့ လက်ရှိမှာတော့ ဈေးနှုန်းသတ်မှတ်တာကို ကြေငြာတာမျိုးမရှိသေးပါဘူး။ အဓိကက လူငယ် Gamer တွေအတွက် ရည်ရွယ်ထားတာဖြစ်လို့ ဈေးကတော့ လူငယ်တွေတတ်နိုင်တဲ့ ပမာဏ ဖြစ်မယ်လို့ထင်ပါတယ်။ e-ZONe Denno Kukan လို့ခေါ်တဲ့ ဒီ Hotel ကို ၂၀၂၀ ရဲ့ ဧပြီလမှာ စတင်ဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။

Lwin Min

SHARE