Amazon တည်ထောင်သူ Jeff Bezos ပြောပြခဲ့တဲ့ စိတ်ဝင်စားဖွယ် အဖြစ်အပျက်တစ်ခု

JeffBezos/Instagram

ကမ္ဘာကျော် online-shop ကြီးဖြစ်တဲ့ Amazon ကို တည်ထောက်သူ Jeff Bezos ဟာ သူ့ရဲ့ ဝန်ထမ်းလက်အောက်ငယ်သားတွေ အပေါ်မှာ အင်မတန်ကိုမှ နားလည်သည်းညည်းခံသူလို့ နာမည်ကြီးပါတယ်။ ပြိုင်ဘက်ပေါင်းများစွာ ရှိတဲ့အထဲမှာ Amazon ကို  ကမ္ဘာ့ထိပ်တန်းကုမ္ပဏီတစ်ခုအဖြစ် ရောက်လာစေခဲ့တာက Jeff Bezos ရဲ့ အစွမ်းအစပါပဲ။ သူ့ရဲ့ စွမ်းဆောင်ရည်ကြောင့်သာ မဟုတ်ခဲ့ရင် Amazon ဟာ အခုလိုမျိုး အနေအထားတစ်ခုအထိ ရောက်ရှိလာမှာမဟုတ်ပါဘူး။

Jeff Bezons ဟာ ငယ်စဉ်ကတည်းက ထိုးထွင်းဥာဏ်ကောင်းခဲ့ပြီး တစ်ခုခု လုပ်ခါနီးရင် အရင်ဆုံးဖြစ်နိုင်ချေကို တွက်ချက်တတ်တဲ့လူတစ်ယောက်ပါ။ ဒီလို ဥာဏ်ကောင်းပြီး Smart ဖြစ်နေတဲ့  Jeff Bezons ရဲ့ ဘဝကို အကြီးမားဆုံးပြောင်းလဲပေးနိုင်တဲ့ အဖြစ်အပျက်တစ်ခုရှိပါတယ်။ တကယ်တော့ ဒီဖြစ်ရပ်က ရတဲ့ သင်ခန်းစာဟာ သူ့ဘဝကို တစ်ဆစ်ချိုးပြောင်းလဲပေးခဲ့နိုင်တယ်လို့လည်း သူကိုယ်တိုင် inc.com နဲ့ အင်တာဗျူးမှာ ဆိုခဲ့ပါတယ်။

 

 

View this post on Instagram

 

Got a chance to scout some of the cool tech at the first #reMARS event. @haptx_inc @rivianofficial @harvardseas @wyssinstitute

A post shared by Jeff Bezos (@jeffbezos) on

အဆိုပါ အဖြစ်အပျက်ကို Jeff Bezos က ပြန်လည်ပြောပြရမှာတော့ –

“ ဒါတွေ အကုန်လုံးက ကျနော် ၁၀ နှစ်လောက်က ဖြစ်ခဲ့တာဗျ၊  ကားတာစ်စင်းပေါ်မှာ ဖြစ်ခဲ့တဲ့ အဖြစ်အပျက်ပဲ။ ကျနော့်အဖိုးက ကားမောင်းနေတယ်ဗျာ။ သူ့ဘေးနားက ခုံမှာ အဘွားက ထိုင်နေတယ်။ ဒီအတိုင်းထိုင်နေရုံတင်မဟုတ်ဘဲ လမ်းတစ်လျှောက်လုံး စီးကရက်သောက်နေတယ်။ ကျနော်က စီးကရက်အနံ့ကိုဆို သိပ်မုန်းတီးတဲ့လူ”

“အဲဒီအရွယ်မှာ ကျနော် သင်္ချာသဘောတရားကို နည်းနည်းတော့ တီးမိခေါက်မိရှိနေပြီ။ လမ်းတစ်လျှောက်လုံးလည်း အဘွားသောက်နေတဲ့ စီးကရက်အလိပ်အအေရအတွက်နဲ့ တစ်လိပ်သောက်ရင် လူ့သက်တမ်း လျော့ကျနိုင်ခြေတွေကို  တစ်လမ်းလုံးတွက်ချက်လာခဲ့တာပဲ။ အဘွား တစ်ရက်ကို ပျှမ်းမျှ စီးကရက်ဘယ်နှစ်လိပ်သောက်သလဲပေါ့။ ကျနော် တွက်ချက်ခဲ့တယ်”

