ဗယ်လင်တိုင်းဒေးအတွက် ထူးခြားတဲ့လက်ဆောင်သစ် ရောင်းချခဲ့တဲ့ ကုမ္ပဏီ

Instagram/TheInfiniteObjects

မကြာခင်ရောက်လာတော့မယ့် ဗယ်လင်တိုင်းဒေးအတွက် ချစ်သူတွေကြား အပြန်အလှန် အမှတ်တရ လက်ဆောင်လေးတွေ ပေးကြတော့မှာပါ။

ပုံမှန်ပေးနေကျ ချောကလက်တွေ၊ ပန်းစည်း၊ အရုပ်တွေနဲ့ မတူဘဲ တမူထူးခြားတဲ့ ဗယ်လင်တိုင်းဒေးလက်ဆောင်သစ်တစ်မျိုးကို Giphyက ဖန်တီးရောင်းချပေးသွားတော့မှာဖြစ်ပါတယ်။ ဒါကတော့ Giphy ကုမ္ပဏီနဲ့ Infinite Objects ကုမ္ပဏီတို့ ပူးပေါင်းပြုလုပ်တဲ့ physical GIFs frame ပါ။ ချစ်သူတွေရဲ့အမှတ်တရတွေကို အချိန်အကြာကြီး သိမ်းထားလို့ရမယ့် ပစ္စည်းတစ်ခုဆိုလည်းမမှားပါဘူး။

ဒီ physical GIFs frame ဆိုတာ ရိုမန့်တစ်ဖြစ်တဲ့ themes ရုပ်ပုံတွေကို  ရုပ်သေမဟုတ်ဘဲ GIFs အနေနဲ့လှုပ်လှုပ်ရှားရှားရုပ်ပုံတွေအဖြစ် ကာစတန်မာစိတ်ကြိုက် ဖန်တီးပေးမှာဖြစ်ပါတယ်။ မှန်ဘောင်ဖန်သားပြင်ထဲမှာ ချစ်သူနှစ်ဦးရဲ့ video clip ပုံတွေဟာ အချိန်ပြည့်လည်ပတ်နေမှာပါ။ ဒါပေမယ့် ဒီအစီအစဉ်ကို  Valentine Day ရာသီအတွက်ပဲ ထူးထူးခြားခြား ဖန်တီးသွားမှာ ဖြစ်ပါတယ်။

ကာစတန်မာတွေအနေနဲ့ လက်ရှိမှာ အချစ်သင်္ကေတ GIFs collectionတွေကို စိတ်ကြိုက်ရွေးချယ်လို့ရသလို၊ frame ထဲမှာ ထားဖို့မိမိစိတ်ကြိုက်ဖြစ်တဲ့ မင်္ဂလာဆောင်ပုံ၊ စုံတွဲပုံ နဲ့ ပျော်ပွဲစားထွက်တဲ့အမှတ်တရပုံ တွေကို  စိတ်ကြိုက်ရွေးချယ်ထည့်သွင်းပြီး ကို့ချစ်သူကို လက်ဆောင်ပေးနိုင်မှာဖြစ်ပါတယ်။ ဒါဟာ ချစ်ခင်ရသူကပေးတဲ့ ချောကလက် ပန်းစည်းတွေထက် အချိန်ကြာအနားမှာရှိနေမယ့် အမှတ်တရ ပစ္စည်းတစ်ခုပါ။

 

Giphy တည်ထောင်သူ Alex Chung က သူတို့ရဲ့ GIFs တွေကို ဖုန်းSCREEN ပေါ်မဟုတ်ဘဲ လူတွေကြားကို သယ်ဆောင်လာနိုင်မယ့်အိမ်မက်ကို အကောင်အထည်ဖော်နိုင်ခဲ့တာလို့ဆိုပါတယ်။

Valentine Dayရဲ့ frame GIFs collection အတွက် တစ်ခုကို အမေရိကန် (၄၉) ဒေါ်လာနဲ့ဝယ်ယူလို့ရနေပါပြီ။ ဒါပေမယ့် Valentine Day ကာလအတွင်းသာ ကန့်သတ်ဝယ်ယူလို့ရနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

Khaing Sandar

SHARE