ပန်းဝင်မယ့်အခွင့်အရေးကို လက်လွှတ်ပြီး ဒဏ်ရာရပြိုင်ဘက်ကို ကူညီခဲ့တဲ့ အပြေးသမား

Citizen TV/YouTube

ကင်ညာအပြေးသမားတစ်ယောက်ဟာ ပြိုင်ပွဲမှာ ဗိုလ်စွဲနိုင်ခြေရှိနေပါသော်လည်း ပြိုင်ဘက်ကစားသမားတစ်ဦး သူ့ရှေမှာပင် ဒဏ်ရာရရှိသွားတာကြောင့်၊ သူဟာ ချန်ပီယံဖြစ်မယ့်အခွင့်အရေးကို ခေါင်းထဲမထားတော့ဘဲ ဒဏ်ရာရသူကို ကူညီပေးခဲ့ပါတယ်။ သူ့နာမည်ကတော့ Simon Cheprot ပါ။

သူဟာ ပန်းဝင်ဖို့ မီတာအနည်းပယ် လိုတဲ့အချိန်မှာ ပြိုင်ဘက်ကစာသမားတစ်ဦးဖြစ်တဲ့ တစ်နိုင်ငံတည်းသား Kenneth Kipkemoi တစ်ယောက် ဒဏ်ရာရသွားတာကို တွေ့လိုက်ပါတယယ်။ Simon ဟာ ချက်ချင်းပဲ သူ့ကို သွားရောက် ကူညီခဲ့တာ ဖြစ်ပါတယ်။

Posted by Simon Cheprot on Sunday, May 26, 2019

ဒီပြိုင်ပွဲကတော့ နိုင်ဂျီးရီယားနိုင်ငံမှာကျင်းပတဲ့ Okpekpe International Road Race ပြိုင်ပွဲဖြစ်ပြီး၊ (၆.၂)မိုင် တာဝေးအပြေးပြိုင်ပွဲတစ်ခုပါ။ Simon ဟာ ယမန်နှစ်ကအပြေးပြိုင်ပွဲမှာ ဒုတိယဆု၊ (၂၀၁၆)ခုနှစ်က ချန်ပီယံဆု ဆွတ်ခူးထားနိုင်ခဲ့သူဖြစ်ပြီး၊ ဒီပွဲမှာလည်း ဆုရဖို့ သေချာသလောက် အနေအထား ဖြစ်ပါတယ်။

READ
နဂိုဖြူစင်လွန်းတဲ့ လူ့သဘာဝကို ထင်ဟပ်စေတဲ့ ကလေးငယ်တွေရဲ့ ပုံရိပ်များ

သူရဲ့ အတ္တကင်းလွန်းတဲ့လုပ်ရပ်ကြောင့် ဒေသခံနိုင်ငံရေးသမားတစ်ဦးက ဒေါ်လာ(၁၀၀၀၀)၊ Deputy Governor Philip Shaibu of Edo State မှ ဒေါ်လာ(၃၀၀၀)၊ အများပြည်သူမှ ဒေါ်လာ(၂၀၀၀) စုပေါင်းပေးအပ်ခဲ့ကြကြောင်း သိရပါတယ်။ တစ်ခါတလေ ပြိုင်ပွဲတွေဟာ အနိုင်ရလဒ်တစ်ခုထက်ပိုတဲ့ အဓိပ္ပါယ်တွေ ရှိနေတတ်ပါတယ်။

လင်းသုတ (Shwemom)

SHARE