သြစတေးလျတောမီးတွင်းမှ တိရစ္ဆာန်ကောင်ရေ (၉) သောင်းကျော်ကို ကယ်တင်ခဲ့တဲ့ မိသားစု

instagram/robertirwinphotography

Irwin မိသားစုဟာ သြစတေးလျက တိရစ္ဆာန်ရုံမှုးလည်းဖြစ်၊ သဘာဝပတ်ဝန်းကျင်အရေးလှုပ်ရှားသူ၊ ထိန်းသိမ်းသူလည်းဖြစ်တဲ့ Steve Irwin ရဲ့ အလုပ်တွေကို ယနေ့တိုင် ဆက်လက်လုပ်ကိုင်လာတဲ့ မိသားစု ဖြစ်ပါတယ်။ မိကျောင်းဘုရင်လို့ ဆိုကြတဲ့ Steve Irwin ကတော့ လွန်ခဲ့တဲ့ (၂၀၀၆) ခုနှစ်ကတည်းက ကွယ်လွန်သွားခဲ့ပါပြီ။ Steve Irwin ဟာ အစီအစဉ်တင်ဆက်သူတစ်ဦးလည်းဖြစ်ပါတယ်။ (၂၀၀၆) ခုနှစ်မှာတော့ သူဟာ သြစတေးလျရဲ့ မြောက်ဘက်ကမ်းရိုးတန်းမှာ အဆိပ်ပြင်းတဲ့ ငါးလိပ်ကျောက်တစ်ကောင်ရဲ့အမြီးကြောင့် သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။

သူကွယ်လွန်ခဲ့ပြီဖြစ်ပေမယ့် သူ့ရဲ့ သားနဲ့ သမီးတွေကတော့ ဖခင်ဖြစ်သူရဲ့ အမွေဖြစ်တဲ့ တိရစ္ဆာန် ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းတွေကို ဆက်လုပ်နေကြတုန်းပါ။ အခုဆိုရင်လည်း Irwin မိသားစုဟာ လတ်တလော ဖြစ်ပွားနေတဲ့ ကြောက်မက်ဖွယ် သြစတေးလျ တောမီးထဲက  တိရစ္ဆာန်ကောင်ရေ (၉) သောင်းကို ကယ်တင်ခဲ့တယ်လို့ kdvr သတင်းစာမျက်နှာအရ သိရပါတယ်။

Steve Irwin ရဲ့သားဖြစ်တဲ့ ရောဘတ်ကတော့ လက်ရှိ အသက် (၁၆) နှစ်ပဲ ရှိပါသေးတယ်။  “သြစတေးလျတိုက်မှာ လောင်နေတဲ့ မီးတွေနဲ့အတူ အများကြီးဆုံးရှုံးပျက်စီးခဲ့ရတဲ့ လူတွေနဲ့ တိရစ္ဆာန်တွေအတွက် ကျွန်တော်ကြေကွဲမိပါတယ်…” လို့ ရောဘတ်က ဆိုပါတယ်။

Steve Irwin ရဲ့ သမီးဖြစ်သူ ဘင်ဒီကတော့ သူမတို့ Irwin မိသားစုပိုင်တဲ့ သြစတေးလျ တိရစ္ဆာန်ရုံရဲ့တိရစ္ဆာန်ထိန်းသိမ်းရေးပိုင်းနဲ့ပတ်သက်တဲ့ နည်းနာတွေဟာ တောမီးကြောင့် ပျက်စီးမသွားပါဘူးလို့ ဆိုလိုက်ပါတယ်။ သြစတေးလျတိရစ္ဆာန်ရုံဟာ တောမီးလောင်ပြီး နောက်ပိုင်း ဆေးရုံဟာ မအားလပ်နိုင်အောင်ပဲ ဖြစ်ခဲ့ရပါတယ်။ ဘင်ဒီက သူမတို့မိသားစုဟာ အသက်ဘေးကြုံနေတဲ့ သဘာဝတောရိုင်းတိရစ္ဆာန်တွေကို အမြဲတမ်းကူညီးဖေးမခဲ့တာ ဖြစ်ပြီး ရှေ့လျှောက်လည်း သူမတို့ တတ်စွမ်းသမျှ တိရစ္ဆာန်လေးတွေကို ခေါ်ယူစောင့်ရှောက်မှာဖြစ်တယ်လို့ ဆိုခဲ့သေးကြောင်း သိရပါတယ်။

READ
မျက်နှာပေါ်က ခြင်ကိုက်ဖုကို ကုတ်ခြစ်မိရာက အန္တရာယ်ကြုံတွေ့ခဲ့တဲ့ အမျိုးသား

လင်းလင်း (ShweMom)

SHARE