တောင်ကိုရီးယားရုပ်ရှင်သရုပ်ဆောင် Jun Ji-hyun ဟာ ၂၀၀၁ခုနှစ်က စတင်ကာ My Sassy Girl ရုပ်ရှင်ဇာတ်ကားနဲ့ အနုပညာလောကထဲဝင်ရောက်ခဲ့ပါတယ်။ အခုထိလည်း ရုပ်ရှင်နဲ့ ရုပ်သံဇာတ်လမ်းတွဲပေါင်းများစွာတို့မှာ ပါဝင်သရုပ်ဆောင်လျက်ရှိကာ တောင်ကိုရီးယားရဲ့အနုပညာကြေးအမြင့်ဆုံးမင်းသမီးတွေထဲက တစ်လက်ဖြစ်ပါတယ်။ သူမဟာ The Legend of the Blue Sea ရုပ်သံဇာတ်လမ်းနဲ့ အရမ်းအောင်မြင်ခဲ့ပါတယ်။ အခုဆို သူမဟာ K-drama အတွက် episode တစ်ပိုင်းစာကို အနုပညာကြေး အမေရိကန်ဒေါ်လာ ၈၄,၀၀၀ တောင်းဆိုနေပြီဖြစ်ပါတယ်။
Jun Ji-hyun ဟာ သူငယ်ချင်းတစ်ဦးက သူမကို ဓာတ်ပုံဆရာတစ်ဦးနဲ့မိတ်ဆက်ပေးရာကနေ မော်ဒယ်ဖြစ်လာခဲ့တာပါ။ ပထမဆုံး Ecole မဂ္ဂဇင်းရဲ့ကာဗာမျက်နှာဖုံးမှာပါဝင်ခဲ့ပါတယ်။ ၂၀၀၁ခုနှစ်မှာတော့ ဟာသဇာတ်ကား My Sassy Girl နဲ့ တစ်ကမ္ဘာလုံးက ပရိသတ်တွေရဲ့အားပေးမှုကို ရရှိခဲ့ပါတယ်။
ရုပ်ရှင်မင်းသမီး၊ ကြော်ငြာမင်းသမီးအဖြစ် ခြောက်နှစ်ကြာပြီးနောက်မှာတော့ သူမဟာ သူမစုဆောင်းလာတဲ့ အနုပညာကြေးတွေကို အိမ်ခြံမြေဈေးကွက်မှာ စတင်ရင်းနှီးမြှုပ်နှံပါတယ်။ ၂၀၀၇ ခုနှစ် အောက်တိုဘာမှာတော့ ဆိုးလ်မြို့ Nonhyeon dong မှာ အမေရိကန်ဒေါ်လာ ၇.၁သန်းတန် ငါးထပ်တိုက်အဆောက်အဦးကိုဝယ်ခဲ့ပါတယ်။ ထို့နောက်မှာတော့ ဟောလီးဝုဒ်ကခေါ်ယူတဲ့အတွက် Blood: The Last Vampire ဇာတ်ကားမှာသရုပ်ဆောင်ခဲ့ကာ US Vogue မှာမဂ္ဂဇင်းကာဗာမျက်နှာဖုံး ပထမဆုံးရိုက်ကူးခွင့်ရတဲ့ တောင်ကိုရီးယားမင်းသမီးဖြစ်လာပါတယ်။
Next film is Blood – The Last Vampire (2009) which is a first time watch. pic.twitter.com/NE8XywjbJZ
— Andy Deen (@AndyDeen666) May 7, 2019
ဟောလီးဝုဒ်ကနေ ကိုရီးယားကိုပြန်လာခဲ့ပြီးတဲ့နောက် တောင်ကိုရီးယားရဲ့အကျိုးအမြတ်အများဆုံး ဇာတ်ကားတွေထဲကတစ်ကားဖြစ်တဲ့ The Thieves မှာပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ တဖန် သူမဟာ ရုပ်သံဇာတ်လမ်းတွဲစီးရီးတွေကိုပြန်လည်လက်ခံခဲ့ကာ စိတ်ကူးယဉ်အချစ်ဇာတ်လမ်းတွဲ My Love from the Star မှာ Kim Soo-hyun နဲ့အတူ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။
