ကမ္ဘာ့အပူဆုံး ဒေသများနှင့်၊ ၎င်းတို့ တင်ရှိထားတဲ့ အပူဆုံးစံချိန်များ

Pexels/Pinterest

ကျွန်တော်တို့နိုင်ငံရဲ့ နွေရာသီအပူချိန်ဟာ တစ်ချို့ဒေသတွေမှာ 42C ကနေ 45C လောက်အထိ ရှိတတ်တာမို့၊ အတော်လေး ပြင်းထန်တဲ့ ရာသီဥတုလို့ ဆိုရပါမယ်။ ဒါပေမယ့် ဒါတွေဟာ ကမ္ဘာ့အပူဆုံးဒေသတွေနဲ့ နှိုင်းယှဉ်တဲ့အခါ အရမ်းကြီး ပူပြင်းလှတဲ့ အပူချိန်မျိုးတွေတော့ မဟုတ်သေးပါဘူး။ အခု ကမ္ဘာ့အပူဆုံး ဒေသတွေနဲ့ ၎င်းတို့ တင်ရှိထားတဲ့ အပူဆုံးစံချိန်တွေအကြောင်း National Geographic မဂ္ဂဇင်းကို ကိုးကားပြီး ဖော်ပြလိုက်ပါတယ်။

# Death Valley, ကယ်လီဖိုးနီးယား၊ အမေရိကန်
Wikimedia Commons

အမေရိကန် ကယ်လီဖိုးနီးယားက ကမ္ဘာကျော် Death Valley ဟာ အပူဆုံးနေရာတွေထဲက တစ်ခုပါ။ အဲဒီဒေသရဲ့ အိုအေစစ် Furnace Creek Ranch မှာ (၁၉၁၃)ခုနှစ်တုန်းက အပူချိန် 56.7C အထိ ရှိခဲ့ပြီး၊ (၂၀၁၈)ခုနှစ် ဇူလိုင်ကတော့ နေ့စဉ် 42.3C ပျမ်းမျှအပူချိန်နဲ့ အပူဆုံးလအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

၂၀၁၇ ခု National Park Service Visitor မှာတော့ အပူချိန်အမြင့်ဆုံးက 41.8C ဖြစ်ခဲ့ပါတယ်။ (၂၀၁၈)မှာတော့ အဲဒီဒေသမှာ 42.3C အထိ တက်လာခဲ့ပြီး၊ ယခင်က နှစ်(၁၀၀)အတွင်း တင်ရှိခဲ့တဲ့ စံချိန်ကို ချိုးခဲ့တာလို့ သိရပါတယ်။

# El Azizia, လစ်ဗျား
Wikimedia Commons

လစ်ဗြား၊ El Azizia မှာ (၁၉၂၂)ခုနှစ်က အပူချိန် 58C အထိ ရောက်ရှိခဲ့ပြီး၊ လက်ရှိအချိန် Jafara ခရိုင်မှာ နေ့စဉ် 48C အထက်ရှိတယ်လို့ သိရပါတယ်။ အဲဒီဒေသမှာ သာမန်လရာသီတွေမှာတောင် အပူချိန်က 40C ဝန်းကျင်ရှိတာမို့၊ အပူဆုံး ဒေသတွေထဲက တစ်ခုအဖြစ် မှတ်တမ်းဝင်ထားပါတယ်။

READ
Pre-wedding ဓာတ်ပုံမရိုက်ခင် သိထားသင့်တဲ့အချက်တွေ
# Dallol, အီသီယိုးပီးယား
Vix/Pexels

အီသီယိုးပီးယားနိုင်ငံ၊ Dallol မှာတော့ (၁၉၆၀)နဲ့ (၁၉၆၆)ခုနှစ် ခြောက်နှစ်တာအတောအတွင်းမှာ နေ့စဉ် ပျမ်းမျှအပူချိန်ဟာ 41C ဖြစ်ခဲ့တာကြောင့်၊ ဒီရှည်လျှားလှတဲ့ ကာလအတွင်းမှာ အမြင့်ဆုံးအပူချိန်စံချိန်တင်နိုင်ခဲ့တဲ့ တစ်ခုတည်းသော ကမ္ဘာပေါ်က နေရာဖြစ်ခဲ့ပါတယ်။

# Wadi Halfa, ဆူဒန်
Wikimedia Commons

ဆူဒန်နိုင်ငံ၊ Wadi Halfa မှာတော့ Lake Nubia ကမ်းရိုးတန်းအနီးမှာ (၁၉၆၇)ခု၊ ဧပြီလက အပူချိန် 53C ဖြစ်ခဲ့ပါတယ်။

