အက်စစ်နဲ့တိုက်ခိုက်ခံခဲ့ရပေမယ့် ဘ၀ကိုအရှုံးမပေးတဲ့ သတ္တိခဲအမျိုးသမီးများ

Laxmi ဟာ အသက် 16 နှစ်အရွယ်မှာ အသက် 32 အရွယ် အမျိုးသားတစ်ယောက်ရဲ့ တိုက်ခိုက်မှုကို ခံခဲ့ရပါတယ်။ အ
ကြောင်းကတော့ ချစ်ခွင့်ပန်ဖို့ ချိန်းဆိုတာကို Laxmi က ငြင်းပယ်ခဲ့လို့ပါ။ အခုအခါမှာ Laxmi ဟာ အသက် 24 နှစ်ရှိပါပြီ။
သူမကို ကာယကံရှင်အမျိုးသားနဲ့ ၎င်းအစ်ကိုရဲ့ချစ်သူက ၀ိုင်းပြီး ဘက်စ်ကား စောင့်နေစဉ်မှာ ၀ိုင်းဝန်းတိုက်ခိုက်ခဲ့တာပါ။ အခုအခါမှာတော့ သူမက ဒီထက် ကြမ်းတမ်းတဲ့ ဘ၀ကို မမှုတော့ဘူးလို့ ဆိုပါတယ်။

Gita ဆိုတဲ့ အမျိုးသမီးကြီးကတော့ သူမရဲ့ ခင်ပွန်းသည်နဲ့ ရန်ဖြစ်ချိန်မှာ ခင်ပွန်းက သမီးအငယ်မကို သတ်ပစ်ဖို့ ကြိုးစားခဲ့ပါတယ်။ အဲဒီနောက် လုံးထွေးသတ်ပုတ်ကြရင် နောက်ဆုံး သမီးရော သူမကိုပါ ခင်ပွန်းသည်က အက်စစ်နဲ့ ပတ်ခဲ့တာပါ။ အကြောင်းကတော့ Gita မွေးသမျှဟာ သမီးတွေဖြစ်နေလို့ ခင်ပွန်းသည်က ဒေါသထွက်ခဲ့တာလို့ ဆိုပါတယ်။ အခုဆိုရင် အက်စစ်နဲ့ အတိုက်ခိုက်ခံခဲ့ရတဲ့ သမီး Nitu လည်း 24 နှစ် ပြည့်သွားပါပြီ။ သမီးလေးကတော့ အဆိုတော်ဖြစ်ဖို့ ကြိုးစားနေပါတယ်။

Nitu ရဲ့ ဖခင်က Nitu ကို လုံးဝ မနှစ်သက်ခဲ့ပါဘူး။ အကြောင်းကတော့ သူလိုချင်တာက သားယောက်ျားလေး၊ မွေးလာတဲ့ ကလေးက သမီးမိန်းကလေး ဖြစ်နေလို့ပါ။ အဲဒီနောက် ဖခင်ရဲ့ အက်စစ်နဲ့ပတ်ပြီး တိုက်ခိုက်တာကို ခံခဲ့ရပါတယ်။ အခုတော့ သူမလည်း အလုပ်နဲ့အကိုင်နဲ့ ဘ၀ကို ရပ်တည်နိုင်နေပြီ ဖြစ်ပါတယ်။

READ
(၂) နှစ်အရွယ်ကလေးကို သတ်ခဲ့တဲ့ ကလေးထိန်း ထောင်ဒဏ်ချမှတ်ခံရ

Haryana အသက် 16 နှစ်အရွယ် လွန်ခဲ့တဲ့ လေးနှစ်တုန်းက သူမရဲ့ အဒေါ်က အက်စစ်နဲ့ပတ်ပြီးတိုက်ခိုက်တာကို ခံခဲ့ရပါတယ်။ ရန်ပွဲကတော့ သူမရဲ့ ဖခင်ဖြစ်သူနဲ့ အဒေါ်တို့ရဲ့ အမွေပိုင်ဆိုင်မှု အငြင်းပွားရာကနေ စခဲ့တာပါ။ 2012 ခုနှစ် မေလမှာ ဖြစ်ခဲ့တဲ့ ဒီအဖြစ်အပျက်မှာ Haryana က အချောင် ဘ၀ပျက်ခဲ့ရပါတယ်။ အခုဆို သူမက အသက် 20 ကျော်ပါပြီ။ သူမရဲ့ အဒေါ်ဟာ လူမိုက်တစ်ချို့ကို ပိုက်ဆံပေးပြီး အက်စစ်နဲ့ တိုက်ခိုက်ခိုင်းခဲ့တာ ဖြစ်ပါတယ်။ ပန်ဂျက်ပြည်နယ်က Haryana High Court တရားရုံးက တရားခံတွေကို နစ်နာသူအတွက် မြင့်မားတဲ့ ဒဏ်ကြေး ပေးဆောင်စေခဲ့ပါတယ်။