“ဒီလို တွက်ချက်ပြီးတော့ ကျနော် စိတ်တိုင်းကျအရေအတွက်ကို ရသွားခဲ့တော့ဗျာ အဘိုးတို့ ကားသွားမှာကို ကျနော်က ရှေ့ကနေပြီး တားခဲ့တယ်။ပြီးတော့ အဘွားကို သွားပြောတယ်။ သူ နှစ်မိနစ်ကို စီးကရက်တစ်လိပ်နှုန်းနဲ့ သောက်နေတယ်။ ဒီလို သောက်နှုန်းအတိုင်းသာဆိုရင် အဘွားရဲ့ သက်တမ်းကိုးနှစ်လောက်ဟာ စီးကရက်ကြောင့် အသက်ရှင်ဖို့ လျော့သွားမယ်လို့လေ”

ငယ်ရွယ်သေးတဲ့ အရွယ်လည်း ဖြစ်တာက တစ်ကြောင်း၊ သူ တွက်ချက်လိုက်တဲ့ ဖြစ်နိုင်ချေတွေဟာ လူအထင်ကြီးစရာဖြစ်တာက တစ်ကြောင်း Jeff Bezos ဟာ သူ့ရဲ့ လုပ်ရပ်အပေါ်မှာ အင်မတန်ကို ကျေနပ်ပီတိဖြာနေခဲ့ပါတယ်။ အဘိုးဖြစ်သူနဲ့ အဘွားဖြစ်သူက ငါ့မြေးလေး တော်လိုက်တာ၊ ဥာဏ်ပြေးလိုက်တာလို့ ချီးမွန်းလာမယ့် အသံတွေကို သူ ကြားရပြီပေါ့။  Jeff Bezos ဟာ ဒီလို မျှော်လင့်ခဲ့ပါတယ်။

Jeff Bezos/Instagram

ဒါပေမယ့် တကယ်ဖြစ်သွားတာက သူ မျှော်လင့်သလို မဟုတ်ခဲ့ပါဘူး။

READ
ကမ္ဘာ့အချမ်းသာဆုံး ဘီလျံနာများရဲ့ စိတ်ဝင်စားဖွယ်ကောင်းတဲ့အချက်များ

အဘိုးဖြစ်သူဟာ သူ ပြောသမျှကို နားထောင်ရုံပဲ နားထောင်ပြီး သွားရမယ့် ခရီးကို ဆက်သွားပါတယ်။ အဘွားဖြစ်သူကလည်း တုံဏိဘာဝေပါပဲ။ ချီးမွန်းသံတွေ ထွက်လာမယ့် အစား  အခြေအနေဟာ အရင်ကအတိုင်းဖြစ်နေခဲ့ပါတယ်။ Jeff Bezons ဟာ သူ တွက်ချက်တာ တစ်ခုခုများ မှားနေလို့လားဆိုတဲ့ အတွေးနဲ့ ကားနောက်ခန်းမှာ ထိုင်လျက်သား လိုက်ပါလာခဲ့ပါတယ်။ အဘိုးဖြစ်သူကတော့ တစ်လမ်းလုံး ဘာစကားမှ မပြောဘဲ ကားကို မောင်းနှင်ခဲ့ပါတယ်။ အဘွားဖြစ်သူကတော့ စီးကရက်တွေ သောက်မြဲအတိုင်း သောက်နေဆဲပါပဲ။

လမ်းခုလတ်တစ်က ဆိုင်တစ်ဆိုင်ကို ရောက်တော့ Jeff Bezons  ကို အဘိုးဖြစ်သူက စီးကရက်အနံ့ မခံနိုင်ရင် ဒီမှာခဏနေခဲ့၊ ပြီးရင် ငါပြန်လာခေါ်မယ်။ စောင့်နေ”ဆိုပြီး ပြောသွားခဲ့ပါတယ်။

ဒါ့အပြင်

READ
လူမျက်နှာပုံတူကို ချိုချဉ်လုံး ကိုက်ဝါးပြီး ပုံဖော်သွားတဲ့ လမ်းဘေးက ပညာရှင်တစ်ဦး

