(၂၀၁၉)ရဲ့ ၀င်ငွေ အကောင်းဆုံး YouTube စတားတွေ အကြောင်း

Forbes

YouTube ဟာ ကမ္ဘာတစ်ဝန်းမှာ ကြည့်ရှုမှု အများဆုံးနဲ့ရေပန်းအစားဆုံးတစ်ခုဆိုဖြစ်ပါတယ်။ ကိုယ်သိချင်တဲ့ အရာတော်တော်များများကို YouTube မှာ ရိုက်ရှာလိုက်တာနဲ့ အားလုံးသိရှိစေနိုင်တဲ့ ဆိုရှယ် network တစ်ခုပါ။ နောက်ပြီး YouTube က ထူးခြားတဲ့စွမ်းရည် အရည်အချင်းရှိသူတွေအတွက် ငွေတွင်းကြီး တစ်ခုဆိုလည်းမမှားပါဘူးနော်။ အခုခေတ်မှာ ငယ်ငယ်ရွယ်ရွယ်နဲ့ YouTubeမှာ အောင်မြင်ပြီး ၀င်ငွေသောက်သောက်လဲ ရရှိနေသူတွေများစွာရှိသလို၊ အဲ့ဒီထဲ ကလေးတွေတောင်ပါဝင်လို့နေပါတယ်။ ကဲ (၂၀၁၉)ခုနှစ်အတွင်း ၀င်ငွေအမြင့်ဆုံးရရှိတဲ့ YouTube စတား (၁၀)ယောက်အကြောင်းကို တင်ဆက်ပေးလိုက်ပါတယ်။

(၁) ၀င်ငွေ- အမေရိကန်ဒေါ်လာ (၂၆)သန်း

YouTube ရဲ့ ၀င်ငွေအကောင်းဆုံး YouTubeစတားနေရာမှာ ရပ်တည်နေတာကတော့ အသက်(၈)နှစ်အရွယ်သာရှိသေးတဲ့ Ryan Kaji ပါ။ Kaji က you tube မှာ ကလေးကစားစရာအရုပ်လေးတွေကို ကြော်ငြာပေးတဲ့အနေနဲ့ သူကိုယ်တိုင်ဆော့ပြပြီးတော့ ပိုက်ဆံရနေတာ ဖြစ်ပါတယ်။သူကြော်ငြာပြီးကစားပြထားတဲ့ အရုပ်ကြော်ငြာပေါင်း ၁၀၀ ကျော်ရှိပြီး၊နောက်ပိုင်း အရုပ်တင်မ ကလေးအ၀တ်အစားနဲ့ အခြားကလေးနဲ့ ဆက်စပ်ပစ္စည်းတွေကိုကြော်ငြာပေးခဲ့ပါတယ်။ Nickelodeon ဆိုတဲ့ tv  အစီအစဉ်မှာလဲ ပါဝင်ခဲ့ပြီး Hulu TVအစီအစဉ်နဲ့လည်း စာချုပ်ချုပ်ထားပါတယ်။

(၂) Dude Perfect

ဝင်ငွေ- အမေရိကန်ဒေါ်လာ သန်း(၂၀)

ဝင်ငွေအကောင်းဆုံး YouTubeစတားနံပါတ်(၂)နေရာမှာတော့ သူငယ်ချင်းငါးယောက်ဖွဲ့စည်းထားတဲ့ Dude Perfect အဖွဲ့ဖြစ်ပါတယ်။ အသက်(၃၀)၀န်းကျင်အရွယ် Coby Cotton, Cory Cotton, Garret Hilbert, Cody Jones နဲ့ Tyler Toneyတို့ငါးယောက်ဟာ အားကစား၊ စတန့်နည်း တွေကို ပြသပြီးတော့ ကမ္ဘာ့ဂရင်းနစ်စံချိန်ကိုတောင် ချိုးထားကြတာပါ။

