Games of Thrones မရိုက်ခင်တုန်းက တဲအိမ်လေးမှာ ဆင်းဆင်းရဲရဲနေခဲ့ရတဲ့ The Hound

Imdb/GamesOfThrone

နာမည်ကျော် Games of Thrones ရုပ်သံစီးရီးကိုမှတ်မိကြဦးမယ်ထင်ပါတယ်။ GOT လို့ အတိုကောက်ခေါ်ကြတဲ့  Games of Thrones ထဲမှာ The Hound ကြီးဟာ ခံစားမှုမျိုးစုံ၊ ရသမျိုးစုံကို ပေးနိုင်ခဲ့တဲ့ ဇာတ်ကောင်တစ်ယောက်ပါ။ The Hound ဇာတ်ကောင်ဟာ လူကောင်းလား ဒါမှမဟုတ် လူဆိုးလားစတဲ့ အပြောင်းအလဲမျိုးစုံနဲ့ GOT ရဲ့ ထုံးစံအတိုင်း အလှည်အပြောင်းများစွာနဲ့ GOT ထဲမှာ မြင်တွေ့ရမှာဖြစ်ပါတယ်။

Games of Thrones မရိုက်ခင်က  The Hound နေရာမှာ သရုပ်ဆောင်တဲ့ Rory McCann ရဲ့ ဘဝဟာ မခမ်းနားခဲ့ပါဘူး။ မချမ်းသာခဲ့သလို တကယ့်ကို ဆင်းဆင်းရဲရဲ နေနေခဲ့ရတဲ့ အကြောင်းကို ဖွင့်ဟ လာပါတယ်။

Twitter/RoyMcCann

The Independent သတင်းစာနဲ့ တွေ့ဆုံမှုမှာ Rory McCann ဟာ သူ Games of Thrones မရိုက်ခင်က အသက်ရှင်သန်ဖို့အတွက်  ပင်ပင်ပန်းပန်း ရုန်းကန်ရှင်သန်လာခဲ့ရတဲ့ အကြောင်းကို ဖွင့်ဟလာတာပါ။သူဟာ တဲအိမ်ကလေးတစ်လုံးထဲမှာ နေထိုင်ခဲ့ရတဲ့ အပြင် တစ်ခါတစ်ခါမှာ စားစရာမရှိလို့ အစားအစားတွေကိုပါ ခိုးခဲ့ရတယ်လို့ ဆိုလာတာပါ။

“ကျနော်က တဲအိမ်တစ်လုံးထဲမှာ နေနေခဲ့ရတယ်၊ တကယ့်ကို တဲအိမ်တစ်လုံးထဲမှာပဲ။ ရံဖန်ရံခါမှာ အစားအသောက်တွေကို ခိုးခဲ့ရတယ်ဗျာ။ နောက်ဆုံးမှာတော့ ကျနော် အလုပ်တစ်ခုရတယ်။ ဒါပေမယ့် အခုအချိန်မှာတော့ ရုတ်တရက်ချက်ချင်းဆိုသလို ပြောင်းလဲသွားပြီ။ အခုတော့ တကယ် ကားအကောင်းစားနဲ့ ကမ္ဘာ့အကောင်းဆုံး Show တစ်ခခုမှာ ပါဝင်လာခဲ့တယ်။ ကံကြမ္မာတွေ ပြောင်းလဲတတ်တယ်ဆိုတာ အဲဒါပဲ။ အံ့သြစရာကောင်းတယ်”လို့ ဆိုခဲ့တာပါ။

GOT စီးရီးဟာ သူ့ဘဝအတွက် မမေ့နိုင်စရာ အမှတ်တရတစ်ခုဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ GOT စီးရီးရိုက်တုန်း Icelandမှာ နေခဲ့ရတဲ့ အချိန်တွေကို သူ ဘယ်တော့မှ မမေ့ပါဘူးတဲ့။“ကျနော် Icelandကို ပြန်သွားဖို့ စီစဉ်ထားတယ်။ စာကြည့်တိုက်က ငှားထားတဲ့ စာအုပ်တွေအတွက် ရက်လွန်ကြေးသွားပေးရဦးမယ်”လို့ Hollywood Reporter မဂ္ဂဇင်းကို ပြောပြခဲ့ပါတယ်။

GOT စီးရီးကြီးပြီးဆုံးသွားပေမယ့်လည်း The Houndကြီးကို သတိရနေကြဦးမှာပါ။

Ye Yint Kyaw

SHARE