Victoria’s Secret ရဲ့ ပထမဆုံး တရုတ် စူပါမော်ဒယ် Liu Wen အကြောင်း

Liu Wen ဆိုတဲ့ အမျိုးသမီးဟာ နေရာတော်တော်များများရဲ့ ပထမဆုံးဆိုတဲ့ နေရာမှာ ရှိနေသူဖြစ်ပါတယ်။ Victoria Secret ရဲ့ ပထမဆုံး အရှေ့အာရှမော်ဒယ်၊ အမေရိကန် Vogue မဂ္ဂဇင်း ကာဗာရဲ့ ပထမဆုံး တရုတ်အမျိုးသမီး မျက်နှာဖုံးရှင်၊ Forbes မဂ္ဂဇင်းရဲ့ အနုပညာကြေး အမြင့်ဆုံး မော်ဒယ်စာရင်းမှာ ထည့်သွင်းဖော်ပြခံရတဲ့ ပထမဆုံး အာရှသူဖြစ်တယ်။

BI

ဖက်ရှင်လုပ်ငန်းတွေဟာ တရုတ်ဈေးကွက်ပေါ် စူးစိုက်လာတာကြောင့် Liu အောင်မြင်လာတယ်လို့ မှတ်ယူနိုင်သလို၊ သူမ ကိုယ်တိုင်လည်း အရူးအမူး ကြိုးစားတာကြောင့်လည်း ဖြစ်တယ်။ အခုဆို နယူးယောက်နဲ့ ဘေဂျင်း အခြေစိုက် မော်ဒယ်အဖြစ် ရပ်တည်ပြီး သူမနဲ့ အင်တာဗျူးတစ်ချို့ကိုလည်း ဖော်ပြပေးလိုက်ပါတယ်။

BI

Liu ကို တရုတ်နိုင်ငံတောင်ပိုင်း Yongzhou မြို့မှာမွေးခဲ့ပါတယ်။ အရွယ်ရောက်လာတဲ့အခါ အရပ်မြင့်က (၅) ပေ (၁၀) လက်မထိ မြင့်လာကာ အတန်းဖော်တွေထဲမှာ ကလန်ကလားဖြစ်နေခဲ့တယ်။ “သူများတွေနဲ့ စကားပြောတဲ့ အခါမှာ ခါးကို ညွတ်ပြီး ပြောတဲ့ အကျင့်ပါရလာတယ်၊ မသိရင် ခါးကိုင်းနေတဲ့အတိုင်းပဲလို့” သူမက (၂၀၁၄) တုန်းက အင်တာဗျူးတစ်ခုမှာ ပြောခဲ့ပါတယ်။

BI

အစပိုင်းမှာ သူမဟာ မော်ဒယ်လုပ်ဖို့ အစီအစဉ်မရှိဘူး။  အသက် (၁၇) နှစ်ဝန်ကျင်းမှာ ကွန်ပျူတာအသစ်တစ်လုံးလိုချင်လို့  မော်ဒယ်ပြိုင်ပွဲဝင်ပြိုင်တာ ပထမရခဲ့တယ်။ အဲ့ဒီ့နောက်မှာတော့ မော်ဒယ်လောကထဲကို ၀င်ရောက်ခဲ့တယ်။ ‘အဲ့ဒီတုန်းက ဘာဖြစ်ချင်လဲဆိုတာ အသေအချာမသိဘူး၊ ကမ္ဘာပတ်နိုင်တဲ့ အလုပ်တစ်ခုခုကိုပဲ လုပ်ချင်ခဲ့တာ” လို့ Business Insider ကိုပြောပြပါတယ်။

BI

မိဘတွေကလည်း အားပေးတယ်။ “ ဒါက ကျွန်မရဲ့ ကိုယ်ပိုင် ယုံကြည်မှုနဲ့ ကိုယ်နေဟန်ထားကို မြှင့်တင်ပေးနိုင်မယ်လို့ သူတို့တွေးခဲ့ကြတယ်” လို့ BI ကိုပြောပါတယ်။

မော်ဒယ်ပြိုင်ပွဲမှာ ဆုရခဲ့တာကြောင့် သူငယ်ချင်းတွေအားလုံး ပါးစပ်အဟောင်းသားဖြစ်ခဲ့ကြရတယ်။ “ မြို့က လူတွေက ကျွန်မကို လှတယ်လို့ မပြောသလောက်ပဲ၊ ဘာကြောင့်လဲဆိုတော့ မျက်ပေါက်ကျဉ်းကျဉ်းနဲ့ ကျွန်မက သူတို့ သိပ်သဘောကျတဲ့ တီဗီ မင်းသမီးတွေရဲ့ မျက်လုံးနဲ့ တခြားစီဖြစ်နေတယ်” ဆိုပြီး (၂၀၁၄) ခုနှစ်တုန်းက ရေးခဲ့ပါတယ်။

