မနက်ဖြန်ညမှာ တွေ့ရမယ့် ၂၀၁၉ ရဲ့ နောက်ဆုံး “Supermoon” ဖြစ်စဉ်

ကောင်းကင်ပေါ်က ထူးခြားဖြစ်စဉ်တွေကို စောင့်ကြည့်ရတာ နှစ်သက်သူတွေအတွက် မနက်ဖြန် မတ်လ ၂၀ ရက်နေ့ တပေါင်းလပြည့်နေ့ ညမှာ ၂၀၁၉ ခုနှစ်ရဲ့ နောက်ဆုံး Supermoon ဖြစ်ပေါ်မယ်လို့ သတင်းပါးချင်ပါတယ်။ ဒါဟာ ယခုနှစ်အတွက် ၃ ကြိမ်မြောက် Supermoon ထွက်ပေါ်ခြင်းလည်း ဖြစ်ပါတယ်။

မနက်ဖြန်ညပြီးရင်တော့ Supermoon က နောက်နှစ် ၂၀၂၀ မှာမှ ထပ်မံထွက်ပေါ်တော့မှာလည်း ဖြစ်ပါတယ်။Supermoon နဲ့ ပတ်သက်လို့ ရှင်းရှင်းလင်းလင်း သိချင်သူတွေအတွက် Supermoon အကြောင်း ဆက်ပြောပြချင်ပါသေးတယ်။

Shutterstock

လဟာ ကမ္ဘာကို ဘဲဥပုံသဏ္ဍာန်နဲ့ ပုံမှန်လည်ပတ်နေတာပါ။ ထို့အတွက် လည်ပတ်ရင်း ကမ္ဘာနဲ့ နီးလာတဲ့အခါတွေရှိသလို ဝေးသွားတဲ့အခါတွေလည်း ရှိပါတယ်။ ပျှမ်းမျှအနေနဲ့ဆိုရင် လနဲ့ ကမ္ဘာ အဝေးဆုံး အတိုင်းအတာက (၂၅၃,၀၀၀) မိုင် ဖြစ်ပြီး အနီးဆုံး အတိုင်းအတာကတော့ (၂၂၆,၀၀၀) မိုင် ဖြစ်ပါတယ်။ ဒါကြောင့် လဟာ ကမ္ဘာနဲ့ အနီးဆုံး ဖြစ်လာတဲ့အခါ လရဲ့ အရွယ်အစားက ပိုကြီးပုံလည်း ပေါ်လာပြီး ဒါကို စူပါမွန်းဖြစ်စဉ်လို့ ခေါ်တာပါ။

READ
ပက်ကျိအစိမ်းစား စိန်ခေါ်မှုပြုလုပ်ခဲ့တဲ့ အမျိုးသားရဲ့ ၀မ်းနည်းဖွယ် ဇာတ်သိမ်း
‘Super Blood Wolf Moon’ (Shutterstock)

ယခုနှစ်အတွင်းမှာတော့ ပထမဆုံး စူပါမွန်းက ဇန်နဝါရီလမှာ ထွက်ခဲ့ပြီး လိမ္မော်ရင့်ရောင် ရှိတဲ့အတွက် ‘Super Blood Wolf Moon’ လို့ အမည်ပေးခဲ့ပါတယ်။ ဒုတိယတစ်ကြိမ်ကတော့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၉ တုန်းကဖြစ်ပြီး ဖြူဖွေးဆွတ်နေခဲ့တဲ့ စူပါမွန်းဖြစ်တာကြောင့် ‘Super Snow Moon’ လို့ အမည်ရခဲ့ပါတယ်။ မနက်ဖြန်ညပြီးနောက် နောက်ထပ် စူပါမွန်းကိုတော့ ၂၀၂၀ ရဲ့ ဖေဖော်ဝါရီ ၉ ရက်နေ့ရောက်မှ တွေ့ရတော့မှာ ဖြစ်ပါတယ်။

‘Super Snow Moon’ (Shutterstock)

Ref: Lad Bible

SHARE