Agoraphobia လို့ခေါ်တဲ့ အပြင်ထွက်ရမှာကြောက်တဲ့ ရောဂါအကြောင်း သိကောင်းစရာများ

Pixabay-Pexels

သင်ဟာ အိမ်အပြင်ကို ထွက်ရမှာကြောက်တာတွေဘာတွေ ဖြစ်ဖူးပါသလား။ အပြင်ထွက်ခဲ့ရင်လည်း ဘာကိုကြောက်မှန်းမသိကြောက်နေတာမျိုးတွေ၊ တစ်ယောက်ယောက်က ကိုယ့်ကို စောင့်ကြည့်နေသလိုလို ခံစားချက်တွေ၊ မဖြစ်မနေ အပြင်ထွက်ခဲ့ရရင်လည်း အိမ်အမြန်ပြန်ရဖို့ အချိန်ကို ကိုယ့်ရဲ့ မသိစိတ်က တောင့်တ နေတာမျိုးတွေ ဖြစ်ဖူးပါသလား။ ဒါဆိုရင် ကျိန်းသေတာကတော့ သင့်မှာ Agoraphobia လို့ ခေါ်တဲ့ အပြင်ထွက်ရမှာကြောက်တတ်တဲ့ ရောဂါရနေပြီဆိုတာပါပဲ။

Pixabay-B_Me

Agoraphobia ဆိုတဲ့ ရောဂါဟာ တော်တော်ထူးဆန်းတဲ့ စိတ်ရောဂါတစ်မျိုးလို့ ပြောနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူရောဂါရဲ့ လက္ခဏာက ဘာကို ကြောက်မှန်းမသိပဲ အိမ်အပြင်ထွက်ရမှာကို စိတ်က အလိုလိုကြောက်မိနေတာပါ။ ဒီရောဂါမျိုးဟာ များသောအားဖြင့် ဘယ်လိုနေရာတွေ၊အချိန်တွေမှာ ဖြစ်တတ်သလဲဆိုရင် ကား ၊ရထား၊ ဘတ်စ်ကား အစရှိတဲ့ အများပြည်သူသုံးယာဉ်တွေ စီးနေတုန်း လူအရမ်းကြပ်တဲ့အချိန်တွေ၊ ရုပ်ရှင်ရုံမှာ အမှောင်ထဲ ဇာတ်ကားကြည့်နေတဲ့အချိန်၊ တစ်ခုခုကိုဝယ်ဖို့ လူအများနဲ့ တန်းစီနေတဲ့အချိန်တွေမှာ အဖြစ်များတတ်ပါတယ်။

READ
အပြေးလေ့ကျင့်ခြင်းကြောင့် ရရှိနိုင်တဲ့ အကျိုးတရား ၅ ခု
Pixabay-jplenio

ဒီလိုမျိုးဖြစ်သွားရင် တော်တော်ခံစားရခက်ပါတယ်။ ဒီဟာကတော့ ကျွန်တော်ဖြစ်ဖူးတဲ့ ကိုယ်တွေ့ပါ။ တစ်နေ့ ကျွန်တော့် ကောင်မလေးအိမ်ကို လိုက်ပို့ရင်း သူ့အိမ်က အထွက်မှာ ရုတ်တရက် အိမ်ကို အမြန်ရောက်ချင်တဲ့ ဆန္ဒကြီးက ပေါ်လာပါတယ်။ ဒီလိုစိတ်တင်းပြီး လမ်းထိပ်ရောက်အောင် လမ်းလျှောက်နေတုန်း ရုတ်တရက် နှလုံးခုန်တွေ မြန်လာပြီး ချွေးစေးတွေပါ ထွက်လာပါတယ်။

အဲဒီအချိန်ထိ စိတ်ထဲမှာ အိမ်ကို အမြန်ဆုံးရောက်ချင်နေပါတယ်။ ဒီလိုနဲ့ လမ်းထိပ်ရောက်ခါနီးလာလေ စိတ်တွေက ဘာကိုကြောက်လို့ ကြောက်နေမှန်းမသိ ပိုဖြစ်လာပါတယ်။ အဲဒီအချိန်မှာ မတက်သာလို့ ကားတောင်မငှားနိုင်တော့ပဲ ကောင်မလေးကို ဖုန်းအမြန်ဆက်ပြီး လမ်းထိပ်ကိုတောင် လာခေါ်ခိုင်းရပါတယ်။ နောက်ဆုံးမှာတော့ အိမ်ကို ဖုန်းဆက်ပြီး လာကြိုခိုင်းလောက်အောင်အထွ ဖြစ်ခဲ့ဖူးပါတယ်။

Pixabay-lograstudio

ဒီလိုမျိုး Agoraphobia ရောဂါဖြစ်နေရင် ကုသဖို့ နည်းလမ်းတွေ ရှိမရှိ ရှာကြည့်လိုက်တော့ Insider သတင်းဌာနက တင်ထားတဲ့ ဆောင်းပါးတစ်ပုဒ်မှာ တွေ့ခဲ့ရပါတယ်။ အဲဒီလိုဖြစ်ရင် အကောင်းဆုံးကတော့ စိတ်ကို အတည်ငြိမ်ဆုံးထားလိုက်တာပါပဲ။ စိတ်လှုပ်ရှားလာလေလေ ခံစားရတာ ပိုဆိုးလာလေလေပါပဲ။

READ
သရက်သီးစားခြင်း ဖြင့်ရလာမယ့် ကျန်းမာရေးအကျိုးကျေးဇူး(၇) မျိုး

ဆောင်းပါးထဲမှာတော့ အကောင်းဆုံးက အသက်ရှုသွင်း၊ ရှုထုတ်တဲ့ လေ့ကျင့်ခန်းကို တစ်နေ့သုံးကြိမ်လောက်အမြဲ ပုံမှန်လုပ်ပေးဖို့ပါပဲ။ ဒီနည်းလမ်းက ကျွန်တော်တို့ ဗုဒ္ဓဘာသာမှာဆိုရင်တော့ တရားထိုင်တာပေါ့။ တစ်နေ့ကို ၁၅ မိနစ် သုံးကြိမ်လောက် တရားထိုင်ကြည့်မယ်ဆိုရင်တော့ အကောင်းဆုံးပါပဲ။ ဒီနည်းလမ်းကိုတော့ ကျွန်တော် တော်တော် သဘောကျပါတယ်။ ဒီလိုလုပ်ပြီး နောက်ပိုင်း Agoraphobia ရောဂါ ဖြစ်တဲ့အချိန် အရင်ကထက် လျော့နည်းလာပါတယ်။ အဲဒီလို အသက်ရှုသွင်းရှုထုတ်လေ့ကျင့်ခန်းလုပ်ပြီးနောက်ပိုင်း ဖြစ်လားဆိုတော့ ဖြစ်ပါတယ်။ ဒါပေမယ့် ပထမဦးဆုံးဖြစ်ဖူးတဲ့အချိန်လောက် မဆိုးတော့ပဲ အဲဒီလိုရုတ်တရက် ဖြစ်လာရင်လည်း စိတ်ကတော့ တော်တော်လေးတည်ငြိမ်သွားတယ်လို့ ပဲ ပြောရပါမယ်။

Pyi Hein Kyaw

SHARE