“ ဒီမှာ ငါ့မြေး၊ မင်း အဘွား စီးကရက်သောက်တာ ကျန်းမာရေးထိခိုက်စေမှန်း ငါ မသိဘဲ နေမလားကွာ။ အသက်တိုမယ်ဆိုတာလည်း ငါ မသိဘဲ နေမလား။ ဒါပေမယ့် သူဘာသူ သောက်ပါစေကွာ၊ ငါတို့က အသက်ကလည်း ကြီးပြီ။ အချိန်တွေ အကြာကြီးလည်း နေခဲ့ပြီးပြီ။ မင်း သင်္ချာကျွမ်းတာ၊ တွက်ချက်တတ်တာကိုလည်း ငါ အသိအမှတ်ပြုပါတယ်။ ဒါပေမယ့် ငါ့မြေးရဲ့ တစ်နေ့ကျရင် ဥာဏ်ကောင်းဖို့၊ ဦးနှောက်ပြေးဖို့ထက် လူတစ်ဖက်သားကို ကြင်နာသနားတတ်ဖို့က ပိုခက်ခဲတယ်ဆိုတာ ငါ့မြေးသိလာမှာပါ”လို့ ပြောခဲ့ပါတယ်။

ဒီဖြစ်ရပ်ဟာ  Jeff Bezons ရဲ့ ဘဝမှာ အောင်မြင်ဖို့အတွက် တော်နေရုံ၊ တတ်နေရုံတင် မကဘဲ စိတ်ကောင်းနှလုံးသားကောင်းရှိဖို့လည်း လိုအပ်တယ်လို့ သင်ခန်းစာရလိုက်ပါတယ်။

“ဥာဏ်ပြေးတယ်ဆိုတာက မင်းကို ဘုရားသခင် ပေးလိုက်တဲ့ လက်ဆောင်ပဲ။ ကြင်နာတတ်တယ်ဆိုတာကတော့ မင်းရဲ့ ရွေးချယ်မှုဖြစ်သွားပြီ”လို့  Jeff Bezons က ဆိုခဲ့ပါတယ်။

အခုလို ငွေနောက်ကို သည်းကြီးမည်းကြီးလိုက်နေတဲ့ အပြိုင်အဆိုင်များတဲ့ ကမ္ဘာကြီးမှာ လူတွေဟာ တော်ဖို့၊ထက်မြတ်ဖို့အတွက်ပဲ စိုင်းပြင်းနေကြပါတယ်။ သူတို့ရဲ့ နှလုံးသားထဲက နူးညံ့တဲ့ ကြင်နာမှုလေးတွေကိုတော့ မေ့လျော့ထားဟန်တူပါရဲ့။ အပြင်ဘက် ရုပ်အဆင်းဟာ လှပနေပေမယ့် စိတ်နှလုံးသားက မလှပရင်တော့ ပြီးပြည့်စုံတဲ့ လူတစ်ယောက်အဖြစ် ရောက်ရှိလာနိုင်မှာမဟုတ်သလို၊ ဘဝမှာ အောင်မြင်နိုင်မယ့် လူတစ်ယောက် ဖြစ်လာမှာမဟုတ်ပါဘူး။

Jeff Bezos/Twitter

တကယ်တော့ ယခုအချိန်မှာ ထိပ်တန်းရောက်နေတဲ့ အောင်မြင်သူ အများစုဟာ ဦးနှောက်ပြေးရုံတင်မကဘဲ သူတို့ရဲ့ စိတ်ကောင်းနှလုံးသားကောင်းတွေကိုပါ အောင်မြင်ရေးလမ်းကြောင်းတစ်လျှောက်မှာ သယ်ဆောင်လာခဲ့လို့သာ သူတို့ ဒီ အခြေအနေကိုရောက်လာခဲ့ခြင်းလည်းဖြစ်ပါတယ်။

အခုအချိန်မှာ ကမ္ဘာ့အချမ်းသာဆုံးလူ ၁၀ ယောက် စာရင်းဝင်တဲ့ Amazon သူဌေးကြီး Jeff Bezons ကတော့ သူ့ဘဝမှာ အခုလိုအောင်မြင်လာဖို့ဆိုတာ သူ့ဘဝမှာ ကြုံတွေ့ခဲ့ရတဲ့၊ သူ့ရဲ့ အတွေးအခေါ်ကိုလည်း ပြောင်းလဲပေးစေခဲ့တဲ့ အဖြစ်အပျက်လေးတစ်ခုနဲ့ အတူ ပြောပြသွားခဲ့ပါတယ်။

YYK

SHARE