အောင်မြင်မှုကို သင်ကိုယ်တိုင် ရှာဖွေနိုင်ပါတယ် ဆိုတဲ့ တိုင်းရင်းသားလေး Dee Dee

ကချင်ပြည်နယ် တနိုင်းမြို့ လမုန်ခကျေးရွာမှာ မွေးဖွားခဲ့တဲ့ ကချင်လူငယ် လီဆူးတိုင်းရင်းသား တစ်ဦးရှိပါတယ်။ ရွာသားလေး တစ်ယောက်ပါ။ သူဟာ တိုးတက်လိုစိတ်ရှိသလို လူတွေကို တတ်နိုင်သလောက် ကူညီချင်စိတ်ရှိသူတစ်ဦးပါ။ ဒါပေမယ့် ကံဆိုးစွာနဲ့ပဲ ပတ်ဝန်းကျင်ကလူတွေရဲ့ အနိုင်ကျင့်မှုတွေကို ခံခဲ့ရပြီး ငယ်ရွယ်စဉ် ကျောင်းတက်တုန်း က ကျောင်းမှာ “တောသား” ဆိုပြီး လူတိုင်းက လှောင်ပြောင်ပြီး ခေါ်တာကိုလည်း ခံခဲ့ရပါတယ်။ ဒီလူငယ်လေးကတော့ လှောင်ပြောင်မှုတွေ၊ အနိုင်ကျင့်မှုတွေဟာ “ခံပြင်းစိတ်”ဆိုတဲ့ မီးတောက်ကို ပိုမိုအား ကောင်းစေမယ့် လောင်စာတွေအဖြစ် ပြောင်းလဲနိုင်ခဲ့ပါတယ်။

ရင့်ကျက်တဲ့လူတစ်ယောက်၊ ထက်မြတ်တဲ့သူတစ်ယောက်ဆိုတာ။

ရင့်ကျက်တဲ့လူတစ်ယောက်၊ ထက်မြတ်တဲ့သူတစ်ယောက်ဆိုတာ။ #deedeeburmesevlog48 #larphardee @Lar Phar [email protected]

Posted by Dee Dee Burmese Vlog on Friday, May 11, 2018

သူကတော့ လက်ရှိ မြန်မာနိုင်ငံရဲ့ နာမည်အကြီးဆုံး၊ အအောင်မြင်ဆုံး၊ အကျော်ကြားဆုံး Social Media Influencer တစ်ယောက်အဖြစ် သတ်မှတ်ခြင်းခံရတဲ့ Dee Dee (ခေါ်) Lar Par Dee ပါ။ Dee Dee ရဲ့ Facebook ပေါ်က Dee Dee Burmese Vlog ဟာ Like လုပ်သူပေါင်း (၅.၇)သိန်းဝန်းကျင်ခန့် လောက်ရှိပါတယ်။ သူတင်တဲ့ ပို့စ်တွေတိုင်းမှာလည်း ကြည့်ရှုသူ၊ မျှဝေသူတွေဟာ သောင်းဂဏန်းနဲ့ ချီပြီးရှိတဲ့အထိ လူတွေ အပေါ်မှာ လွှမ်းမိုးနိုင်စွမ်း ကြီးမားသူပါ။

Dee Dee Burmese Vlog ဟာ မြန်မာပြည်က ဆိုရှယ်မီဒီယာအသုံးပြုသူတွေကို အသိပညာတွေ၊ ဗဟုသုတ တွေ မျှဝေနေတဲ့ နေရာတစ်ခုပါ။ ပဲ့ကိုင်ရှင် Dee Dee ကိုယ်တိုင်က မြန်မာပြည်က လူငယ်အားလုံးအတွက် အသိဥာဏ်တိုးပြီး ဗဟုသုတရစေနိုင်မယ့် အရာတွေကို ဖန်တီးတင်ဆက်ပေးတာပဲ ဖြစ်ပါတယ်။ Dee Dee ဒီနေ့လို အခြေ အနေမျိုး ပိုင်ဆိုင်ဖို့အတွက် လွယ်လွယ်ကူကူ ဖြစ်လာခဲ့တာတော့ မဟုတ်ပါဘူး။

READ
တစ်ခြားရောဂါသည်တွေ စိတ်ဓာတ်မကျဖို့ အားပေးလိုက်တဲ့ ကင်ဆာဝေဒနာရှင်မလေး

အများနဲ့ မတူပဲ စွန့်စားလိုစိတ်ရှိတဲ့ DeeDee ဟာ အသက်(၁၆)နှစ်လောက်တည်းက ထမင်းစားရေသောက် လောက်ပဲ ပြောတတ်တဲ့ အင်္ဂလိပ်စာကျွမ်းကျင်မှုနဲ့ စင်္ကာပူနိုင်ငံကို ရောက်သွားခဲ့ပါတယ်။ စင်္ကာပူမှာ(၃)နှစ် လောက် ကျင်လည်ခဲ့ပြီး အသက်(၁၉)နှစ်မှာတော့ သြစတြေးလျနိုင်ငံမှာ ကျောင်းတက်နိုင်ခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ သြစတြေးလျနိုင်ငံက University of Wollongong မှာ Bachelor in Civil Engineering နောက်ဆုံးနှစ်ကို တက်ရောက်နေတာပါ။

