ဘီလျံနာ သူဌေးကြီး Michael Bloomberg ရဲ့ ထူးခြားတဲ့ ဘဝဇာတ်ကြောင်း

BloomBerg.Org

Michael Bloombergဟာ အသက် ၇၇ နှစ်ရှိပြီဖြစ်တဲ့ ဘီလံနာသူဌေးကြီးတစ်ယောက်ပါ။ ပရိဟိတလုပ်ငန်းပေါင်းစုံအတွက်လည်း ငွေကြေးများစွာ လှူဒါန်းခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ အခုတော့ သူဟာ လာမယ့် ရွေးကောက်ပွဲအတွက် ဒီမိုကရက်တစ်ပါတီဘက်က ဝင်ရောက်ယှဉ်ပြိုင်မှာပဲဖြစ်ပါတယ်။

တကယ်တော့ သူ့ရဲ့ ဘဝဟာ ခရောင်းလမ်းမှာ ဖြတ်သန်းလာခဲ့ရတဲ့ ဘဝပါ။ သူ့ဘဝရဲ့ ၁၅ နှစ်လောက်ဟာ finance ဌာနမှာ အလုပ်လုပ်ခဲ့ရပါတယ်။ အသက် ၃၉ နှစ်မှာတော့ အလုပ်ထုတ်ခံခဲ့ရပါတယ်။ ဒီနောက်မှာတော့ သူကိုယ်တိုင်ပဲ တခြားသူတွေနဲ့ ပူးတွဲပြီး လုပ်ငန်းစုတစ်ခုတည်ထောင်ပါတော့တယ်။ အဲဒါကတော့  Bloomberg LP ဖြစ်လာခဲ့ပါတော့တယ်။

 

ဒီနောက်မှာတော့ နောက် ၁၅ နှစ်အကြာမှာတော့ ကမ္ဘာ့အချမ်းသာဆုံးသူဌေးထဲက တစ်ယောက်ဖြစ်လာခဲ့ပြီး အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်လာခဲ့ပါတော့တယ်။Forbes မဂ္ဂဇင်းရဲ့ ဖော်ပြချက်ထဲမှာတော့ သူ့ရဲ့ ချမ်းသာကြွယ်ဝမှုဟာ ၅၆ ဘီလျံအထိရှိတယ်လို့ဆိုပါတယ်။ သူဟာ သူ ကွယ်လွန်သွားပြီးနောက်မှာ သူပိုင်သမျှထဲက တစ်ဝက်လောက်ကို လှူဒါန်းမယ်ဆိုပြီး ကတိကဝတ်ပြုထားသူပါ။ လေ့လာသူတွေကတော့ သူဟာ အခုအချိန်မှာတော့ ဒေါ်လာ ၆ ဘီလျံအထိ ပရဟိတလုပ်ငန်းတွေဆီကို လှူဒါန်းထားပြီးဖြစ်တယ်လို့ဆိုပါတယ်။

အခုတော့ သူဟာ နိုင်ငံရေးနယ်ပယ်ဘက်ကို ခြေစလှမ်းခဲ့ပါတယ်။ ၂၀၀၂ ခုနှစ်မှာတော့ သူဟာ နယူးယော့ခ်မြို့ မြို့တော်ဝန်နေရာအတွက် အရွေးချယ်ခံခဲ့ရပါတယ်။ မြို့တော်ဝန်အဖြစ် ၁၂ နှစ်ကြာအောင် တာဝန်ထမ်းဆောင်ခဲ့သူပါ။ လာမယ့် ရွေးကောက်ပွဲမှာလည်း သမ္မတနေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်သွားမှာပါ။ သူ့ဘဝဇာတ်ကြောင်းကို တစ်ချက်လောက် ကြည့်ရအောင်ပါ။

