သိုင်းဆရာကြီး IP Man ရဲ့ စိတ်ဝင်စားဖွယ် ဘဝဇာတ်ကြောင်း

Facebook/GrandMasterYipMan

IP Man လို့ ကြားလိုက်တာနဲ့ Donnie Yen သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ကားတွေကို သတိရမိကြမှာပါ။ Donnie Yen က IP Manရဲ့ ဘဝဇာတ်ကြောင်းကို ပြန်လည်ရိုက်ကူးရာမှာ အခု လက်ရှိရုံတင်ပြသသွားခဲ့တဲ့ ရုပ်ရှင်ကတော့ Ip Man 4: The Finale ဆိုတဲ့ ရုပ်ရှင်ပဲဖြစ်ပါတယ်။

Facebook/GrandMasterYipMan

တကယ့် IP Man က ဘယ်လိုပုံစံရှိမလဲ၊ ဘာတွေ လုပ်ခဲ့သလဲဆိုတာကို Shwemom ပရိသတ်ကြီးအတွက် ဖော်ပြပေးပါရစေ။

IP Man က ဘယ်သူလဲ

IP Man လို့ ခေါ်တာက Yipman ဆိုတဲ့ နာမည်ကို အတိုကောက်ခေါ်ဆိုတာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံမှာ တစ်ချိန်က ထင်ရှားခဲ့တဲ့ (မြန်မာအခေါ် )သိုင်းဆရာတစ်ယောက် (martial artist ) တစ်ယောက်ပဲဖြစ်ပါတယ်။ နာမည်အရင်းကတော့ Ki Man လို့ ခေါ်ပါတယ်။ သူက Wing Chun လို့ ခေါ်တဲ့ သိုင်းတစ်မျိုးကို သင်ကြားပေးရမှာ နာမည်ရခဲ့တာပါ။ သူ့မှာ နောက်လိုက်ပါတပညု့်ပေါင်းများစွာ ရှိပြီး သိုင်းဆရာကြီးတစ်ယောက်အဖြစ် နာမည်ကျော်ကြားပါတယ်။ သူ့ရဲ့ တပည့်တွေထဲက တစ်ယောက်ကတော့ ဘရုစ်လီပဲ ဖြစ်ပါတယ်။

Facebook/GrandMasterYipMan

IP Man ရဲ့ ငယ်ဘဝ

Yip oi Dor နဲ့  Ng Shu ဆိုတဲ့ မိဘနှစ်ပါးဟာ IP Man ရဲ့ မိဘတွေပါ။ သားသမီးလေးယောက်ထွန်းကားရာမှာ သူက တတိယမြောက်သားဖြစ်ပါတယ်။ မွေးစကတည်းက ချမ်းသာတဲ့ အသိုင်းအဝန်းကြားမှာ ကြီးပြင်းလာခဲ့ရတာပါ။ အသက် ၇ နှစ်လောက်မှာတော့အခြေခံသိုင်းပညာကို သင်ခဲ့ပါတယ်။  ငယ်စဉ်ကတည်းကပဲ သိုင်းပညာအကြောင်းနဲ့ ကွန်ဖူးကို စိတ်ဝင်စားပြီး တကယ်လည်း အပြင်းအထန် လေ့ကျင့်ခဲ့သူတစ်ယောက်လို့ဆိုလည်း မမှားပါဘူး။

