အလှအပစံနှုန်းတွေကို ကျော်ဖြတ်ပြီး၊ ပရိုမော်ဒယ်ဘဝမှာ အောင်မြင်နေတဲ့ မဟူရာဧကရီ

@queenkim_nyakim/Twitter

မဟူရာဧကရီဘွဲ့ထူးကြီးနဲ့ မော်ဒယ်လောကမှာ အောင်မြင်တဲ့ နေရာတစ်နေရာ ရရှိထားတဲ့ Nyakim Gatwech ကတော့ အပြည်ပြည်ဆိုင်ရာက သတ်မှတ်ထားတဲ့ အလှအပစံနှုန်းတွေကို ကျော်ဖြတ်ပြီး၊ မော်ဒယ်လောကထဲကို ခြေလှမ်းကျဲကျဲနဲ့ စတင်ဝင်ရောက်လာခဲ့သူပါ။ သူမဟာ တောင်ဆူဒန်နိုင်ငံသူ ဖြစ်ပါတယ်။

Nyakim ဟာ အမေရိကန် Minnesota ပြည်နယ်၊ Minneapolis မှာ ဖက်ရှင်နဲ့ပတ်သက်ပြီး ကျော်ကြားလာခဲ့ပါတယ်။ သူမဟာ အသက်(၂၄)နှစ်သာရှိသေးပြီး၊ အခုဆိုရင် ဖက်ရှင် Icon တစ်ခု ဖြစ်နေပြီ ဖြစ်ပါတယ်။ သူမဟာ အောင်မြင်နေချိန်မှာတောင် Uber ကားဆရာတစ်ယောက် ကဲ့ရယ်တာကို စတင်ခံခဲ့ရတာဖြစ်ပြီး၊ မည်းလွန်းလို့ မြင်တောင်မမြင်ရဘူးလို့ ပြောခံခဲ့ရပါတယ်။ ဒါပေမယ့် Nyakim က စိတ်မဆိုးဘဲ၊ ဒီလို မည်းနက်တဲ့ အသားရေကြောင့်သာ ပိုက်ဆံတွေ ဝင်နေတာလို့ ပြောခဲ့ပါတယ်။ ဒရိုင်ဘာမှာ အလွန်အံ့သြသွားပါတယ်။

READ
ဆွံ့အနားမကြား ဝေဒနာရှင်တွေအတွက် စမတ်လက်အိတ် တီထွင်ခဲ့တဲ့ လူငယ်လေး
@queenkim_nyakim/Twitter
@queenkim_nyakim/Twitter

Nyakim ကို ဖက်ရှင်လောကမှာတော့ Queen Of the Dark လို့ တင်စားခေါ်ဝေါ်ကြပါတယ်။ မဟူရာဧကရီလို့ အဓိပ္ပါယ်ရပါတယ်။ ဒီစကားဟာ သူမရဲ့ အသားအရေအတွက်သာမက၊ နက်ရှိုင်းတဲ့ သူမရဲ့ နှလုံးသားကိုပါ ကိုယ်စားပြုပါတယ်။ သူမဟာ ကိုယ့်ကိုယ်ကိုယ် အားငယ်နေတဲ့ မိန်းမပျိုတွေအနေနဲ့ ဘာမှ အားမငယ်ဘဲ ကိုယ့်ရဲ့အလှကို ချပြဖို့ အားမငယ်ပါနဲ့လို့ ပြောပါတယ်။

သူမက တစ်ခါမှ သူရဲ့အသားရေနဲ့ပတ်သက်ပြီး ဂုဏ်ငယ်တယ်လို့ မခံစားရခဲ့ဖူးကြောင်း၊ ဂုဏ်ယူခဲ့ဖူးတာသာ ရှိကြောင်း၊ အမျိုးသမီးတွေဆိုတာ ကိုယ့်မှာရှိတဲ့ အလှတရားကို ဖက်တွယ်ထားနိုင်မှ တကယ် မိန်းမ ပီသရာရောက်ကြောင်း၊ အားနည်းချက်ဆိုတာ ကိုယ့်ရဲ့ ခံယူချက်နဲ့ လူတွေရဲ့ အမြင်ပေါ်မှာ မူတည်ပြီး၊ ဒါကို ကိုယ်က စပြီး ပြောင်းလဲရမှာလို့ ပြောပါတယ်။

READ
ရိုးရိုးရှင်းရှင်း မျဉ်းတွေနဲ့ အံ့မခန်း အမြင်အာရုံလှည့်စားမှုတွေ ဖန်တီးနေတဲ့ အမျိုးသမီး
@queenkim_nyakim/Twitter
@queenkim_nyakim/Twitter

Nyakim က “အမည်းရောင်ဆိုတာ အလှတရားပါ … လေးလေးနက်နက် ပြောရရင် ရွှေနဲ့တောင် နှိုင်းဆလို့ ရပါတယ် … သင်တို့ရဲ့ အာဖရိကဝိဉာဉ်ဆိုတာကို အမေရိကန်ရဲ့ စံချိန်စံညွှန်းတွေရဲ့ တိုက်ခိုက်ဖျက်ဆီးတာကို မခံပါနဲ့ … ”လို့ တိုက်တွန်းခဲ့ပါတယ်။ ဖက်ရှင်လောကမှာ သာမန် ရုပ်ရည်လှပသူတွေတောင် အတိုက်အခိုက် မလွတ်တာပါ။ ဒီအတွက် Nyakim က စွမ်းအားတွေ အပြည့်နဲ့ ကျော်ဖြတ်နေပါတယ်။

လင်းဇော်ကို

SHARE