အသက် 30 နှစ်အရွယ် Soniya Choudhari ကတော့ သူမရဲ့ အိပ်မက်က အလှဖန်တီးရှင်တစ်ယောက် ဖြစ်ချင်ခဲ့တာပါ။ သူမကို အိမ်နီးနားချင်း အမျိုးသားနှစ်ယောက်က အလုပ်က ပြန်လာစဉ်မှာ စက်ဘီးကိုယ်စီနဲ့ သူမကို အက်စစ်နဲ့ပတ်ကာ တိုက်ခိုက်ခဲ့ပါတယ်။ ၎င်းအိမ်နီးနားချင်းတွေဟာ သူမတို့အိမ်နဲ့ ပိုင်ဆိုင်မှုအငြင်းပွားရင်း ရန်ညှိုးရန်စ ရှိပါတယ်။ တရားရုံးက ၎င်းအမျိုးသားနှစ်ယောက်ကို ထောင်ဒဏ် ခြောက်လသာ ချမှတ်ခဲ့ခြင်းကလည်း အလွန်ခံပြင်းစရာ ကောင်းတဲ့ ကိစ္စပါလို့ သူမက ဆိုပါတယ်။

READ
မြောက်ရီးယားငရဲပြည်က ထွက်ပြေးလွတ်မြောက်ခဲ့တဲ့ ကင်ဂျုံအန်ရဲ့ ရန်သူတော်အမျိုးသမီး

Rupa ကတော့ သူမ မနှစ်သက်တဲ့ မိထွေးနဲ့ အတူနေဖို့ ဖခင်ရဲ့ အတင်းအဓမ္မစီစဉ်မှု ခံခဲ့ရပါတယ်။ မကြာခင်မှာပဲ မိထွေးဟာ သူမ အိပ်ပျော်နေစဉ်မှာ အက်စစ်နဲ့ပတ်ပြီး တိုက်ခိုက်တာကို ခံခဲ့ရပါတယ်။ သူမဟာ ဒဏ်ရာတွေနဲ့ ခြောက်နာရီကြာ သတိမေ့နေခဲ့ပြီး သူမရဲ့ ဦးလေး ရောက်လာမှ ဆေးရုံကို တင်ပို့ခဲ့နိုင်ပါတယ်။ လက်ရှိအချိန်ထိတော့ ဆေးကုသနေရဆဲပါ။

Dolly ကတော့ 12 နှစ် သမီးအရွယ်မှာ 24 နှစ်အရွယ် အမျိုးသားက လိင်ပိုင်ဆိုင်ရာ စော်ကားဖို့ နှစ်ကြိမ်တိုင် ကြိုးစား
တာကို ခံခဲ့ရပါတယ်။ နောက်ဆုံး ဘယ်လိုမှ အဆင်မပြေတဲ့အတွက် အက်စစ်နဲ့ ပတ်တာကို ခံခဲ့ရတာပါ။ အခု Dolly ဟာ အသက် 14 နှစ်အရွယ် ဖြစ်ပြီး၊ ဆရာဝန်မကြီး ဖြစ်ချင်တယ်လို့ ဆိုပါတယ်။ အခုဖြစ်စဉ်မှာ ပါဝင်ခဲ့တဲ့ အမျိုးသမီး ခြောက်
ယောက်ကို နယူးဒေလီအခြေစိုက် Chhanv အသင်းက စောင့်ရှောက်မှုတွေ ပေးဖို့ ကမ်းလှမ်းထားပြီး အရေးပါတဲ့ ပလက်စတစ်ဆာဂျရီခွဲစိတ်မှုတွေလည်း ပြုလုပ်ပေးသွားဖို့ စီစဉ်နေပါတယ်။

မဒီလေး (Shwemom)

source : mirror.co.uk

SHARE