(၃) Anastasia Radzinskaya

ဝင်ငွေ- အမေရိကန်ဒေါ်လာ(၁၈)သန်း

ရုရှားနွယ်ဖွားအသက်(၅)နှစ်အရွယ် Radzinskaya ကတော့ YouTubeမှာ ၀င်ငွေအကောင်းဆုံးနံပါတ်(၃)ပါ။ ဖခင်နဲ့ အတူ ကစားပြတဲ့ ကြော်ငြာအစီအစဉ်တွေကြောင့် ကမ္ဘာမှာ အမြန်ဆန်ဆုံး လူသိများသူတွေထဲက တစ်ယောက်ဖြစ်လာခဲ့တာပါ။ ( Like Nastya အပါအ၀င် ချန်နယ်တွေမှာ ဘာသာစကား ခုနှစ်ခုနဲ့ ထုတ်လွှင့်ပြသပေးပြီးတော့၊ Legoland နဲ့ Dannon ကုမ္ပဏီတို့က သူမနဲ့ အလုပ်လုပ်ပြီး အမြတ်အစွန်း သိန်းဂဏန်းအထိ ရရှိခဲ့ကြပါတယ်။

(၄) Rhett and Link

ဝင်ငွေ- အမေရိကန်ဒေါ်လာ(၁၇)သန်း

Rhett နဲ့ Link တို့နှစ်ယောက်က Good Mythicak Morning အစီအစဉ်တင်ဆက်သူတွေဖြစ်ပါတယ်။ ဒီအစီအစဉ်ဟာ YouTubeရဲ့ လူကြိုက်အများဆုံး daily show တွေထဲကတစ်ခုပါ။ အစားအစာနဲ့ပတ်သက်တာကို တင်ဆက်တာပါ။ Cheetos-flavored Pop-Tarts တွေကို စားပြတာ၊ Kelly Rowland တို့လိုမျိုး stars တွေနဲ့ သီချင်းဆိုပြတာတွေပါဝင်ပါတယ်။သူတို့ရဲ့ ရယ်မောပျော်ရွှင်ဖွယ်တင်ဆက်မှုအစီအစဉ်ကို ချန်နယ်လေးခုမှာအထိနဲ့ စာအုပ်တွေ၊ ပို့စကပ်တွေမှာ ဖော်ပြရတဲ့အထိအောင်မြင်ခဲ့ပါတယ်။ အခုနှစ်အစောပိုင်းက သူတို့ဟာ multichannel network ဖြစ်တဲ့ Smosh ကို ဒေါ်လာ ၁၀ သန်းနဲ့ ၀ယ်ယူခဲ့ပါတယ်။

(၅) Jeffree Star

ဝင်ငွေ- အမေရိကန်ဒေါ်လာ(၁၇)သန်း

Jeffree Star ကဆိုရှယ်နက်ဝက်ကုမ္ပဏီ MySpace ဂီတပညာရှင်တစ်ဦးအဖြစ်စတင်ခဲ့ပြီးနောက် YouTubeကို ကူးပြောင်းလာတာပါ။ အခု သူ့ရဲ့ YouTubeချယ်နယ်မှာ makeup tutorial တွေချည်း ပြသခဲ့ပါတယ်။ tutorial အတွင်း lipsticks၊  highlighters ၊eye shadow palettes စတာတွေရဲ့ မိတ်ကပ်ဘရန်းတွေကို ကြေငြာပေးပြီးတော့ ၀င်ငွေဆယ်သန်းကျော်ရရှိနေသူဖြစ်ပါတယ်။

READ
လူတွေစိတ်ဝင်စားကြတဲ့ Vampire တွေရဲ့ သမိုင်းကြောင်း

(၆) Preston (Preston Arsement)

