တိရစ္ဆာန်ရုံဝန်ထမ်းတွေရဲ့ဘဝကို ထင်ရှားပေါ်လွင်အောင် ဖော်ပြခဲ့တဲ့ ပုဂ္ဂိုလ်

[email protected] zookeeper_chad

တိရစ္ဆာန်ရုံကိုတော့ လူတိုင်းနီးပါး ရောက်ဖူးကြမှာပါ။ တိရစ္ဆာန်ရုံသွားတိုင်း တိရစ္ဆာန်လေးတွေကိုကြည့်၊ အစာလေးတွေကျွေး၊ အမှတ်တရဓာတ်ပုံလေးတွေရိုက်နဲ့ တော်တော်လေးကို ပျော်ဖို့ကောင်းတဲ့ အမှတ်တရတွေ လူတိုင်းမှာ ရှိခဲ့ဖူးကြမှာပါ။ တိရစ္ဆာန်ရုံကို လူတွေလာကြည့်တဲ့အခါတိုင်းမှာ တိရစ္ဆာန်တော်တော်များများဟာ တော်တော်လေးကို လူယဉ်တာကိုတော့ လူတိုင်း သတိထားမိကြမှာပါ။ အမှန်တော့ တိရစ္ဆာန်ရုံမှာရှိတဲ့ တိရစ္ဆာန်တိုင်းဟာ တောတွင်းသတ္တဝါတွေ ဖြစ်တဲ့အတွက် အရိုင်းစိတ်ဆိုတာ ရှိစမြဲပါပဲ။ ဒီလိုအရိုင်းစိတ်တွေ တဖြည်းဖြည်းနဲ့ ပပျောက်ပြီး လူယဉ်စိတ်ဖြစ်ပေါ်လာအောင် လုပ်ပေးရတဲ့ အချိန်မျိုးမှာ တိရစ္ဆာန်ရုံဝန်ထမ်းတွေရဲ့ အခန်းကဏ္ဍဟာ အများကြီး အရေးပါလွန်းလှပါတယ်။ အခုပြောပြချင်တာကတော့ တိရစ္ဆာန်ရုံဝန်ထမ်းတစ်ယောက်ရဲ့ ဘဝဆိုတာ ဘယ်လိုမျိုးလဲ ဆိုတာပါပဲ။

 

 

View this post on Instagram

 

A post shared by Zookeeper Chad (@zookeeper_chad)

အပေါ်က ပုံမှာ တွေ့ရတဲ့ အမျိုးသားကတော့ Australia တိရစ္ဆာန်ရုံတစ်ခုမှာ တိရစ္ဆာန်ရုံဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ Chad Staples အမည်ရ အမျိုးသားတစ်ယောက်ပဲ ဖြစ်ပါတယ်။ Chad ဟာ အခုဆိုရင်တော့ တိရစ္ဆာန်တွေကို စောင့်ရှောက်ရတဲ့ zookeeper အလုပ်ကို full-time အဖြစ် လုပ်ကိုင်နေတာ ၅ နှစ်ကျော်ရှိသွားခဲ့ပါပြီ။ ဒီလိုမျိုးဖြစ်ဖို့အတွက် Chad ဟာ တိရစ္ဆာန်တွေကို စောင့်ရှောက်ရတဲ့ ဘာသာရပ်တစ်ခုကို ၃ နှစ်ကျော်ကြာ လေ့လာခဲ့ရပါတယ်။ အခုဆိုရင်တော့ Chad ဟာ တိရစ္ဆာန်ရုံနှစ်ခုရဲ့ ဒါရိုက်တာတစ်ယောက်အဖြစ် တာဝန်ယူဆောင်ရွက်ပေးနေတာ ၁ နှစ်ကျော်ကြာ ရှိပြီဖြစ်ကြောင်း သိရှိရပါတယ်။

READ
ကားထက် ဈေးပိုမြောက်တဲ့ ကားသော့တွေ ဈေးကွက်ထဲကို ၀င်ရောက်လာ

 

 

View this post on Instagram

 

A post shared by Zookeeper Chad (@zookeeper_chad)

 

View this post on Instagram

 

A post shared by Zookeeper Chad (@zookeeper_chad)

လက်ရှိ COVID 19 ကာလအတွင်း လူအများရဲ့ အမြင်မှာ တိရစ္ဆာန်ရုံဝန်ထမ်းတွေရဲ့ ဘဝက တိရစ္ဆာန်ရုံထဲမှာပဲနေရင်း တိရစ္ဆာန်တွေကို စောင့်ရှောက်ရတာ တော်တော်လေးကို ပျင်းဖို့ကောင်းမှာပဲလို့ ထင်နေကြမှာ အမှန်ပါပဲ။ တစ်ကယ်တော့ လုံးဝကို မပျင်းရပါဘူး။ တိရစ္ဆာန်မျိုးစုံကို နေ့စဉ် အစာကျွေးလိုက်၊ ရေချိုးပေးလိုက်၊ သူတို့တွေနဲ့ ဆော့ကစားလိုက်၊ ကျန်းမာရေးစစ်ဆေးမှုတွေ လုပ်ပေးလိုက်၊ ဓာတ်ပုံတွေရိုက်လိုက်နဲ့ တော်တော်ကို ပျော်ဖို့ကောင်းပါတယ်။

 

 

View this post on Instagram

 

A post shared by Zookeeper Chad (@zookeeper_chad)

 

View this post on Instagram

 

A post shared by Zookeeper Chad (@zookeeper_chad)

 

View this post on Instagram

 

A post shared by Zookeeper Chad (@zookeeper_chad)

“တစ်နေ့တစ်နေ့ လုံးဝကို မပျင်းရပါဘူး။ တိရစ္ဆာန်ရုံဝန်ထမ်းအလုပ်က တစ်ကယ်စိတ်ပါပြီး တိရစ္ဆာန်တွေကို ချစ်တဲ့လူမျိုးနဲ့ လုံးဝကို ကိုက်ညီတဲ့ အလုပ်တစ်ခုပါ။ ကျွန်တော်ကတော့ ဒီဘဝမှာနေရတာ တော်တော်လေးကို ပျော်ပါတယ်။ ဒီလိုလုပ်ခွင့်ရအောင် အခွင့်အရေးပေးခဲ့တဲ့ လူကြီးတွေကိုလည်း ကျေးဇူးအရမ်းတင်ပါတယ်။ တိရစ္ဆာန်လေးတွေကို အစာကျွေးရတဲ့ အချိန်တို့၊ ဓာတ်ပုံအတူ ရိုက်ရတဲ့ အချိန်တို့နဲ့ ကိုယ်ဝန်ရှိမရှိ စစ်ဆေးပေးရတဲ့ အချိန်တွေကတော့ ကျွန်တော့်အတွက် အပျော်ဆုံးအချိန်တွေပါပဲ”လို့ Chad က Bored Panda သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

READ
Instagram မှာ တော်ဝင်မိသားစုပုံလေးတွေ တင်လေ့ရှိတဲ့ ဘူတန်ဘုရင်မ

 

 

View this post on Instagram

 

A post shared by Zookeeper Chad (@zookeeper_chad)

 

View this post on Instagram

 

A post shared by Zookeeper Chad (@zookeeper_chad)

 

View this post on Instagram

 

A post shared by Zookeeper Chad (@zookeeper_chad)

Pyi Hein Kyaw

SHARE