ခင်ပွန်းက နိုင်ငံခြားသူတစ်ဦးကို အဓမ္မကျင့်နေစဉ်၊ ဇနီးဖြစ်သူက စကားပြန်အဖြစ် ကူညီပေးခဲ့

အမေရိကန် ဟာဝိုင်အီ၊ ဝေကီကီမှာ ပြီးခဲ့တဲ့ မေလတစ်ရက်က ဖြစ်ခဲ့တဲ့အဓမ္မမှုတစ်ခုမှာ ဇနီးမောင်နှံနှစ်ဦး ပါဝင်ပတ်သက်နေပါတယ်။ အဓမ္မကျင့်ခံရသူကတော့ အဲဒီကို အလည်အပတ်ရောက်နေတဲ့ အသက်(၂၆)နှစ်အရွယ် ဂျပန်နိုင်ငံသူဖြစ်ပါတယ်။

ဂျပန်နိုင်ငံသူကို အသက်(၃၅)နှစ်အရွယ် Nagisa Dorch အမည်ရ အမျိုးသမီးက ဟိုတယ်အခန်းတစ်ခုဆီ သွေးဆောင်ဖျားယောင်းပေးခဲ့တာဖြစ်ပြီး၊ ဂျပန်နိုင်ငံသူဟာ အဲဒီအခန်းထဲမှာ Nagisa ရဲ့ခင်ပွန်း Darrell Dorch ရဲ့ စော်ကားခြင်းကို ခံခဲ့ရပါတယ်။ Dorch ဟာ အသက်(၄၆)ဖြစ်ပြီး သူတို့လင်မယားကို ရဲက အဓမ္မမှုအတွက် ဖမ်းဆီးခဲ့ပါတယ်။

KHON

တရားလို ဂျပန်နိုင်ငံသူရဲ့ထွက်ဆိုချက်အရ သူမဟာ အနီးအနားက ကမ်းခြေမှာရှိနေစဉ်၊ မိမိလိုပဲ ဂျပန်နိုင်ငံသူဖြစ်တဲ့ Nagisa နဲ့ ခင်မင်ရင်းနီးခဲ့ကြောင်း၊ အဲဒီနောက် Nagisa က ဟိုတယ်အခန်းထဲမှာ သူမရဲ့ခင်ပွန်းနဲ့အတူ ညစာအတူစားဖို့ ဂျပန်နိုင်ငံသူကို ဖိတ်ခေါ်ခဲ့တယ်လို့ ဆိုပါတယ်။

ဂျပန်အမျိုးသမီးက ညစာကို ငြင်းပယ်ခဲ့တာကြောင့် နောက်တစ်ရက်မှာ Nagisa တို့တည်းခိုနေထိုင်တဲ့ Outrigger Waikiki Beach Resort ဟော်တယ်က ရေကူးကန်မှာ သောက်ကြစားကြဖို့ ထပ်မံဖိတ်ခေါ်ခဲ့လို့ နောက်တစ်ရက်မှာ ချိန်းဆိုလိုက်ကြောင်း၊ အဲဒီနောက် သောက်စားကြရင်း Nagisa က သူမတို့ ဟိုတယ်အခန်းကို ဖိတ်ခေါ်ခဲ့ကြောင်း၊ သူမနဲ့ Nagisa တို့ ရေချိုးခန်းတဘက်တွေနဲ့ရှိနေချိန် Dorch ရောက်လာပြီး အကြမ်းဖက် အဓမ္မကျင့်ဖို့ ကြိုးစားခဲ့ကြောင်း၊ သူမက ထွက်ပြေးဖို့ ကြံစည်ခဲ့တာကြောင့် ဆံပင်ဆွဲကာ လက်သီးနဲ့ (၁၀)ချက်လောက် ထိုးခံခဲ့ရကြောင်း၊ ယင်းနောက် Nagisa ကို စကားပြန်အဖြစ်ထားကာ မိမိ ဆန္ဒကို Dorch က လိုက်လျှောစေခဲ့ကြောင်း ဆိုပါတယ်။

Google Maps

ဒီဖြစ်စဉ်မှာ Nagisa က အလိုတူအလိုပါဖြစ်ကြောင်း တရားရုံးမှာ ထွက်ဆိုခဲ့တာပါ။ ခင်ပွန်းဖြစ်သူ Dorch ကို ရဲက ပြန်ပေးဆွဲမှု၊ လိင်ပိုင်းဆိုင်ရာ ကျူးလွန်စော်ကားမှုနဲ့ တရားစွဲဆိုခဲ့ပြီး၊ ဇနီးကိုလည်း အားပေးကူညီမှု၊ အလိုတူအလိုပါ အမှုနဲ့ စွဲဆိုထားပါတယ်။ ဂျပန်အမျိုးသမီးက အဲဒီအခန်းထဲမှာ နာရီများစွာ ကြာခဲ့ပြီး (၄)ကြိမ်တိုင်တိုင် အဓမ္မကျင့်ခံခဲ့ရတယ်လို့ ဆိုပါတယ်။

Dorch ရဲ့ သားဖြစ်သူက ဟိုတယ်အခန်းကို ရောက်လာပြီး၊ ဖခင်ဖြစ်သူ Dorch ကို ခေါ်ဆောင်သွားကြောင်း အဲဒီအခါမှာ Nagisa က ဂျပန်အမျိုးသမီးကို ဟိုတယ်အခန်းထဲကနေ ထုတ်ပေးခဲ့တာဖြစ်ကြောင်း၊ သိရပါတယ်။ နောက်ရက်မှာပဲ Nagisa တို့ လင်မယားကို ရဲက ဖမ်းဆီးလိုက်ပါတယ်။

Honolulu Police Department
Honolulu Police Department-1

Nagisa အတွက် အာမခံဒဏ်ကြေးမှာ ဒေါ်လာ (၃)သိန်းဖြစ်ပြီး၊ ခင်ပွန်းသည် Dorch အတွက် အာမခံဒဏ်ကြေးကတော့ ဒေါ်လာ(၅)သိန်း အသီးသီး သတ်မှတ်ခံခဲ့ရကြောင်း၊ ဂျပန်နိုင်ငံသူမှာ အခုဖြစ်ခဲ့တဲ့ပြစ်မှုကြောင့် နိုင်ငံကိုပြန်ဖို့ လေယာဉ်ကိုလည်း လွဲချော်ခဲ့ရကာ ဟာဝိုင်အီမှာ သောင်တင်နေပါတယ်။

လင်းသူရိန် (Shwemom)

READ
အိမ်တစ်လုံးထဲမှာ 8ပေအရှည်ရှိတောကြီးမြွေဟောက်နဲ့ ၃ရက်ကြာအတူနေခဲ့ရသူများ

Source : metro.co.uk

SHARE