အင်စတာဂရမ်ဆယ်လီတစ်ချို့ရဲ့ ရယ်ရခက် ငိုရခက်တဲ့ ဖိုတိုရှောပ့်စကေးများ

ဆိုရှယ်မီဒီယာမှာ ဓာတ်ပုံတင်တဲ့အခါ အားလုံးလှလှလေးနဲ့ ပြည့်စုံတဲ့ ပုံထွက်တစ်ခုရဖို့ ပြင်ဆင်ကြတာ ထုံးစံတစ်ခုလိုဖြစ်နေပါပြီ။ ဖိုတိုရှော့ပ်ကိုတော့ အသုံးများကြပြီး အခုနောက်ပိုင်းမှာတော့ ဓာတ်ပုံပြင်တဲ့ ဖုန်းအက်ပလီကေးရှင်းတွေကို တွင်တွင်ကျယ်ကျယ်သုံးလာကြပါတယ်။ အနည်းဆုံးတော့ အရောင်လေးဘာလေးတော့ ထည့်လိုက်ရမှာ ကျေနပ်ကြတာ မဟုတ်ပါလား…။

ဒါပေမယ့်လူတိုင်းက ကွန်ပျူတာတွေလို ဦးနှောက်တွေ၊ တိကျမှုတွေ ထင်သလိုမရှိကြတဲ့အခါမှာ စိတ်ကျေနပ်မှုတော့ရသွားပါရဲ့ နောက်ခံတွေကတော့ ကွေးကောက်၊ တွန့်စောင်း၊ ၀ါးတားပြီး ဟာသတွေ ဖြစ်ကုန်ပါလေရော… ရေစက်တွေ ကွေးသွားတာတို့၊ သံတိုင်တွေ ကောက်နေတာတို့ ရင်းရင်းနှီးနှီး မြင်ဖူးကြမှာပါ။

တိုင်စောင်းချက်

snapviral

ကိုယ့်ရဲ့ ခန္ဓာကိုယ်အချိုးအစားကို စိတ်ကြိုက်အလွယ်ကလေး မြှင့်တင်လို့ရတယ်၊ ကိုယ် မြင်စေချင်တဲ့ ပုံစံအတိုင်း အားလုံးကိုချပြလို့ရတယ်။ ဆယ်လီတော်တော်များများလည်း လုပ်နေကြတာတွေ့ရတယ်။

snapviral

ဒီ ရက်သတ္တပတ်အတွင်းမှာပဲ Kardashian  မိသားစုဝင်တွေရဲ့ နောက်ဆုံးရိုက် မိသားစုဓာတ်ပုံကို အင်စတာဂရမ်မှာ တင်ခဲ့ပါတယ်။ စူးစိုက်မှုကောင်းတဲ့ လူတွေကလည်း Khole Kardashian ရဲ့ ပေါ်နေရမယ့် ခန္ဓာကိုယ် အောက်ပိုင်းပျောက်နေတာ Kourtney ရဲ့ ခြေချောင်းတွေက တစ်ဖက်မှာ ခြောက်ချောင်းဖြစ်နေပြီး တစ်ဖက်မှာ (၄) ချောင်းပဲ ရှိနေတာကို ပရိတ်သတ်တွေကလည်း တန်းမြင်ခဲ့ကြတယ်။

READ
ဟောလိဝုဒ်လူစွမ်းကောင်းတွေ တရုတ်ပြည်မှာ အလုပ်လုပ်နေကြတဲ့အခါ

ဒီတော့ သူတို့ထက် ပိုသိသာပြီး တော်တော်ဆိုးဆိုးဖြစ်နေတဲ့ နောက်ခံတွေနဲ့ တင်ခဲ့တဲ့ ဓာတ်ပုံတစ်ချို့ကိုလည်း ဖော်ပြလိုက်ရပါတယ်။

အနောက်ဘက်က သစ်ပြားများတောင် ကွေးသွားတယ်…..
snapviral
ဖြူအောင်လုပ်လိုက်တာ ကော်ရုပ်ကြီးလိုဖြစ်သွားသလားလို့
snapviral
သူလှချင်တာနဲ့ မြင်းလည်း မသန်မစွမ်းဖြစ်
snapviral
နည်းတဲ့ မျက်ခုံးလား….
snapviral
ပြင်ထားတာမသိစေချင် နောက်ခံကို ၀ါးပစ်…
snapviral
အိုင်ဖုန်းကာဗာက မိုက်လှချည်လား
snapviral
အုတ်ကွက်တွေပါ ကွေးကုန်တာနော်
snapviral

ရာသီဥတု သိပ်ပြင်းတယ်ထင်တယ်…. အုတ်တွေပါ ကြွတက်ကုန်တော့။

snapviral
တကယ်က ဂေါက်သီးတွေ သွားမှန်လို့ တိုင်တွေ ကွေးကုန်တာနေမှာ

Source: The Sun

Matthew (ShweMOM)
SHARE