မွန်းကျပ်စရာကောင်းတဲ့ အတိတ်ဆိုးကြီးကနေ ရုန်းထွက်ပြီး နည်းပညာရှင်ဖြစ်လာတဲ့ အမျိုးသမီး

[email protected]/Youtube

ဒီဘက်ခေတ်က အမျိုးသမီးတော်တော်များများဟာ အမျိုးသားတွေတန်းတူ အလုပ်လုပ်လာနိုင်ပြီ ဖြစ်သလို တစ်ချို့အမျိုးသမီးတွေဟာဆိုရင် အမျိုးသားတွေ မလုပ်နိုင်တဲ့ အလုပ်မျိုးတွေတောင် လုပ်နေပြီပဲ ဖြစ်ပါတယ်။ အခုပြောပြချင်တဲ့ အမျိုးသမီးတစ်ယောက်ကတော့ တစ်ချိန်တုန်းက လူကြီးကားရုပ်ရှင်လောကမှာ ထင်ရှားတဲ့ အမျိုးသမီးတစ်ယောက်ဖြစ်ပါတယ်။ အခြေအနေအကြောင်းကြောင့် အဲဒီလို အပြာမင်းသမီးတစ်ယောက်ဖြစ်ခဲ့ပေမယ့် အခုအချိန်မှာတော့ လူသိများပြီး ကမ္ဘာကျော်နည်းပညာ ကုမ္ပဏီကြီးတွေက တော်တော်လေး လိုချင်နေတဲ့ နည်းပညာရှင် အမျိုးသမီးတစ်ယောက် ဖြစ်နေပြီဖြစ်ကြောင်း Asia One သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

[email protected]

အဆိုပါ အမျိုးသမီးကတော့ အသက် ၄၇ နှစ် ရှိပြီဖြစ်တဲ့ Grace Quek အမည်ရ နည်းပညာရှင် စင်ကာပူ အမျိုးသမီးတစ်ယောက်ပဲ ဖြစ်ပါတယ်။ Grace ဟာ အသက် ၂၂ နှစ်အရွယ်တုန်းက သူမဘဝရဲ့ အခြေအနေကြောင့် အပြာကားရိုက်တဲ့ ရုပ်ရှင်လောကထဲ ဝင်ရောက်ခဲ့ပြီး Annabel Chong အမည်နဲ့ နာမည်ကြီး အပြာမင်းသမီးတစ်ယောက် ဖြစ်ခဲ့ပါတယ်။ အမျိုးသားပေါင်း ၇၀ နဲ့ လူကြီးကားရိုက်ပြီးတဲ့ အခါမှာတော့ ငွေကြေးအတော်အတန်စုဆောင်းနိုင်ခဲ့တဲ့ Grace ဟာ အဆိုပါလောကကို ယတိပြတ် ကျောခိုင်းထွက်ခဲ့ပါတယ်။

READ
သူဌေးဖြစ်မယ့် ပျင်းရိဖွယ်ကောင်းတဲ့အလုပ်မှ ထွက်ခဲ့ပြီး ဆာတေးရောင်းနေသူ
[email protected]

အဲဒီနောက်မှာတော့ Grace ဟာ HTML, CSS, JavaScript အစရှိတဲ့ နည်းပညာဘာသာရပ်တွေကို လေ့လာလိုက်စားပြီး ထူးချွန်တဲ့ နည်းပညာရှင်အမျိုးသမီးတစ်ယောက်ဖြစ်အောင် တောက်လျှောက်ကြိုးစားခဲ့ပါတယ်။ ဒီလိုနဲ့ ကုမ္ပဏီတွေမှာ အလုပ်ဝင်လျှောက်တော့လည်း ကုမ္ပဏီတော်တော်များများဟာ သူမရဲ့ နောက်ကြောင်းကို အပြစ်တစ်ခုလို မြင်ကာ အလုပ်မခန့်ခဲ့ပါဘူး။

“အဲဒီအချိန်တွေက ကျွန်မအတွက် အဆိုးဝါးဆုံး အချိန်တွေပါပဲ။ ဒါပေမယ့် ကျွန်မလုံးဝ လက်မလျှော့ခဲ့ပါဘူး။ ဒီလိုနဲ့ ကိုယ့်ကို အလုပ်လာအပ်တဲ့ လူတွေကို စေတနာထားပြီး အကောင်းဆုံး လပ်ြပေးခဲ့တာတွေကြောင့် နည်းပညာနယ်ပယ်မှာ ကျွန်မကို တော်တော်လေး လူသိများလာခဲ့ပါတယ်။ ကျွန်မဘဝရဲ့ အကောင်းဆုံး အချိန်တွေကတော့ တစ်နာရီကို အမေရိကန်ဒေါ်လာ ၈၀၀ ပေးပြီး coding လုပ်ရတဲ့ အချိန်တွေပါပဲ။ ခန္ဓာကိုယ်(ကာယ)ရင်းပြီးရတဲ့ ဝင်ငွေထက် ဥာဏရင်းပြီး ရတဲ့ ဝင်ငွေကို ကျွန်မ တန်ဖိုး ထားတတ်လာပါတယ်။ နောက်ဆုံးမှာတော့ Sony ကုမ္ပဏီက ကျွန်မကို Senior Fronter Enginner ရာထူးနဲ့ သူတို့ဆီမှာ အလုပ်လုပ်ဖို့ ကမ်းလှမ်းလာခဲ့ပါတယ်”လို့ Grace က ပြောကြားခဲ့ပါတယ်။

READ
eSports လောကမှ ကမ္ဘာ့အချမ်းသာဆုံး ပလေယာ (၅) ယောက်

 

Pyi Hein Kyaw

SHARE