READ
အမျိုးသားတွေသင့်ကိုစိတ်ဝင်စားရင် ဖြစ်တတ်တဲ့လက္ခဏာရပ်များ
BI

မော်ဒယ်အလုပ်ကို အသက်မွေးအလုပ်အဖြစ် လုပ်ဖို့ ဘေဂျင်းကို ပြောင်းလာခဲ့တယ်။ အဲ့ဒီနှစ်မှာပဲ သူမရဲ့ ပထမဆုံး အင်တာနေရှင်နယ် ဖက်ရှင်ရှိုးလို့ပြောနိုင်တဲ့ မီလန်မြို့မှာ လုပ်မယ့် Burberry Show အတွက် အရွေးခံခဲ့ရတယ်။ “အင်္ဂလိပ်စကား မတတ်တဲ့အတွက်ကြောင့် ကျွန်မဘာဆို ဘာမှ နားမလည်ဘူး။ သီချင်းတွေကို နားထောင်ပြီး ခံစားမှုတွေနောက်ကို လိုက်ခံရုံပါ” လို့ CNN နဲ့ အင်တာဗျူးမှာ ဖြေခဲ့တယ်။ သူမရဲ့ ပထမဆုံးရှိုး ဗီဒီယိုကို အောက်မှာကြည့်နိုင်ပါတယ်။

တစ်နှစ်ကြာပြီးနောက်မှာတော့ Victoria’s Secret ရဲ့ ပထမဆုံး အာရှမော်ဒယ်ဖြစ်လာခဲ့တယ်။ Miranda Kerr တို့ Heidi Klum တို့နဲ့ တစ်တန်းတည်း လျှောက်ခဲ့ရတယ်။

BI
Twitter

(၂၀၁၇) မှာ အမေရိကန် Vogue မဂ္ဂဇင်းကာဗာမှာ တခြားနာမည်ကြီးတွေနဲ့ အတူ ဖော်ပြခံရတဲ့ ပထမဆုံး တရုတ်မော်ဒယ်ဖြစ်ခဲ့တယ်။ (၂၀၁၃) ဇန်န၀ါရီမှာ ထုတ်ဝေခဲ့တဲ့ Vogue Italia ရဲ့ မျက်နှာဖုံးရှင်အဖြစ် ဖော်ပြခဲ့ရတဲ့ ပထမဆုံး တရုတ်မော်ဒယ်ဖြစ်လာတယ်။

Twitter

(၂၀၁၃) ခုနှစ်ရဲ့ ကြေးအမြင့်ဆုံး မော်ဒယ်တစ်ယောက်အဖြစ် Forbes မဂ္ဂဇင်းရဲ့ ဖော်ပြခြင်းခံရတယ်။ အဲ့ဒီအချိန်မှာ ဒေါ်လာ (၄.၃) မီလီယံ ( ယူရို (၂.၇၅) မီလီယံ) ရှာဖွေထားနိုင်ပြီဖြစ်တယ်။ စာရင်းထဲက ပထမဆုံး အာရှ မော်ဒယ်ဖြစ်တယ်။ အဲ့ကတည်းက စာရင်းထဲ ၀င်နေခဲ့တာ အခုထိပါပဲ။ မနှစ်က စာရင်းမှာတော့ နံပါတ် (၈) နေရာမှာ ချိတ်ခဲ့တယ်။ ဒေါ်လာ (၆.၅) မီလီယံ ရှာနိုင်ပြီးချိန်မှာ Liu ဟာ Bella Hadid ထက် ဒေါ်လာ (၅) သိန်းပိုများနေပါတယ်။

READ
(၂၀၁၇)မှာ ရေပန်းစားလာမယ့် ဆံပင်စတိုင်များ
BI

အနောက်တိုင်း ဖက်ရှင် Brand တွေကလည်း Liu ရဲ့ အောင်မြင်မှု အားနဲ့ အခုဆို တရုတ်မှာ ခြေကုပ်ယူဖို့ မျှော်လင့်နေကြတယ်။ အင်တာနေရှင်နယ် မော်ဒယ်ဖြစ်တာနဲ့အညီ Cannes ကနေ New York၊ New York ကနေ Milan ကူးလူးသွားလာနေရပြီဖြစ်တယ်။ တချို့ အလုပ်တွေအတွက်တော့ တရုတ်နိုင်ငံကို ပြန်လာတတ်တယ်။ အချိန်တော်တော်များမှာ လေယာဉ်ပေါ်မှာ ရှိနေပြီး အလုပ်အတွက် သွားလာနေရတယ်။

BI

Liu ရဲ့ သူငယ်ချင်းတွေဆိုလည်း နာမည်ကျော်တွေချည့်ပါပဲ။ တင်းနစ် အကျော်အမော် ဖက်ဒဲရာနဲ့ မိတ်ဆွေတွေဖြစ်တယ်။

Instagram

 

အခွင့်အရေးရှိမယ်ဆိုရင် နောက်ထပ် အသစ်အသစ်သော အရာတွေကိုလည်း ကြိုးစားကြည့်ချင်ပါသေးတဲ့။ သရုပ်ဆောင် ဒါမဟုတ် အနုပညာနဲပတ်သက်တာ တစ်ခုခုပါ။ ဒါပေမယ့် ဖက်ရှင်ကိုတော့ လုံးဝစွန့်လွှတ်မှာ မဟုတ်ပါဘူး။ ဒီလောကရဲ့ ဖန်တီးမှုတွေ၊ ဆန်းသစ်ပြောင်းလဲမှုတွေကို သိပ်မြတ်နိုးလို့ပါလို့ပြောကြားခဲ့ပါတယ်။

BI

Source: CNN, BBC, Forbes

Matthew (Shwemom)

 

 

 

 

SHARE