Facebook/GrandMasterYipMan

ဖြတ်သန်းခဲ့တဲ့ ဘ၀တစ်လျှောက်

READ
သင်တို့ စဉ်းတောင်စဉ်းစားမိမှာမဟုတ်တဲ့ ပေါက်ပေါက်ရှာရှာ ဖန်တီးတီထွင်မှုများ

IP Man အသက် ၁၅ နှစ်လောက်မှာ ဟောင်ကောင်မြို့ကြီးကို မိသားစုလိုက်ပြောင်းရွေ့ နေထိုင်ခဲ့ရပါတယ်။ ဟောင်ကောင်မှာတော့ သူ့ရဲ့ ဆွေမျိုးတော်တဲ့ လူတစ်ယောက်ရဲ့ အကူအညီနဲ့ နေထိုင်ခဲ့ရတာပါ။ ဟောင်ကောင်ရောက်ပြီး တစ်နှစ်လောက် အကြာမှာတော့ ကောလိပ်စတက်ခဲ့ပါတယ်။ သူ တက်ခဲ့တဲ့ ကောလိပ်က အဲဒီခေတ်အခါက ကြေးရတတ်တွေနဲ့ နိုင်ငံခြားသားအများစုတက်ကြတဲ့ ကောလိပ်တစ်ခုလည်းဖြစ်ပါတယ်။ တစ်ဖက်ကနေ ကောလိပ်တက်ပေမယ့် တစ်ဖက်ကနေ သိုင်းပညာကို အမြဲ မျက်ချည်မပြတ်လေ့လာနေခဲ့ပါတယ်။ IP Man ဟာ ကျောင်းတက်စဉ်က တကယ့်ကို ပြဿနာကောင်လို့ တံဆိပ်အကပ် ခံခဲ့ရပါတယ်။

အသက် ၂၄ နှစ်မှာတော့ မွေးရပ်မြေ Foshan ကို ရဲအရာရှိတာဝန်နဲ့ ပြန်လည် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ သူ့ရဲ့ မွေးရပ်မြေမှာလည်း သူနဲ့ နီးစပ်တဲ့ လူတွေကို သိုင်းပညာသင်ကြားပေးခဲ့ပါသေးတယ်။ အဲဒီမြို့လေးမှာပဲ သူရဲ့ သိုင်းပညာသင်တန်းဟာ တဖြေးဖြေးနဲ့ နာမည်ကျော်ကြားလာခဲ့ပြီး သင်တန်းသားဦးရေလည်း များပြားလာခဲ့ပါတယ်။

၁၉၄၉ ခုနှစ်မှာတော့ တရုတ်နိုင်ငံရဲ့ နိုင်ငံရေးအပြောင်းအလဲတွေ စဖြစ်လာခဲ့ပါပြီ။ တရုတ်ကွန်မြူနစ်ပါတီဟာ အင်အားပြန်လည် ကြီးမားလာခဲ့ချိန်မှာတော့ အိုင်ပီမန်းဟာ ဟောင်ကောင်ကို ပြန်လည် နေထိုင်လာခဲ့ပါတယ်။ ဟောင်ကောင်မှာလည်း သိုင်းသင်တန်းကျောင်းတစ်ခုကို ပြန်လည် ဖွင့်လှစ်ခဲ့ပါတယ်။ အိုင်ပီမန်းဟာ အဲဒီအချိန်တုန်းက သိုင်းပညာသင်ပေးတဲ့ နာမည်ကျော် ဆရာတစ်ယောက်ဖြစ်လာခဲ့ပါတယ်။ ဟောင်ကောင်မှာလည်း သူ့ရဲ့ သင်တန်းကျောင်းက နာမည်ရလာခဲ့ပါတယ်။ ဘရုစ်လီကိုယ်တိုင် တက်တဲ့ ကျောင်းအဖြစ် နာမည်ကျော်ကြားလာခဲ့ပြီး လူဦးရေလည်း များလာခဲ့ပါတယ်။ အိုင်ပီမန်းဟာ သူ့ရဲ့ တပည့်တွေကို သင်ရိုးအလိုက်မသင်ခဲ့ပါဘူး။ တစ်ဦးတစ်ယောက်ချင်းစီရဲ့ အားသာချက်၊ အားနည်းချက်တွေ အလိုက် သိုင်းပညာအဆင့်ဆင့် ကို ပို့ချခဲ့တာပါ။ 