ကျောင်းပြီးရင်တော့ မြန်မာနိုင်ငံ ပြန်လာပြီး ကိုယ်ပိုင် စီးပွားရေးလုပ်ကာ မိဘတွေကို ကိုယ်တိုင် ရှာကျွေးဖို့လည်း Dee Dee ရည်ရွယ်ထားပါတယ်။ သြစတြေးလျမှာ ကျောင်းတက်နေရင်း Company တွေနဲ့ တွဲပြီး full-time Facebook Vlogger တစ်ယောက်အနေနဲ့ ကိုယ်ပိုင်ဝင်ငွေ ရှာဖွေပြီးလည်း ကျောင်းတက်နေသူပါ။

YouTube ပေါ်က နာမည်ကြီး You Tuber Casey Neistat (ကေစီ နီးစတပ်)ကတော့ Dee Dee ကို ဗီဒီယိုလေးတွေ ဖန်တီးဖြစ်အောင် လှုံဆော်နိုင်ခဲ့သူပါ။ အမေရိကန် မီဒီယာလောကရဲ့ နာမည်ကြီး Oprah Winfrey (အော်ပရာ ၀င်းဖရေး) ၊ ကမ္ဘာ့ထိပ်တန်း နည်းပညာကုမ္ပဏီ Space X ရဲ့ CEO ဖြစ်သူ Elon Musk (အီလွန် မက်စ်) တို့ကလည်း Dee Dee အားကျရတဲ့ သူတွေပါ။ ဒီလူတွေရဲ့ ကြိုးစားမှုတွေနဲ့ အောင်မြင်မှုတွေ ကို ကြည့်ပြီး Dee Dee ဟာ သူ့ဘ၀မှာလည်း ဘာပဲလုပ်လုပ် သေသေချာချာ ကြိုးစားရင် အောင်မြင်မယ်ဆိုတဲ့ အရေးကြီးတဲ့ ခံယူချက်တစ်ခုကို မွေးမြူနိုင်ခဲ့ပါတယ်။

READ
ဘဝမှာ ပျော်ရွှင်ချင်ရင် ကိုယ့်ကိုယ်ကိုလေးစားမှုရှိအောင်ကြိုးစားပါ။

ကမ္ဘာကျော် ပုဂ္ဂိုလ်တစ်ဦးဖြစ်တဲ့ Dalai Lama (ဒလိုင်းလားမား)ရဲ့ စာအုပ်တွေကတော့ DeeDee အတွက် အားဆေးတွေပါ။ ဒလိုင်းလားမားရဲ့ စာအုပ်တွေဟာ လူတွေကို ချစ်တတ်ဖို့၊ လူ့ဘ၀ကို ပျော်ပျော်ရွှင်ရွှင် ဖြတ် သန်းဖို့ အလင်းပြနေတယ်လို့ Dee Dee သတ်မှတ်ထားသလို ဒလိုင်းလားမားရဲ့ The Heart of Happiness ဆို တဲ့ စာအုပ်လေးကိုလည်း တစ်ကမ္ဘာလုံးက လူတွေကို ဖတ်ကြည့်စေချင်တယ်လို့ ဆိုပါတယ်။ အရမ်းတန်ဖိုးရှိတဲ့ စာအုပ်တစ်အုပ်ဖြစ်ပြီး လူလူချင်း မေတ္တာထားနိုင်ဖို့၊ ခွင့်လွှတ်နိုင်ဖို့ ဆုံးမထားတာလေးတွေကို Dee Dee အရမ်း သဘောကျ လွန်းလို့ပါ။

သြစတြေးလျကနေ မြန်မာပြည်ရဲ့ အနာဂတ် လူငယ်တွေအတွက် တတ်နိုင်သလောက် အသိပညာ၊ ဗဟုသုတ တိုးပွားအောင် ဖန်တီးတင်ဆက်ပေးနေသူ Dee Dee ဟာ ဇွန်လလယ်လောက်မှာတော့ မြန်မာပြည်ကို ခဏပြန်လာဦးမှာပါ။ အလုပ်ကိစ္စနဲ့လာတဲ့ ခရီးစဉ်ဖြစ်ပါတယ်။ သြဂုတ်လမှာ သြစတြေးလျကို ပြန်မှာဖြစ်ပေမယ့် မပြန်ခင် အတောအတွင်းမှာလည်း အားလပ်ချိန်ရအောင် ကြိုးစားပြီး မြန်မာပြည်က ပရိသတ်တွေနဲ့ ရန်ကုန်၊ မန္တလေး မြို့ကြီး(၂)မြို့မှာ တွေ့ဆုံမှုတွေ ပြုလုပ်သွားမှာပါ။

Dee Dee ဟာ သူ့ဘ၀မှာ သူလက်ခံယုံကြည်ထားတဲ့ ကိုယ်ပိုင် ဆောင်ပုဒ်လေးတစ်ခု ရှိသလို အမြဲတမ်းလည်း အဲဒီဆောင်ပုဒ်အတိုင်း ကျင့်ကြံနေထိုင်ခဲ့ပါတယ်။

Success don’t just come and find you, you have to go out and get it.

အောင်မြင်မှုက သင့်ကို လာရှာမှာ မဟုတ်ပါဘူး ၊ သင်က အောင်မြင်မှုကို ရှာပြီး ရယူရမှာပါ။

SHARE