သားကို ဆရာဝန်ဖြစ်အောင်ထိ ပျိုးထောင်ပေးခဲ့တဲ့ ဒေါင်းဝေဒနာရှင် ဖခင်ရဲ့မေတ္တာ

Facebook/Sader Issa

ဆီးရီးယားမှာ သွားဆေးတက္ကသိုလ်တက်နေတဲ့ Sader Issa ဆိုတဲ့ကောင်လေးဟာ Down Syndrome (ဥာဏ်ရည်မမှီရောဂါသည်)ဖခင်ရဲ့  အနစ်နာခံမေတ္တာကြီးမားပုံဇာတ်ကြောင်းကို ဝေမျှလိုက်ရာ နားထောင်ရသူတွေအဖို့ မျက်ရည်ဝဲကြည်နူးစရာဖြစ်ခဲ့ရပါတယ်။

ဆေးကျောင်းသားတစ်ယောက်ဖြစ်လာတဲ့ Saderက ဖခင်ဟာ Down ဝေဒနာရှင်ဆိုပေမယ့် မိဘတစ်ယောက်ရဲ့ချစ်ခြင်းမေတ္တာတစ်စက်မှလျော့မသွားခဲ့ဘဲ သူကလေးဘ၀ကတည်းက တခြားကလေးတွေလို မျက်နှာတစ်ချက်မငယ်ရအောင် အကောင်းဆုံးမေတ္တာအကောင်းဆုံး စောင့်ရှောက်မှုတွေပေးခဲ့သူတစ်ယောက်ပါ။ တစ်ကိုယ်ကောင်းဆန်စိတ်မရှိတဲ့ သူ့ဘ၀ရဲ့သူရဲကောင်းတစ်ယောက်ပါလို့ဆိုတဲ့အကြောင်း အခုလိုပြောပြခဲ့ပါတယ်။ 

Youtube/SSSD
Youtube/SSSD
Youtube/SSSD

Down ဖခင်တစ်ယောက်နဲ့အတူနေရတဲ့အကြောင်းပြောဖို့ လူတစ်ချို့အတွက် ခက်ခဲချင်ခက်ခဲပါလိမ့်မယ်။ ဒါပေမယ့်ကျွန်တော့်အတွက်တော့ ရှက်ကြောက်စိတ်လုံးဝမရှိခဲ့ပါဘူး။ 

ယနေ့အချိန်ထိ သူဟာတန်ဖိုးရှိတဲ့ လူတစ်ယောက်ဖြစ်ခဲ့လို့ ဂုဏ်ယူခဲ့ရတယ်၊ ကျွန်တော်တို့သားအဖ ဆက်ဆံရေးကလည်း တစ်ခြားလူ မနာလိုစရာကောင်းလောက် အောင် နွေးထွေးခဲ့ကြတယ်လို့ဆိုပါတယ်။

Posted by Sader Issa on Saturday, June 15, 2019

Jad ဟာ  Down ဝေဒနာရှင်တစ်ယောက်ဖြစ်ပေမယ့်လို့ သားဖြစ်သူလိုအပ်တဲ့အချိန်လည်း ဘ၀တစ်လျှောက်လုံးအကောင်းဆုံးထောက်ပံ့ပေးခဲ့သလို၊  မိသားစုအပေါ် တာဝန်ကျေပွန်ခဲ့သူတစ်ယောက်ပါ။ သားဖြစ်သူကိုဆေးကျောင်းသားတစ်ယောက်ဖြစ်အောင်ထိ ပံ့ပိုးပေးနိုင်ခဲ့တယ်ဆိုတာကို ကြည့်ပြီး သင်လည်းသိနိုင်မှာပါ။ ဒါဟာ ပုံမှန်လူတွေအတွက်တောင် လွယ်ကူတဲ့အရာမဟုတ်ပေဘူးလေ။ မိဘတွေရဲ့ပီတိ အတိုင်း သူ့သားက ဆရာဝန် ဆိုပြီး လူတွေကို မကြာခဏ ဂုဏ်ယူပြောတတ်ပါသေးတယ်။ ပုံတွေကိုကြည့်ကြည့်ပါ။ ပျော်ရွှင်မှုနဲ့ပီတိပြည့်နေတဲ့ ခံစားချက်တွေ Jad မျက်လုံးမှာ တွေ့မြင်ရမှာပါ။

ကျွန်တော်ဟာ Down ဝေဒနာရှင်တစ်ယောက်ပါ ။ ဒါပေမယ့် ဒီကောင်လေး အတွက် ဖြည့်ဆည်းပေးဖို့ ကျွန်တော့်မှာ အားအင်တွေအပြည့်ရှိပါတယ်၊ အခုဆို ဒီကောင်လေး ဆရာဝန်တစ်ယောက်ဖြစ်လာတော့မယ်လို့ ပီတိအပြည့်ပြောဆိုခဲ့တာကိုကြည့်ပြီး ဖခင်မေတ္တာကို အတိုင်းသားတွေ့မြင်ရပါတယ်။

READ
ဆိုင်ကိုလာတဲ့ မသန်စွမ်းအမျိုးသမီးရဲ့ အပြုအမူကြောင့် အံ့အားသင့်ခဲ့ရတဲ့ ဆိုင်ရှင်
Facebook/Sader Issa

Down Syndromeရောဂါသည်တွေနဲ့ပတ်သက်လို့ သုတေသီတွေရဲ့လေ့လာတွေ့ရှိချက်အရ၊ သူတို့ဟာ စိတ်နေသဘောထားနွေးထွေးတတ်ကြပြီး၊ သားသမီးရလာတဲ့အခါ သူ့တို့ဘ၀ရဲ့အမြင်တွေဟာ အကောင်းမြင်စိတ်ပိုရှိလာကာ အခက်အခဲတွေကို ရင်ဆိုင်နိုင်တဲ့သတ္တိတွေရှိလာကြပါတယ်။ နောက်ပြီး သားသမီးကို ပျိုးထောင်ပေးရတာဟာ သူတို့ရဲ့ပျော်ရွှင်မှုဖြစ်လာတယ်လို့ သိရပါတယ်။

Khaing

SHARE