ဧရာမရေခဲချပ်ကြီးပေါ်မှာ တည်ဆောက်ထားတဲ့ ဒီဇိုင်းအဆန်းနဲ့ ရေပေါ်ဟိုတယ်

arcticbath.se

ရုတ်တရက်ကြည့်လိုက်တာနဲ့ ဟိုတယ်တစ်ခုလို့ လုံးဝ ထင်မှတ်စရာမရှိတဲ့ ဟိုတယ်တစ်ခုကို ဆွီဒင်နိုင်ငံမှာ ဖွင့်လှစ်ခဲ့ပါတယ်။ ဟိုတယ်ရဲ့ တည်နေရာက ရေခဲပြင်အလည်မှာတည်ရှိတာကြောင့်လည်း ဆွဲဆောင်မှုတစ်မျိုးနဲ့ ဖြစ်နေတဲ့ ဟိုတယ်ပါ။ ဟိုတယ်အခန်းတွေမှာလည်း သစ်သားတွေနဲ့ ဆောက်ထားတာကို တွေ့ရပါတယ်။ ဘေးနံဘေးဝန်းကျင်တစ်ခုလုံးကလည်း နှင်းတွေ၊ ရေခဲတွေနဲ့ ပြည့်နှက်နေတာမို့လို့လည်း ခံစားမှုပုံစံအသစ်တစ်မျိုးကိုလည်း ပေးစွမ်းနိုင်မယ့် ဟိုတယ်တစ်ခုပါ။

ဟိုတယ်နာမည်ကတော့ Arctic Bath လို့ အမည်ပေးထားပါတယ်။ ဟိုတယ်ရဲ့ ထူးခြားတဲ့ ဒီဇိုင်းကြောင့်လည်း  Arctic Bath ဟိုတယ်ဟာ တခြားဟိုတယ်တွေနဲ့ မတူဘဲ ခွဲထွက်နေပါတယ်။ Lule မြစ်ကို ကမ်းနံဘေးမှာ တည်ဆောက်ထားပြီး ပုံစံက စက်ဝိုင်းပုံ၊ သစ်သားစအချွန်အတတ်တွေနဲ့ မြင်တွေ့ရမှာပါ။

arcticbath.se
arcticbath.se

ရေခဲချပ်ကြီးရဲ့အလယ်မှာ ဆောက်ထားတဲ့ ဟိုတယ်မို့လို့ အရမ်းအေးခဲနေရမှာတော့ မပူရပါဘူး။ အပူလွှတ်ပေးတဲ့ စက်တွေလည်း တပ်ဆင်ထားပေးပြီး Spa တွေလည်း ပါဝင်နေဦးမှာပါ။ မြစ်ကမ်းနံဘေးမှာတော့ အခန်း ၁၂ ခန်းဆောက်ပေးထားပါတယ်။ အရွယ်အစားသေးငယ်တဲ့ အဆောက်အဦးပုံစံတွေကြောင့်မို့လည်း Minimalist ရဲ့ အရသာကို အပြည့်အဝခံစားနိုင်ဦးမှာပါ။ ရေခဲပြင်ကို ဦးတည်ထားတာကြောင့်လည်း မနက်နိုးလာတိုင်း ဆီးနှင်းတွေကျနေတဲ့  အေးခဲနေတဲ့ရေခဲပြင်ကြီးကိုလည်း ခံစားနိုင်ဦး အသေအချာပါပဲ။

ဟိုတယ်အဆောက်အဦး ပုံစံကို ဒီဇိုင်းဆွဲပေးခဲ့သူတွေကတော့ Bertil Harström နဲ့ Johan Kauppi ဆိုသူ နှစ်ယောက်ပါပဲ။ ဟိုတယ်ရဲ့ ဒီဇိုင်းဟာ  သဘာဝနဲ့ လူတွေ ဖန်တီးနိုင်တဲ့ အရာဝတ္ထုပုံစံကို ပေါင်းစည်းထားတဲ့ အနုပညာလက်ရာတစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။

arcticbath.se

ဟိုတယ်ရဲ့ ထူးခြားတဲ့ ဒီဇိုင်းအပြင်အဆင်ကို ၂၀၁၈ ခုနှစ်ကတည်းက စတင်မိတ်ဆက်ခဲ့တာဖြစ်ပြီး ယခုနှစ်မှ ဟိုတယ်ကို ဖွင့်လှစ်ခဲ့တာပါ။ ဖွင့်လှစ်ပြီးပြီးချင်းမှာပဲ ကမ္ဘာလှည့်ခရီးသွားတွေရဲ့ အာရုံစူးစိုက်မှုရရှိခဲ့တဲ့ ဟိုတယ်တစ်ခုဖြစ်ပါတယ်။

ဟိုတယ်ရဲ့ အမှုဆောင်အရာရှိချုပ်ဖြစ်သူ Peter Engströmကတော့ ဒီ ဟိုတယ်ကို ဆောက်လုပ်တဲ့ နေရာမှာ ဆွဲထားတဲ့ ဒီဇိုင်းနဲ့ တကယ်လက်တွေ့ဆောက်လုပ်ရာမှာ မလွယ်ကူခဲ့ကြောင်းကိုလည်း ပြောဆိုခဲ့ပါတယ်။ နည်းပညာဆိုင်ရာစိန်ခေါ်မှုတွေရဲ့ အကူအညီကို ရယူခဲ့ပြီး အခုလို ဆောက်လုပ်နိုင်ခဲ့ခြင်းဖြစ်တယ်လို့လည်းဆိုပါတယ်။

arcticbath.se
arcticbath.se

ဟိုတယ်ကို ဆောက်လုပ်ခဲ့ရာမှာ ဟိုတယ်ရဲ့ ရေထဲမှာ ရှိနေတဲ့ ပင်မ အဆောက်အဦကြီးကို အရင်ဆုံးဆောက်ခဲ့ပြီး နောက်မှ မြစ်ကမ်းနံဘေးနားက အခန်းငယ်တွေကို ဆောက်လုပ်ခဲ့ခြင်းပါ။

Now Arctic Bath ကို သွားရောက်မယ်ဆိုရင်တော့ ဆွီဒင်နိုင်ငံ၊ Luleå လေဆိပ်ကနေ တစ်နာရီခွဲလောက် ကားမောင်းသွားရင် ရောက်ရှိပါတယ်။

Ye Yint Kyaw

SHARE