Wikimedia Commons

အိုင်ပီမန်းဟာ Wing Chun  ကို သိုင်းဆရာကြီးနှစ်ယောက်ဆီကနေ သင်ယူလာခဲ့ရတာပါ။ ပထမဆရာကြီးကတော့  Chan Wah Shun ဖြစ်ပြီး ဒုတိယဆရာကြီးကတော့ Mister Leuing Bik ပဲ ဖြစ်ပါတယ်။ ဒီ ဆရာကြီးနှစ်ယောက်ဆီကနေ သူမတူတဲ့ သိုင်းပညာအခြေခံတွေကို ရရှိခဲ့ပြီး ထူးချွန်တဲ့ သိုင်းဆရာတစ်ယောက်ဖြစ်လာခဲ့တာပါ။

၁၉၆၇ ခုနှစ်မှာတော့ အိုင်ပီမန်းဟာ သူ့ရဲ့ တပည့်ဖြစ်သူတွေနဲ့ Wing Chun Athletic Association ကို တည်ထောင်ခဲ့ပါတယ်။ ၁၉၇၀ ခုနှစ်မှာတော့ အသက်အရွယ်ကြီးမားလာတာကြောင့် သိုင်းပညာသင်ပေးမှုကို ရပ်နားလိုက်ပါတယ်။ ဒါပေမယ့် သူ အမြဲလိုလို လေ့ကျင့်ခန်းလုပ်လေ့ရှိပါတယ်။ သူ့ရဲ့ သင်တန်းကျောင်းကိုတော့ သားဖြစ်သူက လက်ဆင့်ကမ်းပြီး အမွေဆက်ခံသင်ကြားခဲ့ပါတယ်။

Facebook/GrandMasterYipMan

ပုဂ္ဂိုလ်ရေးဘဝ

READ
လူစိတ်ဝင်စားမှု အများဆုံးရှိနေသည့် ပုံစံအလွန်ထူးခြားတဲ့ ပုတ်သင်ညိုများ

အိုင်ပီမန်းဟာ Cheung Wingနဲ့ လက်ထပ်ခဲ့ပြီး ကလေးလေးယောက် မွေးဖွားခဲ့ပါတယ်။ သားယောက်ျားလေး နှစ်ယောက်နဲ့ မိန်းကလေးနှစ်ယောက်ပါ။ အဲဒီ ကလေးလေးယောက်ဟာ သူတို့ရဲ့ ဖခင်ရဲ့ အသွေးအသားထဲမှာစိမ့်ဝင်နေတဲ့ သိုင်းပညာကို လက်ဆင့်ကမ်းခဲ့ကြပါတယ်။

၁၉၇၀ ခုနှစ်မှာတော့ သင်ကြားရေးက အနားယူခဲ့ပြီး ဇနီးနဲ့ သားသမီးတို့ရဲ့ အေးအေးလူလူနေထိုင်ပါတော့တယ်။ တစ်ခါတစ်ရံမှာတော့ အိမ်တိုင်ရာရောက် သိုင်းပညာသင်ပေးတာမျိုးတွေကိုလည်း လက်ခံသင်ကြားပေးခဲ့ပါတယ်။

Facebook/GrandMasterYipMan

၁၉၇၂  မှာတော့ သူ့အတွက် ကံဆိုးမှုတစ်ခုရောက်ရှိလာခဲ့ပါတယ်။ သူ့မှာ လည်ချောင်းကင်ဆာဖြစ်နေပြီဆိုတဲ့ အကြောင်းပါ။ လည်ချောင်းကင်ဆာကြောင့် တဖြေးဖြေးနဲ့ အားအင်တွေလျော့နည်းလာခဲ့ပါတယ်။ ရောဂါဖိစီးမှုကြောင့် အရင်လို ခွန်အားတွေ မရှိတော့ပေမယ့် လက်ဖက်ရည်ဝိုင်းတွေကို မိတ်ဆွေအပေါင်းအသင်းတွေနဲ့ စကားပြောဆိုနေတုန်းပါပဲ။ 

၁၉၇၂ ဒီဇင်ဘာ ၂ ရက်နေ့မှာတော့ ဆေးရုံမှာပဲ ကွယ်လွန်ခဲ့ပါတယ်။

Ye Yint Kyaw

ref – wikipedia

SHARE