အသဲနှလုံးဆွဲထုတ်ခံရတဲ့ ယဇ်ကောင်ဦးခေါင်းတွေနဲ့ တည်ဆောက်ထားတဲ့ လူရိုးခေါင်းမျှော်စင်

အက်ဇ်တက်က်လူရိုးခေါင်းမျှော်စင်ဟာ အရင်တုန်းက ယူဆထားတာထက် ပိုမိုထိတ်လန့်စရာကောင်းပြီး စက်ဆုပ်ရွံရှာဖွယ်ဖြစ်ကြောင်း ရှေးဟောင်းသုတေသနပညာရှင်တွေက ဆိုလိုက်ပါတယ်။ (၂၀၁၅)ခုနှစ်တုန်းက မက္ကစီကို အမျိုးသားမနုဿဗေဒနဲ့သမိုင်းဌာန (INAH) က အက်ဇ်တက်က်လူမျိုးတွေရဲ့ မြို့တော် Tenochtitlan မှာရှိတဲ့ နာမည်ကျော်ဘုရားကျောင်းတွေထဲက ဘုရားကျောင်းတစ်ကျောင်းကို လေ့လာခဲ့ပါတယ်။

ဒီထဲက Templo Mayor အမည်ရတဲ့ဘုရားကျောင်းမှာ လူရိုးခေါင်းတွေကို အတန်းလိုက် တညီတညာတည်း စီတန်းထားတာကို တွေ့ခဲ့ပါတယ်။ အခုတော့ Tenochtitlan ဟာ မက္ကစီကိုစီးတီး ဖြစ်နေပါပြီ။ ပညာရှင်တွေက လက်ရှိမှာ သူတို့တွေ့ရှိထားတဲ့ လူရိုးခေါင်းတွေဟာ အက်ဇ်တက်က် လူရိုးခေါင်းမျှော်စင်ကြီးရဲ့  အဖျားအနားမျှသာ ဖြစ်တယ်လို့ ဆိုပါတယ်။

javsvargs Instagram

Templo Mayor ထဲက အတန်းလိုက် အမြောက်အမြားစီတန်းထားတဲ့ လူရိုးခေါင်းစင်တွေကို Huey Tzompantli လို့ခေါ်ပါတယ်။ သုတေသနပြုချက်တွေအရတော့ ဒီလောက်များပြားတဲ့ဦးခေါင်းခွံတွေဟာ နတ်ဘုရားတွေကို အသက်နဲ့ လဲပြီး ယဇ်ပူဇော်ခဲ့ရတဲ့ လူတွေရဲ့ ဦးခေါင်းတွေလို့ဆိုပါတယ်။

READ
ဘယ်စာအုပ်ထဲမှာမှ ဖော်ပြထားခြင်းမရှိသေးတဲ့ တကယ့်ရှားပါးမှတ်တမ်းဓာတ်ပုံများ
cuetztli (ink361.com)

မှတ်တမ်းတွေအရ သုံ့ပန်းတွေကို Templo Mayor ဘုရားကျောင်းကြီးဆီ ခေါ်လာပါတယ်။ ဘုရားကျောင်းထဲမှာ နတ်ဆရာကြီးတွေရှိကြပြီး နတ်ဆရာတွေက အကျဉ်းသားတွေရဲ့ ခုန်နေသေးတဲ့ အသဲနှလုံးကို အရှင်လတ်လတ် ဆွဲနှုတ်ပစ်ကြပါတယ်။ ပြီးတဲ့အခါ အလောင်းကောင်ကို ခေါင်းဖြတ်ပြီး ခေါင်းမှာရှိတဲ့ အရေပြားတွေ၊ အကြောတွေကို ဖယ်ရှားပစ်လိုက်ပါတယ်။ ခေါင်းခွံရဲ့ ဘေးတစ်ဖက်တစ်ချက်မှာ အရိုးခေါင်းစင်တွေထဲ လျိုသွင်းနိုင်အောင် အပေါက်ကြီးတွေဖောက်လိုက်ပါတယ်။ ပြီးတဲ့အခါမှ စင်ပေါ်မှာ အကျအနထိုးသွင်းတာဖြစ်တယ်လို့သိရပါတယ်။

Saúl Pinto  (ink361.com)

အရိုးခေါင်းစင်တွေကိုတော့ ဘုရားကျောင်းကြီးရဲ့ရှေ့မှာတည် ဆောက်ထားပါတယ်။ နှစ်တွေလတွေ ကြာတဲ့အခါမှာ အရိုးခေါင်းတွေဟာ ယိုယွင်းစပြုလာပြီး သွားတွေ၊ မေးရိုးတွေတစစနဲ့ ပျက်စီးလာပါတယ်။ ဒီအခါမှာတော့ နတ်ဆရာတွေဟာ အရိုးခေါင်းတွေကို မျက်နှာဖုံးသဘောနဲ့ အင်္ဂတေပြန်ကိုင်ပြီး စီတန်းထားတာတွေလည်း ရှိပါတယ်။

David Peyrat (ink361.com)

ပညာရှင်တွေက အရိုးခေါင်းစင်တစ်စင်မှာ ဦးခေါင်းခွံပေါင်း (၁၃၀,၀၀၀) လောက် ရှိလိမ့်မယ်လို့ ခန့်မှန်းကြပါတယ်။ လက်ရှိမှာတော့ ပညာရှင်တွေက မက္ကစီကန်တွေရဲ့ ရိုးရာထုံးတမ်း ဓလေ့တွေနဲ့ ယဇ်ကောင်ဦးခေါင်းခွံတွေကို ဆက်လက်စစ်ဆေးနေဆဲ ဖြစ်ပါတယ်။ ယဇ်ပူဇော်ခံရသူတွေဟာ  များသောအားဖြင့် အမျိုးသားတွေဖြစ်ပြီး ကျန်းမာရေးကောင်းမွန်သူတွေဖြစ်တယ်လို့ ပညာရှင်တွေက ခန့်မှန်းထားပါတယ်။ Huey Tzompantli အရိုးခေါင်းမျှော်စင်ဟာ (၃၅)မီတာအရှည်ရှိပြီး အကျယ်(၁၂-၁၄)မီတာလောက်ရှိတာကြောင့် ဘတ်စကတ်ဘောကွင်းထက် အနည်းငယ်ပိုကြီးကြောင်း သိရပါတယ်။

READ
လန်ဒန်မြို့လယ်ခေါင်ကထီးထီးကြီးတည်ရှိနေတဲ့ အချိန်ခရီးသွားတွေအတွက်ဂူဗိမ္မာန်ကြီး

လင်းလင်း (ShweMom)

Ref: Dailymail

SHARE