နောက်ဆုံးကြေငြာချက်ထုတ်ပြန်လိုက်ပြီဖြစ်တဲ့ မင်းသမီး Jang Ja Yeonရဲ့ အမှု

မင်းသမီး Jang Ja Yeon ကိုယ်ကိုကိုယ်သတ်သေတဲ့  အမှုကိစ္စကိုတော့ စုံစမ်းစစ်ဆေးရေးအဖွဲ့တွေကနေ အဆုံးသတ်လိုက်ပြီလို့ ကြေငြာလိုက်ပြီဖြစ်ပါတယ်။ Jang Ja Yeon  ကတော့ Boys Over Flowers ရုပ်သံဇာတ်လမ်းတွဲမှာ ပါဝင်ပြီးနောက် နာမည်ကြီးလာတဲ့ မင်းသမီးတစ်ယောက်ဖြစ်ပါတယ်။ ၂၀၀၉ ခုနှစ်မှာ ကိုယ့်ကိုကိုယ်သတ်သေသွားခဲ့တာဖြစ်ပြီး မသေခင်မှာ သူမကို အာဏာရှိ စီးပွားရေးလုပ်ငန်းရှင်တွေက လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေ ပြုလုပ်ခဲ့တဲ့အကြောင်းကို စာအရှည်ကြီးရေးသွားခဲ့တာဖြစ်ပါတယ်။

ကနဦးပိုင်း စစ်ဆေးမှုမှာတော့ Jang Ja Yeonရဲ့ အေဂျင်စီ CEO နဲ့ မန်နေဂျာတို့ကိုပဲ အသရေဖျက်မှု၊ အကြမ်းဖက်မှုတွေနဲ့ အရေးယူခဲ့တာဖြစ်ပါတယ်။ ဒီအမှုကိစ္စကတော့ ၂၀၁၈ ခုနှစ် မတ်လမှာ ပြန်ဖွင့်ခဲ့ပြီး ယခုလ ၁၃ ရက်နေ့မှာတော့ နောက်ဆုံးတင်ပြချက်တစ်ခုနဲ့ အဆုံးသတ်လိုက်ပြီဖြစ်ပါတယ်။ အမှုပြန်ဖွင့်ခဲ့တဲ့ အချိန်မှာတော့ လူပေါင်း ၈၀ ကျော်ကို အင်တာဗျူးလုပ်ခဲ့ပါတယ်။Jang Ja Yeonကို အကြမ်းဖက်မှုမှာပါဝင်နေတယ်လို့ ယူဆရတဲ့ TV Chosun ရဲ့ CEO ကလည်း စစ်ဆေးမေးမြန်းခံခဲ့ရပြီး Jang Ja Yeonရဲ့ သူငယ်ချင်းဖြစ်တဲ့ Yoon Ji Oh ကတော့ ဒီအမှုကိစ္စမှာ  အဓိကအဖြစ်ပါဝင်လာခဲ့ပြီး Jang Ja Yeonဘက်ကနေ တရားရုံးမှာထွက်ဆိုချက်ပေးခဲ့ပါတယ်။

READ
ရဲရဲတောက်ဖက်ရှင်နဲ့ ပွဲတက်လာတဲ့ သင်ဇာဝင့်ကျော်
Yoon Ji Oh
 Yonhap News သတင်းဌာနကတော့ ဒီအမှုကိစ္စက ခရီးပေါက်ဖို့ တော်တော်လေးခက်ခဲလိမ့်မယ့်လို့ပြောထားပါတယ်။ Jang Ja Yeonကို အပျော်မယ်အဖြစ် အေဂျင်စီ CEO ကခိုင်းစားခဲ့တယ်ဆိုတဲ့ သက်သေတွေရှိနေတာကြောင့် CEO ကိုတော့ ပြန်လည်ပြီး စစ်ဆေးသွားမှာဖြစ်တယ်လို့ နောက်ဆုံးသတင်းတင်ပြချက်ထဲမှာရေးသားထားပါတယ်။SBSရဲ့ 8 O’Clock သတင်းမှာတော့ နောက်ဆုံးတင်ပြချက်မှာ ပြီးခဲ့တဲ့ စစ်ဆေးမှုတွေနဲ့ Jang Ja Yeonရဲ့  နောက်ဆုံးရေးသားခဲ့တဲ့ စာထဲမှာပါဝင်ခဲ့တဲ့သူအချို့ရဲ့ စစ်ဆေးမှုအပေါ် ဖိအားပေးမှုတဲ့အကြောင်းတွေ ပါဝင်ပါတယ်။
အမှုအတွက် နောက်ဆုံး ဆုံးဖြတ်ချက်ကိုချမလား၊ နောက်ထပ် စုံစမ်းစစ်ဆေးမှုလုပ်မလားဆိုတာကိုတော့ အတိတ်ရေးရာ တရားမျှတရေးဝန်ကြီးဌာနကနေ လာမယ့် မေလ ၂၀ ရက်နေ့မှာ ကြေငြာမှာဖြစ်ပါတယ်။
Source: Koreaboo
SHARE