Michael Bloomberg ကို ဖေဖော်ဝါရီ ၁၄ ရက်၊ ၁၉၄၂ ခုနှစ်မှာ မွေးဖွားခဲ့ပါတယ်။ သူ့ရဲ့ ဖခင်ဖြစ်သူဟာ ရက်သတ္တပတ်လုံး ၇ ရက်လုံးလုံး စာရင်းကိုင်လုပ်ခဲ့ပါတယ်။ သူ့မိခင်ဖြစ်သူကတော့ စက္ကထေရီအလုပ်လုပ်ပါတယ်။ ၁၉၆၄ ခုနှစ်မှာတော့ သူဟာ Johns Hopkins တက္ကသိုလ်ကနေပြီးတော့ စက်မှုအင်ဂျင်နီယာဘာသာရပ်နဲ့ ဘွဲ့ရရှိခဲ့ပါတယ်။ ဘွဲ့ယူဖို့အတွက်တော့ သူဟာ ကြားထဲမှာ အချိန်ပိုင်းအလုပ်ပေါင်းများစွာ အလုပ်လုပ်ခဲ့ရပါတယ်။ ၁၉၆၆ ခုနှစ်မှာတော့ ဟားဘက်တက္ကသိုလ်ကနေ MBA ရရှိခဲ့ပါတယ်။

 

၁၉၆၆ခုနှစ်မှာတော့ နယူးယော့ခ်မြို့ကို ပြောင်းလာခဲ့ပါတယ်။ စစချင်းမှာတော့ Salomon Brothers ဆိုတဲ့ ဘဏ်တစ်ခုမှာ အလုပ်ဝင်လုပ်ပါတယ်။ 

၁၉၇၂ မှာတော့ သူ အသက် ၃၀ ပြည့်ပါပြီ။ သူ့ရဲ့ မိတ်ဆွေတစ်ယောက်နဲ့ ကုန်သွယ်ရေးလုပ်ငန်းစုတစ်စုကို တည်ထောင်ပြီး အလုပ်လုပ်ခဲ့ပါတယ်။ ၁၉၇၆ ခုနှစ်မှာတော့ သူဟာ စူစန်ဘရောင်းဆိုတဲ့ အမျိုးသမီးတစ်ယောက်နဲ့ လက်ထပ်ခဲ့ပါတယ်။ Georgina Bloomberg ဆိုတဲ့ သမီးတစ်ယောက်နဲ့  Emma Bloomberg ဆိုတဲ့ သမီးနှစ်ယောက် ထွန်းကားခဲ့ပါတယ်။၁၉၉၃ ခုနှစ်မှာတော့ Michael Bloombergဟာ စူစန်ဘရောင်းနဲ့ ကွာရှင်းပြတ်ဆဲခဲ့ပါတယ်။

၁၉၇၉ ခုနှစ်မှာတော့  Bloomberg ဟာ အိုင်တီဌာနဆီကိုကူးပြောင်းလာခဲ့ပါတယ်။ ကုန်သွယ်စီးဆင်းမှု၊ ကုန်ဖလှယ်မှုလုပ်ငန်းတွေကိုသာ လုပ်ကိုင်လိုသူ သူ့အတွက်တော့ အိုင်တီနယ်ပယ်ဟာ သူစိမ်းပြင်ပြင်ဖြစ်နေခဲ့ပါတယ်။ သူ လုံးဝကို စိတ်မဝင်စားတဲ့ နယ်ပယ်တစ်ခုပါ။ ဒါပေမယ့် အိုင်တီဌာနမှာပဲ ကွန်ပျုတာတွေရဲ့ အကြောင်းကို ကောင်းကောင်းကြီး သိနားလည်ခဲ့ရတာပါ။

၁၉၈၁ ခုနှစ်မှာတော့ သူ လက်ရှိအလုပ်လုပ်ကိုင်နေတဲ့ ဆော်လမုန်ကုမ္ပဏီကနေ အလုပ်အထုတ်ခံခဲ့ရပါတယ်။ အဲဒီအချိန်မှာ သူ အသက် ၃၉ နှစ်ရှိပါပြီ။ တစ်နေ့ကို ၁၂ နာရီအလုပ်လုပ်ပြီး တစ်ပတ်မှာ ခြောက်ရက်လောက် အလုပ်လုပ်ခဲ့ပါတယ်။ အဲဒီလို အလုပ်လုပ်တဲ့ နှုန်းတားနဲ့ သွားနေတာက နှစ်ပေါင်း ၁၅ နှစ်လောက်ရှိပါပြီ။