Kim Soo Hyun dan Jun Ji Hyun di The Thieves dan My Love From Another Star. /CC pic.twitter.com/h3Z0MKNie2
— KoreanDrama&Movie (@KDramaID) June 29, 2014
၂၀၁၃ခုနှစ်မှာတော့ သူမဟာ Inchon-dong က အမေရိကန်ဒေါ်လာ ၄.၈သန်းတန် နှစ်ထပ်အဆောက်အဦးကို ဝယ်ယူခဲ့ပြန်ပါတယ်။ ၂၀၁၄ ခုနှစ်မှာတော့ ဈေးကွက်တန်ဖိုးဒေါ်လာ ၁၄သန်းတန် အဆောက်အဦးကို Nonhyeon-dong မှာဝယ်ယူခဲ့ပြီး လေးလအကြာမှာ Samseong-dong က အမေရိကန်ဒေါ်လာ ၆.၂သန်းတန် Hyundai housing complex, ၂၀၁၅ ခုနှစ် မေလမှာတော့ ၄င်းဧရိယာနားမှာပဲ အမေရိကန်ဒေါ်လာ ၃.၆သန်းတန် နှစ်ထပ်အဆောက်အဦးကို ဝယ်ယူခဲ့ပါတယ်။ ၂၀၁၇ခုနှစ်မှာတော့ Gangnam မှာ အမေရိကန်ဒေါ်လာ ၂၈.၅သန်းရှိတဲ့ အဆောက်အဦးကြီးကို ဝယ်ယူခဲ့ပါတယ်။
Jun Ji-hyun ဟာအိမ်ခြံမြေလုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံမှုတွေပြလုပ်သလို ပရဟိတအဖွဲ့အစည်းတွေကိုလည်း လှူဒါန်းလျက်ရှိပါတယ်။ ၂၀၁၅ခုနှစ်မှာတော့ single mother တွေရဲ့ကလေးတွေအတွက် အမေရိကန်ဒေါ်လာ ၄၄၂၈၃၀ လှူဒါန်းခဲ့သလို အဲ့ဒီနှစ်မှာပဲ သူမရဲ့ Assassination ရုပ်ရှင်ဇာတ်ကားပေါက်လို့ဆိုပြီး ချို့တဲ့နွမ်းပါးတဲ့မိသားစုတွေကို ထမင်းဘူး ၅၀၀ လှူဒါန်းခဲ့ပါတယ်။
View this post on Instagram
သူမရဲ့ ၂၀၁၆ ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ The Legend of the Blue Sea ဟာဆိုရင် သူမအတွက် အောင်မြင်မှုများစွာရရှိခဲ့ပြီး အခွင့်အလမ်းပေါင်းများစွာကို ပွင့်စေခဲ့တာဖြစ်ပါတယ်။ The Legend of the Blue Sea ကိုတော့ Viu Myanmar App ကို Download လုပ်ယူပြီး ကြည့်ရှုနိုင်ပါတယ်။ MPT, Mytel နဲ့ Ooredoo User တွေဆိုရင်တော့ Viu Premium အထူးကြည့်ရှုခွင့်ကို လစဉ် ကြေး မလိုပဲ ကြည့်ရှုနိုင်ပါတယ်။ အာရှတစ်ခွင်က ရုပ်ရှင်နဲ့ ဇာတ်လမ်းတွဲပေါင်းများစွာကို ၁ဝဝ% မြန်မာစာတန်းထိုးနဲ့ Viu မှာ ကြည့်ရှုလို့ ရပါတယ်။ ဒါကြောင့် Viu app ကို ဒီနေရာမှာ ဒေါင်းလုဒ်ရယူလိုက်ပါ။
ShweMom