ကြောင်ပိုင်ရှင်တွေကလွဲလို့ တခြားသူတွေ နားလည်မှာမဟုတ်တဲ့ အခြေအနေများ

© amr_attiia / twitter © bree613 / reddit

ကြောင်မွေးထားသူတွေရဲ့ ဘ၀မှာ ပျင်းချိန်ရယ်လို့ မရှိပါဘူး။ ခြေလေးချောင်းရှိကြတဲ့ သတ္တ၀ါလေးဟာ သခင်တွေကို မနက်အစောကြီး နိုးတတ်သလို သခင်စားသောက်သမျှ အစားအစာတိုင်းကိုလည်း သူ့အကြိုက်သာ ဖြစ်မယ်ဆိုရင် မိုက်ကြေး ခွဲတတ်ပါတယ်။ နင်းကန်စားသောက်ပြီး ၀ဖြီးလာတတ်ကြပါတယ်။ ကြောင်လေးတွေဟာ သူတို့ရဲ့ ဥာဏ်ရည်ဥာဏ်သွေး၊ ရယ်စရာကောင်းလှတဲ့ အပြုအမူတွေနဲ့ လူတွေကို မရိုးနိုင်အောင် ဖျော်ဖြေတတ်ကြပါတယ်။ သူတို့လေးတွေ ဘယ်လောက်ပဲဆိုးပါစေ၊ အချိန်တန်တော့ ချစ်တဲ့စိတ်နဲ့ ခွင့်လွှတ်ပေးရတာလည်း သခင်တွေပါပဲ။ အခုအခါမှာတော့ brightside ကနေတွေ့မြင်ရတဲ့ ကြောင်ပိုင်ရှင်တွေသာ နားလည်နိုင်မယ့် ချစ်စဖွယ်ကြောင်လေးတွေရဲ့ အမူအရာလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

အိပ်ချင်မူးတူးနဲ့ အနှိုးခံရတဲ့ ရုပ်လေးကို ကြည့်ပါဦး…

© eliterenno / twitter

အကုတ်ခံရပေမယ့် ချစ်နေဆဲဖြစ်တဲ့အခါ….

© amr_attiia / twitter

လူမရှိတုန်း သူမွှေနေတာ…

© cox_tom / twitter

မနက်တိုင်း (၄း၃၀) မှာ ဂီတာတီးနှိုးတဲ့ သူရဲကောင်းလေး

 

ကြောင်ပျောက်သွားပြီလို့ ထင်နေပေမယ့်လည်း ကိုယ့်ကြောင်က အိမ်ထဲမှာ အေးဆေးရှိနေတဲ့အခါ…

© bree613 / reddit

ဘယ်ဘက်မှာ ထိုင်သင့်လဲ…

© KaterinkaR / pikabu

မနက်(၄) နာရီဆို ရေချိုးခန်းထဲဝင်ပြီး အသံကျင့်တတ်တဲ့ ကောင်လေး

© rachybabi / reddit

အပြင်မှာ ကူရှင်လေးပေါ်ထိုင်ပြီး အကျအနစာဖတ်မယ်လို့ စိတ်ကူးထားကာမှ အထဲကို စာအုပ်ဝင်ယူပြီး ပြန်ထွက်လာတော့…

© kumanosuke / reddit

ကိုယ်တောင် မစားရသေးဘူး… သူတို့က တောင်းနေပြီ….

© ColeTheBlackCat / twitter

ညလယ်ခေါင် လူအိပ်မောကျချိန်မှ မျက်နှာပေါ်ခုန်ချတတ်တဲ့ လူဆိုးးး

© pauldfleck / reddit

လင်းလင်း (ShweMom)

SHARE