 

အလုပ်ထုတ်ခံလိုက်ရချိန်မှာ သူ့အတွက် ကံကောင်းမှုတစ်ခုဝင်လာခဲ့ပါတယ်။ Henry Kaufma ဆိုတဲ့ သူတစ်ယောက်ရဲ့အသံပါ။ ဘာအသံလဲဆိုတော့ ဒေါ်လာ ၁၀ မီလျံ သူ့အတွက် အရင်းအနှီးထုတ်ပေးလိုက်တဲ့ အသံပါ။ Henry Kaufman ဟာ Wall Street ကုမ္ပဏီကြီးရဲ့ စီမံခန့်ခွဲရေးဌာနကလူတစ်ယောက်ပါ။ Salomon Brothers မှာ အလုပ်လုပ်နေတဲ့ ဘဝက ပြီးဆုံးသွားပြီ အခု ကုမ္ပဏီကနေ ထွက်ပြီး အလုပ်လုပ်ဖို့ အချိန်ကျပြီလို့ ကမ္ဘာပေါ်မှာ အထင်ရှားဆုံးစီးပွားရေးပညာရှင်ထဲက တစ်ယောက်ဖြစ်တဲ့ Henry Kaufmanက သူ့ကိုပြောဆိုခဲ့တာပါ။

ဒီလို သူ အလုပ်ထုတ်ခံလိုက်ရခြင်းအတွက် သူအတွက်တော့ ရှက်စရာတစ်ခုလို့ မသတ်မှတ်ခဲ့ပါဘူး။ ဒါပေမယ့် သူ စိတ်ပူနေတာ တစ်ခုရှိပါသေးတယ်။ အဲဒါကတော့ သူ့ရဲ့ ဇနီးဖြစ်သူဟာ ဒီလို အလုပ်ထုတ်ခံလိုက်ရခြင်းအတွက် ရှက်နေမှာကိုပါပဲ။ ဒါကြောင့် သူဟာ သူ့ဇနီးဖြစ်သူကို ဈေးအင်မတန်ကြီးတဲ့ ကုတ်အကျီ င်္တစ်ထည်ဝယ်ပြီး လက်ဆောင်ပေးခဲ့ပါတယ်။

သူ အလုပ်ထုတ်ခံရတဲ့ နှစ်မှာပဲ ငွေကြေးဝန်ဆောင်မှုပေးတဲ့ ကုမ္ပဏီဖြစ်တဲ့ Bloomberg LP ကို သူ ပူးတွဲတည်ထောင်ခဲ့ပါတယ်။ အခု လက်ရှိဈေးကွက်ထဲက ကုန်သည်ကြီးတွေ၊ စီးပွားရေးပညာရှင်တွေဟာ သင့်တင်လျှောက်ပတ်တဲ့ အချက်အလက်တွေ လိုအပ်နေတယ်ဆိုတာကို သူ အစောကြီးကတည်းက သိနှင့်နေခဲ့ပါတယ်။ Bloomberg LP ဟာ အဲဒီလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မယ်လို့ သူ ယုံကြည်နေခဲ့ပါတယ်။

သူ လုပ်ငန်းစတင်လည်ပတ်စဉ်က ကွန်ပျုတာတွေဟာ အသုံးမများလှသေးပါဘူး။ ဒါပေမယ့် ကွန်ပျုတာတွေဟာ နောက်တစ်ချိန်မှာ အရာအားလုံးကို ပြောင်းလဲပစ်နိုင်တဲ့ အရာတစ်ခုဖြစ်တယ်လို့ သူ သိနှင့်နေခဲ့ပါတယ်။ Wall Street ကတော့ အဲဒါကို ပထမဆုံး အသုံးချနိုင်ခဲ့တဲ့ ကုမ္ပဏီတစ်ခုပါ။ Bloomberg  ကုမ္ပဏီရဲ့ ပထမဆုံးcustomer ကတော့ Merrill Lynch ကုမ္ပဏီပါ။Bloomberg ဟာ ကုမ္ပဏီရဲ့ ရှယ်ယာ ၈၈ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားပါတယ်။ (၂၀၁၈) ခုနှစ်မှာတော့ ဒေါ်လာ (၁၀) ဘီလျံလောက် အမြတ်အစွန်းရရှိခဲ့ပါတယ်။ နိုင်ငံပေါင်း (၁၂၀) လောက်မှာ ဝန်ထမ်းပေါင်း (၂) သောင်းလောက် ခန့်အပ်ထားနိုင်ခဲ့ပါတယ်။