ဝင်ငွေ- အမေရိကန်ဒေါ်လာ(၁၄)သန်း

Preston Arsement ကတော့ ဒီနှစ်စာရင်းထဲကို အသစ်ဝင်လာတာပါ။ သူကတော့ ဂိမ်းသမားဖြစ်ပြီးတော့ Call of Duty ဂိမ်းစီးရီးနဲ့ စတင်ခဲ့ပြီး အချိန်တိုအတွင်း လူသိများလာတာပါ။ သူက ရိုးရိုးတင်ဆက်တာမျိုးမဟုတ်ဘဲ သူ့ဂိမ်းပြိုင်ပွဲတွေမှာ ဟာသတွေပြောပြီးနောက်ပြောင်တတ်ပါတယ်။ သူ့ကို ၀င်ငွေအရဆုံးအရာက  Minecraft ဂိမ်းတွေဖြစ်ပြီး၊ နှစ်စဉ် သန်းနဲ့ချီ ၀င်ငွေရနေတာပါ။

(၇) | PewDiePie (Felix Kjellberg)

ဝင်ငွေ- အမေရိကန်ဒေါ်လာ(၁၃)သန်း

တစ်ချိန်က YouTube ရဲ့ ၀င်ငွေအရဆုံး gamer တစ်ဦးပါ။ သူဟာ လူမျိုးရေးခွဲခြားမှုနဲ့ဂျူးဆန့်ကျင်ရေးဗီဒီယိုတွေအပါအ၀င် အငြင်းပွားစရာ ဗီဒီယိုတော်တော်များများကို လူတွေသိပ် အာရုံမစိုက်မိအောင်လုပ်နိုင်ခဲ့သူပါ။ ဒါပေမယ့် ဒီလမှာ YouTubeကို ခနနားမယ်လို့လည်း ကြေညာထားပါတယ်။

(၈) Markiplier (Mark Fischbach)

ဝင်ငွေ- အမေရိကန်ဒေါ်လာ (၁၃)သန်း

Mark Fischbachကို  အများစုက အွန်လိုင်းနာမည် Markiplierဆိုပြီး သိကြပါတယ်။ ဂိမ်းအသိုင်းအ၀ိုင်းထဲမှာ အောင်မြင်ဖို့အတွက် စပွန်ဆာတွေသဘောကျသူတစ်ဦးလည်းဖြစ်ပါတယ်။ သူက နဲ့ သူ့လက်ဖော်ကိုင်ဖက် YouTuber တစ်ဦး Jacksepticeye တို့က ဂိမ်းသမားတွေအတွက် ထူးခြားတဲ့အ၀တ်အစားတွေဒီဇိုင်း Cloakကိုလည်း ပူးပေါင်းတည်ထောင်ထားပါတယ်။

(၉) DanTDM (Daniel Middleton)

READ
ပိုမိုပျော်ရွှင်တဲ့ ဘ၀ပိုင်ဆိုင်နိုင်ရန် နားလည်ထားသင့်တဲ့ စိတ်ပညာသဘောတရားများ

ဝင်ငွေ- အမေရိကန်ဒေါ်လာ(၁၂) သန်း

The British Minecraft and Fortnite ကစားသမားတစ်ဦးဖြစ်တဲ့ Daniel Middleton ဟာ YouTube မှာ နာမည်ကြီးတစ်ယောက်အဖြစ် ရပ်တည်လာတာ အချိန်အတော်ကြာပြီ ဖြစ်ပါတယ်။ကမ္ဘာတစ်ဝန်းပရိတ်သတ်တွေရှိသူဖြစ်ပါတယ်။

(၁၀) VanossGaming (Evan Fong)

ဝင်ငွေ-အမေရိကန်ဒေါ်လာ(၁၁.၅)သန်း

VanossGaming,” အဖြစ် အွန်လိုင်းမှာ လူသိများတဲ့ Evan Fong ဟာ  သူ့ရဲ့ Grand Theft Auto V and Minecraft ဂိမ်း ဗီဒီယိုတွေဟာ ဆို၇င်ကြည့်ရှုသူ (၁.၅)သန်းကျော်အထိရရှိခဲ့ပြီး၊ လက်ရှိ ၀င်ငွေ (၁၁.၅)သန်းနဲ့ အောင်မြင်တဲ့ YouTubeစတားတစ်ဦးအဖြစ်ရပ်တည်နေတာဖြစ်ပါတယ်။

Khaing

SHARE