# Dasht-e Loot, အီရန်
Wikimedia Commons

အီရန်နိုင်ငံ၊ Dasht-e Loot မှာ (၂၀၀၃)ခုနဲ့ (၂၀၀၉)အတွင်းမှာ ကမ္ဘာ့အမြင့်ဆုံးစံချိန် 70.7C အထိ ရောက်ခဲ့ပြီး၊ ကမ္ဘာ့အပူချိန်အမြင့်ဆုံးနေရာအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ဒီအပူပမာဏဟာ ကြက်ဥတစ်လုံးကို မိနစ်ဝက်လောက်အတွင်းမှာ ချက်ချင်းကျက်သွားစေနိုင်မယ့် အပူချိန်ဖြစ်ပါတယ်။

# Tirat Zvi, အစ္စရေး
Wikimedia Commons

ကမ္ဘာ့အပူချိန်အမြင့်ဆုံးနေရာတွေထဲက တစ်ခုဖြစ်တဲ့ အစ္စရေးနိုင်ငံ၊ Tirat Zvi မှာ (၁၉၄၂)က 54C အထိ အပူချိန်ရှိခဲ့ပြီး၊ သူတို့ဒေသမှာတော့ သာမန်ပျမ်းမျှ အပူချိန်ဟာ 37C ဖြစ်ပါတယ်။

READ
ပိုနေတဲ့ သံပယိုသီးအခွံတွေနဲ့ … ဒီလိုတွေလုပ်လို့ရပါတယ် ။
# Timbuktu, မာလီ
Wikimedia Commons

မာလီနိုင်ငံ၊ Timbuktu မြို့မှာ 49C က အမြင့်ဆုံးအပူချိန်ပါ။ ဒီ Timbuktu မြိှု့ဟာ နိုင်ဂျာမြစ်မြောက်ဘက် (၈)မိုင်အကွာ၊ ဆာဟာရကန္တာရရဲ့ တောင်ဘက်အစွန်းမှာ တည်ရှိတဲ့မြို့ဖြစ်ပါတယ်။

# Kebili, တူနီးရှား
Wikimedia Commons

တူနီးရှားနိုင်ငံ၊ Kebili မြို့ရဲ့ အမြင့်ဆုံအပူချိန်ဟာ 55C ဖြစ်ပြီး၊ အဲဒီမြို့ရဲ့ နွေရာသီပျမ်းမျှအပူချိန်ကတော့ 40+C ရှိတာမို့၊ အတော်လေး နေရထိုင်ရခက်ခဲမယ့် မြို့ဆိုရင် မမှားပါဘူး။

# Ghadames, လစ်ဗျား
Wikimedia Commons

လစ်ဗြားနိုင်ငံ၊ Ghadames မှာတော့ ယခင်က 40C က အမြင့်ဆုံးဖြစ်ခဲ့သော်လည်း၊ အခုအခါမှာ 55C အထိ မြင့်တက်လာခဲ့တာကြောင့်၊ နှစ်(၅၀)အတွင်းမှာ တင်ရှိခဲ့တဲ့ စံချိန်ကို ချိုးနိုင်ခဲ့တာလို့ ဆိုပါတယ်။

# Bandar-e Mahshahr, အီရန်
Anthony Sagliani/Twitter

ကမ္ဘာ့အပူဆုံးနေရာအဖြစ် သတ်မှတ်ခံလိုက်ရတဲ့ Bandar-e Mahshahr မှာ ယခင်က အပူဆုံးစံချိန်ဖြစ်တဲ့ 51C ကို (၂၀၁၅)ခုနှစ် ဇူလိုင်မှာ အပူချိန် 74C စံချိန်နဲ့ ချိုးဖြတ်နိုင်ခဲ့ပါတယ်။ ဒီအပူချိန်ကတော့ အီရန်ရဲ့ တစ်ခြားမြို့တစ်ခုဖြစ်တဲ့ Dasht-e Loot ထက် ပိုများတဲ့အပူချိန်ဖြစ်ပြီး၊ အဲဒီမြို့ကတော့ အမြင့်ဆုံးအပူချိန် 70.7C အထိ တင်ထားခဲ့တဲ့ မြို့ပါ။

လင်းဇော်ကို

Ref: National Geographic , Wikipedia

SHARE