 

ကုမ္ပဏီဟာ နာမည်ကြီးပြီး အောင်မြင်လာတဲ့နဲ့အမျှ ရုပ်သံမီဒီယာတစ်ခု ပြုလုပ်ဖို့ စီစဉ်လာခဲ့ပါတယ်။ (၁၉၉၀) ခုနှစ်မှာတော့ Bloomberg News ကို စတင်မိတ်ဆက်ခဲ့ပြီး ကမ္ဘာပေါ်က မြို့ကြီးတွေအနှံ့မှာ သတင်းထောက်များ ထားရှိခဲ့ပါတယ်။ (၁၉၉၄) ခုနှစ်မှာတော့  Bloomberg TV ကို မိတ်ဆက်ခဲ့ပါတယ်။

(၁၉၉၅) မှာတော့ Bloomberg ရဲ့ နာမည်ဟာ သန်းကြွယ်သူဌေးစာရင်းထဲ ပါဝင်ခဲ့ပါပြီ။သူဌေးတစ်ယောက်ဖြစ်လာခဲ့ပေမယ့် သူပိုင်ဆိုင်တဲ့ ငွေကြေးတွေကို အလှူအတန်းတွေ ပြုလုပ်ရမှာ အသုံးပြုနေဆဲပါ။

“ငါက ငွေတွေ မလိုတော့ဘူး။ ဘယ်နေရာမှာ ငါ့ ငွေတွေနဲ့ တစ်စုံတစ်ခုပြောင်းလဲပစ်လို့ရမလဲ”ဆိုပြီး ပြောခဲ့ပါတယ်။

(၂၀၀၀) ပြည့်နှစ်မှာတော့ Bloombergဟာ ဒီမိုကရက်ပါတီဝင်တစ်ယောက်တော့ မဟုတ်ခဲ့သေးပါဘူး။ ရီပါပလက်ကန်ပါတီဝင်တစ်ယောက်အနေနဲ့ သူ လှုပ်ရှားခဲ့ပါတယ်။ (၂၀၀၂) ခုနှစ်မှာတော့ နယူးယော့ခ်မြို့ရဲ့ မြို့တော်ဝန်အဖြစ် တင်မြောက်ခံခဲ့ရပါတယ်။ သူ မြို့တော်ဝန်အဖြစ်တာဝန်ထမ်းဆောင်နေချိန်မှာပဲ အရေးအခင်းတော်တော်များများဖြစ်ခဲ့ပါတယ်။ ၉-၁၁ အဖြစ်ဆိုးကြီးလည်း ကြုံခဲ့ရသလို၊ ငွေကြေးအကျပ်အတည်းတော်တော်များများကိုလည်း ရင်ဆိုင်ဖြေရှင်းခဲ့ရပါတယ်။ စားသောက်ဆိုင်တွေမှာ စီးကရက်မသောက်ရအမိန့်ကိုလည်း သူ ထုတ်ပြန်ခဲ့ပါတယ်။ လက်ကိုင်ကိုင်ခွင့်ထိန်းချုပ်ရေးကိုလည်း စနစ်တကျလုပ်ဆောင်ခဲ့ပြီး (၂၀၀၂) ခုနှစ်မှာတော့ တရားမဝင် လက်နက်ကိုင်ဆောင်သူတွေ့ပါက ဒေါ်လာတစ်ထောင်အထိ ဆုချီးမြင့်မယ်လို့လည်း ကြေငြာချက်ထုတ်ခဲ့ပါတယ်။

Ye Yint Kyaw

SHARE